Friday, June 28, 2019

စီးပွားရေးမပြေလည်သော်လည်း သားသမီးများကို ကျောင်းထားပေးရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

 စီးပွားရေးအဆင်မပြေ သော်လည်း သား၊ သမီးများကို ကျောင်းထားပေးရန် ဒေါ်အောင် ဆန်းစုကြည်က တိုက်တွန်းပြော ကြားသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သည် ဇွန်လ ၂၇ ရက်နံနက်တွင် ဆံရစ်ဝိုင်း  ကလေးငယ်များရှိ သည့် မကွေးတိုင်း ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာသို့ လာ ရောက်၍ ဒေသခံများနှင့်တွေ့ဆုံ ခဲ့သည်။ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဒေသခံပြည်သူများအား နှုတ်ခွန်းဆက်စကားပြောကြားပြီး နောက် ကျေးရွာ၏ ပညာရေး၊ ကျန်းမာရေးနှင့်ဒေသဖွံ့ဖြိုးရေး အခြေအနေများကို မေးမြန်းအကြံ ပြုသည်။



‘‘ကျွန်မ ကြားသိရသ လောက် ဒီရွာမှ ကလေးငယ်အ များစုက လေးတန်းအောင်ရင် ကျောင်းမတက်ကြတော့ဘဲ ထွက်သွားကြတာများတယ်လို့သိ ရတယ်။ အဲဒါဘာကြောင့်လဲလို့ သိချင်ပါတယ်’’ ဟု ဒေါ်အောင် ဆန်းစုကြည်က မေးမြန်းသည်။

ယင်းမေးခွန်းနှင့်ပတ်သက် ၍ သက်ဆိုင်သည့်ကျောင်းဆရာမ တစ်ဦးက ဖြေကြားရာ ကျေးရွာ တွင် ယခင်ကကျောင်းအနေနှင့် မူလွန်အဆင့်သာရှိသဖြင့် အ လယ်တန်းကျောင်းတက်ရန် အ ခြားကျေးရွာများသို့ သွားရခြင်း၊ မိဘများ၏ စီးပွားရေးအခြေအ နေမကောင်းခြင်းကြောင့်ကျောင်း ဆက်မထားနိုင်ကြကြောင်း၊ ယခု အခါ အလယ်တန်းအဆင့်အထိ တိုးမြှင့်ဖွင့်လှစ်သော်လည်း မိဘ များ၏ စီးပွားရေးမကောင်းခြင်း ကြောင့် ကလေးများလေးတန်း အောင်လျှင် မိဘ၏လုပ်ငန်းခွင် သို့ ၀င်ရောက်လုပ်ကိုင်နေရခြင်း က အဓိကအချက်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

မကွေးတိုင်းဒေသကြီးအစိုး ရအနေဖြင့် ပညာရေးနှင့်ပတ် သက်၍ ကျောင်းဆောင်သစ်များ တိုးချဲ့ဆောက်လုပ်ခြင်းနှင့် က လေးများ ပညာသင်ကြားခွင့်ရရေး ဆောင်ရွက်နေသကဲ့သို့ အလှူ ရှင်များ၏ ကူညီထောက်ပံ့မှုများ နှင့်လည်း ပညာရေးနှင့်ကျေးရွာဖွံ့ ဖြိုးရေးများ ဆောင်ရွက်နေ ကြောင်း တိုင်းဝန်ကြီးချုပ်ဒေါက် တာအောင်မိုးညိုက ပြောသည်။

‘‘အစိုးရအနေနဲ့လည်း ပညာ ရေးကို မြှင့်တင်နေပါတယ်။ ကျွန် မတို့ကလေးတွေ ပညာသင်ခွင့် မရရင် နိုင်ငံအတွက်လည်းအများ ကြီးနစ်နာပါတယ်။ စီးပွားရေး အဆင်မပြေသော်လည်း သား၊သ မီးတွေကို ကျောင်းထားပေးဖို့ကို တော့ တိုက်တွန်းချင်ပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။

ထို့နောက် ကျေးရွာ၏ကျန်း မာရေးအခြေအနေများကို ဒေါ် အောင်ဆန်းစုကြည်က မေးမြန်း ပြီး သက်ဆိုင်သည့်တိုင်းပြည်သူ့ ကျန်းမာရေးဦးစီးဌာန တာဝန်ရှိ သူက ကျေးရွာကျန်းမာရေးစောင့် ရှောက်မှုအခြေအနေများကို ရှင်း လင်းပြောကြားသည်။

နိုင်ငံဖွံ့ဖြိုးရေး အစိုးရက ဆောင်ရွက်နေပြီး ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် ပြည်သူများ ပေးဆောင်သည့်အခွန်ဖြင့် လုပ် ဆောင်ရခြင်းဖြစ်သဖြင့်ပြည်သူ များက အခွန်ဆောင်ရန်လိုအပ်သ လို ယင်းအခွန်များဖြင့် နိုင်ငံဖွံ့ဖြိုး ရေး လိုအပ်သည့်ဒေသများအား တစ်ပြေးညီဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ဒေါ် အောင်ဆန်းစုကြည်က ပြောကြား သည်။ ဒေါ်အောင်ဆန်းစုကြည် သည် မင်းဘူးမြို့နယ်တွင်တည် ဆောက်ထားသည့် ဆိုလာလျှပ် စစ်ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲသို့ တက်ရောက်ခဲ့သည်။

No comments:

Post a Comment