Friday, June 28, 2019

နီပေါနိုင်ငံသားတစ်ဦး အပါအ၀င် လူခြောက်ဦးကို မူးယစ်မှုဖြင့် ဖမ်းဆီး

နီပေါနိုင်ငံသား တစ်ဦးအပါအဝင် ရန်ကုန်မှ ဟောင်ကောင်သို့ မူးယစ်ဆေးဝါးများ ပို့ဆောင်ရန် စီစဉ်ခိုင်းစေသူနှင့် သယ်ဆောင်သူ စုစုပေါင်း ခြောက်ဦး ဖမ်းဆီးရမိကြောင်း ဇွန်လ ၂၇ ရက်တွင် ပြည်ထဲရေးဝန်ကြီး ဌာနက ထုတ်ပြန်သည်။ မန္တလေးတိုင်း ဝမ်းတွင်းမြို့ နယ်နေ အသက်(၂၅)နှစ်ရှိ ဝင်းသူနိုင်ဆိုသူသည် ဇွန်လ ၂၃ ရက် နံနက် ၁ နာရီခွဲတွင် ရန်ကုန်လေဆိပ်မှ ဟောင်ကောင်သို့ ထွက်ခွာရန် ခရီးဆောင်အိတ်ကို X-Ray စက်ဖြင့် ဖြတ်သန်းစစ်ဆေးစဉ် ၎င်းအိတ်အတွင်းမှ ဘိန်းဖြူဂရမ်၂,၀၀၀ စစ်ဆေးတွေ့ရှိခဲ့သည်။



ဝင်းသူနိုင်သည် သူငယ်ချင်းတစ်ဦး၏ မိတ်ဆက်ပေးမှုဖြင့် ခင်မင်ရင်းနှီးခဲ့သော အမျိုးသားတစ် ဦးက ဘိန်းဖြူများကို ဟောင် ကောင်သို့ ပို့ဆောင်ခိုင်းခြင်းဖြစ် ကြောင်း စခန်း၌ ထွက်ဆိုသည်။

အဆိုပါ စေခိုင်းသူ အမျိုးသားတည်းခိုနေထိုင်သည့် မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာ အိမ်ရာဝင်းအတွင်းအိမ်သို့ ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေစစ်ဆေးရာ ယင်းအိမ်အတွင်းမှ အိုက်စ်ဂရမ် ၁,၈၀၀ နှင့်အတူ တရားခံကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲမှတ်တမ်းက ဆိုသည်။

ဆက်လက်၍ သိမ်းဆည်းရ

မိသည့် ပတ်ပို့စ်စာအုပ်များမှ တစ်ဆင့် ကွင်းဆက်တရားခံများကို ထပ်မံဖော်ထုတ်ရာ ဗဟန်းမြို့နယ်ဟိုတယ်တစ်ခုတွင် တည်းခိုနေသည့် အမျိုးသမီး နှစ်ဦးထံမှ အိုက်စ် ၀ ဒသမ ၄ ဂရမ်၊ ကတ်တမင်းအမှုန့် ငါးဂရမ်နှင့်အတူ ဖမ်းဆီးရမိသည်။

မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းချရန်  ခိုင်းစေသူသည် မြန်မာနိုင်ငံသို့ ခေတ္တလာရောက်သည့် အသက် (၃၇)နှစ်ရှိ နီပေါနိုင်ငံသား တစ်ဦးဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သည်။ ၎င်းနီပေါနိုင်ငံသားကို ဗဟန်းမြို့နယ်ရှိ ဟိုတယ်အတွင်းမှ ဖမ်းဆီးရမိ ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန် သည်။ နီပေါနိုင်ငံသား စေခိုင်း သဖြင့် ဝင်းသူနိုင်ကို ခိုင်းစေခဲ့သည့် အမျိုးသားသည် ဟောင်ကောင်သို့ ထွက်ခွာသွားပြီးနောက်ဇွန်လ၂၅ ရက်၌ ရန်ကုန်လေဆိပ် သို့ ပြန်လည်ဝင်ရောက်စဉ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

၎င်းတို့သည် အချင်းချင်းချိတ်ဆက်၍ မူးယစ်ဆေးဝါးများ ကို တာချီလိတ်မှတစ်ဆင့် ဝယ်ယူပြီး ရန်ကုန်သို့ သယ်ဆောင်ကာ ရန်ကုန်မှတစ်ဆင့် ဟောင်ကောင်သို့ပို့ရန် စီစဉ်ဆောင်ရွက် ခဲ့ကြောင်း စစ်းဆေးပေါ်ပေါက် ခဲ့သည်။

‘‘ကွင်းဆက်တရားခံတွေကို ဆက်လက်ဖော် ထုတ်နေပါတယ်။သူတို့ကို စစ်ဆေးနေပါတယ်။ စစ်ဆေးနေတုန်းမို့ အသေးစိတ်တော့ ပြောလို့မရသေးပါဘူး’’ ဟု မင်္ဂလာဒုံမြို့မ ရဲစခန်းမှူးက ပြောသည်။


ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျုးလွန်သူခြောက်ဦးကို မင်္ဂလာဒုံမြို့မရဲစခန်းနှင့် ဗဟန်းမြို့မရဲစခန်းက မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲ စေတက် သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မဖြင့် အမှုဖွင့် အရေးယူထား သည်။

No comments:

Post a Comment