Friday, June 28, 2019

မဲဆောက်မြို့က မအေးအေးမာ

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် Social Action for children andWomen (SAW) အဖွဲ့၏ အတွင်းရေးမှူး မအေးအေးမာနှင့် တွေ့ဆုံခွင့်ရခဲ့သည်။ မအေးအေးမာသည် ၁၉၈၈ အရေးတော်ပုံကာလတွင် ဆယ် တန်းအောင်ပြီးပြီ။ သူမသည် သတင်းထောက်တစ်ဦး၏ သမီး ဖြစ်၏။ မတရားမှုကို ခံပြင်းနာ ကြည်း၍ ပျိုရွယ်သူတစ်ဦးဘဝဖြင့် နိုင်ငံရေးအဖွဲ့ထဲသို့ ရောက်ရှိလာ ခဲ့၏။ ၁၉၉၀ ဒီဇင်ဘာတွင် သူမ သည် စစ်အစိုးရ၏ ဖမ်းဆီးခြင်းကို ခံရ၏။ ထောက်လှမ်းရေး (၇) ဗိုလ်ကြီးစည်သူ၏ ရိုက်နှက်စစ် ဆေးမှုများကို ခံရ၏။ ထို့နောက် စစ်ထောက်လှမ်းရေးက သူမကို ပြန်လွှတ်ပေးလိုက်၏။ သို့သော် သူမအိမ်သို့ ဘယ်သူဘယ်ဝါ ဝင်၊ ထွက်သွားလာမှုရှိသလဲဆိုတာကို အမြဲစောင့်ကြည့်ခြင်းခံနေရ၏။ မလုံခြုံတော့။ ဘဝ။ သူမသည် ၁၉၉၁ မတ်လ တွင် ရှမ်းပြည် တောင်ကြီးမြို့မှ တစ်ဆင့် ပအိုဝ်းနယ်ဘက်သို့ ကျောင်းသားတပ်မတော်နှင့် အ ဆက်အသွယ်ရရန် ထွက်လာခဲ့ ၏။


သူမသည် ကျောင်းသားတပ် သို့ ရောက်ရှိပြီး  မကြာခင်မှာပင် ပအိုဝ်းတပ်က အစိုးရနှင့် အပစ် အခတ်ရပ်စဲရေးကို သဘောတူ လိုက်၏။ ကျောင်းသားတပ် မတော်သည် ထိုပအိုဝ်းနယ်မှာ ဆက်လက်နေခွင့်မရတော့ပါ။ နယ်စပ်သို့ ဦးတည်ချီတက်ကြရ ၏။ လမ်းလျှောက်ကြ။ နေ့လည်း လမ်းလျှောက်။ ညမှာ တောထဲ တွင် နှစ်နာရီ၊ သုံးနာရီအိပ်ပြီး ဆက်လမ်းလျှောက်။ လက်နက် များလည်း မပါခဲ့ကြတော့။ ပအိုဝ်းတပ်က သိမ်းထားလိုက်ပြီ။ မီးကျိုး မောင်းပျက် လက်နက်အနည်း ငယ်တော့ပါ၏။ ရွာကလေးတွေ ကို တွေ့သည့်အခါ ခေတ္တနားခို ၏။ ရွာသူရွာသားတွေကတော့ ပျိုရွယ်သူကျောင်းသားတပ်ကို ကြင်နာကြပါ၏။ ကျောင်းသား တပ်၏ နောက်မှာ စစ်တပ်က ထက်ကြပ်မကွာ လိုက်လာ၏။လွတ်မြောက်နယ်မြေသို့ ဆက်လက်ချီတက်။ ချီတက်ကြ။ နယ်စပ်သို့ရောက်အောင် မျှော်လင့် ချက်ဖြင့် လမ်းဆက်လျှောက်။ လမ်းဆက်လျှောက်ကြ။ သံလွင် မြစ်ကို ဖြတ်ကျော်ကြမည်။ ခွန်ဆာနှင့် နီးသောနေရာဖြစ်နေ၏။ ခွန်ဆာက ဖြတ်ခွင့်မပေး။ နောက်ပြန်ဆုတ်ကြ။ မြစ်ကိုကူး။ ဟိုဘက်မယ်ဟောင်ဆောင်နှင့်နီးသော ရှမ်းကျေးရွာလေးသို့ရောက်၏။ ကျောင်းသားတပ်ရင်းရှိသည်။

မအေးအေးမာသည် မာနယ် ပလောသို့ ရောက်သွား၏။ ဆေး သင်တန်းတက်သည်။

မအေးအေးမာသည် မာနယ် ပလောမှာ ဆေးမှူးလုပ်၏။ ကျောင်းသားတပ်၏ ခေါင်းဆောင် နှစ်ဦးကွဲနေ၏။ ကိုယ်ကြိုက်သည့် ခေါင်းဆောင်၏ တပ်မှာ လိုက်နေ ကြ၏။ မအေးအေးမာသည် မာ နယ်ပလောမှာ စာရေးဆရာ နိုင် ဝင်းဆွေကို တွေ့ရ၏။ နိုင်ဝင်း ဆွေသည် သူ့ဟာသူ သီးသန့်နေ ထိုင်၏။ စာရေးဆရာတစ်ဦးအ ဖြစ်သာ နေထိုင်သည်။

‘‘ဆရာနိုင်ဝင်းဆွေ။ နောက် တော့ပျောက်သွားတယ်။ ရန်သူ ဖမ်းသွားသလား၊ ဆုံးသွားသလား တော့ ကျွန်မ မသိဘူး။ ကျောင်း သားတွေလည်း တချို့က တောင် ပိုင်းကို ရွှေ့တယ်။ ကျွန်မတို့က အလယ်ပိုင်းကို ရွှေ့တယ်။ မာနယ်ပလောမှာ နေထိုင်လို့မရတော့လို့ ရွှေ့ရတာပါ။ ကျွန်မတို့လည်း ကရင်နီနယ်မှာ ရောက်သွားတယ်။ အဲဒီမှာတော့ ကျွန်မက ကျောင်းဆရာမလုပ်တယ်။ ကျောင်းသားတပ်မှာတော့ နိုင်ငံရေးဌာနမှာ လုပ်တယ်။ နောက်တော့ ကျောင်းသားတပ်မတော် နှစ်ခုဟာ ပြန်လည်ပေါင်းစည်းသွားကြတယ်’’

မယ်ဟောင်ဆောင်နှင့် နီး သောနေရာ။ ကျောင်းသားတို့၏ ဗဟိုပြန်ကြားရေးဌာနတည်ရှိလာ ၏။

‘‘ကျွန်မတို့ နေရာက ကရင် နီဒုက္ခသည်စခန်းနဲ့ နီးတယ်။ စစ် တပ်က လက်နက်ကြီးနဲ့ လာပစ် တယ်။ ရှမ်းရွာက ရွာသူရွာသား တွေ သေကုန်ကြတယ်။ သူတို့က ဒုက္ခသည်စခန်းကို လာပစ်တာ။ မယ်ဟောင်ဆောင်ဟာ မလုံခြုံ ဘူး ဖြစ်သွားပြီ။ အရင်က ပန်း ယွန်းရွာမှာ ကျွန်မ စာသင်ခဲ့တဲ့ ရှမ်းမလေးတွေလည်း အဲဒီဒုက္ခ သည်စခန်းမှာ ရှိတယ်။ စစ်တပ် က လက်နက်ကြီးနဲ့ ပစ်တော့ ကျွန်မစာသင်ခဲ့ဖူးတဲ့ ကလေးမ လေးတွေထဲက သေတဲ့သူ သေ သွားတယ်။ ကျွန်မလည်း စိတ် မကောင်းဖြစ်မိတယ်။ ကျွန်မက အမျိုးသမီးအရေးကိစ္စကို စတင် လုပ်ဆောင်နေပြီ။ DVB အတွက် လည်း သတင်းထောက်လုပ်နေ ပြီ။ ကက်ဆက်နဲ့ အသံဖမ်းတယ်။ ကက်ဆက်ကနေ ကက်ဆက်ပြန် ကူးတဲ့ခေတ်။ အင်တာနက် မရောက်သေးဘူး။ တစ်လတစ် ကြိမ် မယ်စရီးယန်းမြို့ကို အသံ ဖမ်းခွေ သွားပို့တယ်’’

မအေးအေးမာသည် မဲ ဆောက်ကနေ စာအုပ်မှာယူ၏။ ဒေါက်တာစင်သီယာမောင် ဆေး ခန်းသို့ ဆေးသွားကုသူများမှတစ် ဆင့် စာအုပ်ကို ရရှိတတ်၏။ ပရို ဂရမ်လုပ်ရတယ်။ မြန်မာသတင်း များကို ဖတ်သည်။ ကိုယ်လိုချင် သည့် ရှုထောင့်ကနေ အချက်အ လက်ကို ဆွဲယူသည်။ ဂျူးရေး သော စာအုပ်များကို ဖတ်သည်။ ဘယ်နေရာကို ဆွဲထုတ်ပြသင့် သလဲ။ အမျိုးသမီးကဏ္ဍရှိ ပရို ဂရမ်ပြုလုပ်ပြီး တင်ဆက်၏။ ရေဒီယိုကို အမြဲနားထောင်၏။ သခင်ဇင်၏ဇနီး ဒေါ်ကြည်ကြည် အဖမ်းခံနေရကြောင်း ရေဒီယိုမှ တစ်ဆင့် သိရ၏။ အမျိုးသမီး ကဏ္ဍမှာ ပရိုဂရမ်ပြုလုပ်တင် ဆက်၏။ နိုင်ငံတကာက တော် လှန်ရေးခေါင်းဆောင်များ။ သူတို့ ၏ဇနီးများအကြောင်း ပရိုဂရမ် ပြုလုပ်တင်ဆက်၏။

မအေးအေးမာသည် ၁၉၉၇ တွင် ကျောင်းသားတပ်မှ ကဗျာ ဆရာ ကိုလွမ်းဏီနှင့် အိမ်ထောင် ကျသည်။ ၁၉၉၈ တွင် သား ကလေးထွန်းကား၏။ ကိုလွမ်းဏီ က ဘန်ကောက်မှာ ဒီမိုကရေစီ အရေး ဆောင်ရွက်သည်။ မအေး အေးမာက တောထဲမှာပင် ရှိနေ ၏။ မအေးအေးမာသည် အမျိုး သမီးကိစ္စကို အလေးထားလုပ် ဆောင်လာမိ၏။ ဇွန်လ ၁၉ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကို မြန်မာနိုင်ငံ အမျိုးသမီးနေ့ ဖြစ်ရေးအတွက် ပရိုဂရမ်တင် သည်။

၁၉၉၉ တွင် ဒေါက်တာ စင်သီယာမောင်က မအေးအေး မာကို အမျိုးသမီးတွေအတွက် တစ်ခုခုလုပ်ကိုင်ရန် အကြံပြု သည်။ မအေးအေးမာသည် Migrant Worker Card ကိုင် ဆောင်လျက် မဲဆောက်သို့ ရောက်လာ၏။ အမျိုးသမီးအရေး အဖွဲ့မှာ အငြိမ်နေထိုင်ခြင်းထက် အမျိုးသမီးများကို ကူညီစောင့် ရှောက်ရေး၊ အမျိုးသမီးတို့၏ ဘဝတိုးတက်ရေးကို ဆောင်ရွက်မည် ဟု ဆုံးဖြတ်၏။ ဦးဆောင်လုပ်ရှား ၏။ ထိုရည်ရွယ်ချက်ဖြင့် SAW ကို ထောင်၏။ ဒေါက်တာစင်သီ ယာမောင်၏ ဆေးခန်းရှေ့တွင် SAW အဖွဲ့သားများသည် ဈေး ရောင်းခြင်းဖြင့် ရန်ပုံငွေရှာကြ၏။

ထိုအချိန်က မဲဆောက်တွင် ပြည့်တန်ဆာအိမ် ၂၀ ခန့်ရှိ၏။ ရှေ့မှာ ဟန်ပြအနေနှင့် ကာရာအို ကေခန်း၊ အနှိပ်ခန်းပြထား၏။ အနောက်ကအခန်းများထဲတွင် ပြည့်တန်ဆာခေါင်း၏ အစီအစဉ် အောက်မှာ လုပ်ရှားကြရ၏။ ပြည့်တန်ဆာ အမျိုးသမီးငယ်များထဲ တွင် လူကုန်ကူးခံရသူများလည်း ပါဝင်သည်။ ပြည့်တန်ဆာလုပ် ငန်းမှ ထွက်ပြေးလွတ်မြောက်လို သူ အမျိုးသမီးပြည့်တန်ဆာများ ရှိနေသည်။ မအေးအေးမာတို့က ထိုအမျိုးသမီးများနှင့် တွေ့ဆုံခွင့် ရရန် ကြိုးစားကြ၏။ ပြည့်တန် ဆာခေါင်းက ဝင်ခွင့်မပေး။ ထို အခါ World Vision နှင့် ဝင်ရ သည်။ Sex Education ပေးခြင်း သဘောဖြင့် ပြည့်တန်ဆာအိမ်သို့ ဝင်ကြ၏။ ပြည့်တန်ဆာခေါင်းအ လစ်မှာ ပြည့်တန်ဆာအမျိုးသမီး များ၏ စိတ်ခံစားချက်ကို မေးမြန်း ရ၏။

‘‘ဒီပြည့်တန်ဆာလုပ်ငန်းက နေ ထွက်ပြေးလွတ်မြောက်ဖို့အ တွက် အကူအညီပေးမယ်၊ ခိုလှုံ ရာပေးမယ်၊ တခြားအလုပ်အကိုင် ရှာဖွေပေးမယ်’’ဟု ပြောကြည့်၏။

ထိုအချိန် လက်ကိုင်ဖုန်း ခေတ်မစားသေးပါ။ ပြည့်တန်ဆာ အိမ်သို့ဝင်ထွက်ရန် မလွယ်ကူ သော နေ့များတွင် ပြည့်တန်ဆာ မယ်များ အပြင်ထွက်ဈေးဝယ် တာ၊ ဈေးအနီးက ကာရာအိုကေ ဆိုင်မှာ သီချင်းသွားဆိုတာမျိုးကို စောင့်ဆိုင်းရ၏။ လိုက်လံချဉ်း ကပ်ရ၏။

‘‘ဒီပြည့်တန်ဆာလုပ်ငန်းက လွတ်မြောက်အောင် အကူအညီ ပေးမယ်’’ဟု ပေါ်တင်ပြောရ၏။

 ‘‘ထွက်ပြေးမယ်ဆိုလာခဲ့။ စောင့်ရှောက်တဲ့နေရာရှိတယ်။ အကူအညီပေးမယ်’’ဟု ပြောရ ၏။

 ရှစ်တန်းကနေ ကျောင်း ထွက်လာရသော အမျိုးသမီးငယ် လေးနှင့် မအေးအေးမာသည် ဆုံ ရ၏။ မအေးအေးမာက ပြည့်တန် ဆာလုပ်ငန်းမှာ မလုပ်ရန် စည်းရုံး ၏။

‘‘သမီး လုံးဝမလုပ်ချင်ပါ ဘူး။ ဒါပေမဲ့ ဒီလုပ်ငန်းထဲကို အမေကိုယ်တိုင်က ထည့်လိုက် တာပါ။ ပထမတော့ အမေက ‘ပါကင်’ပေါက်တာ တစ်ခါ၊ နှစ်ခါ ပါ’။ မနာပါဘူး။ အမေတို့ ဆင်းရဲ လို့ပါဆိုပြီး ထည့်လိုက်တာပဲ။ အဲ ဒါပြီးတော့လည်း အမေက တစ် နှစ်လောက်တော့ ဆက်လုပ်နေ လိုက်ပါလို့ ပြောတယ်။ အဲဒီလိုနဲ့ သမီး ဒီမှာ သောင်တင်နေတာ။ အမေကတော့ သမီးမှာ ပိုက်ဆံစု မိရင် ဒီဘက်ကူးလာပြီး ငွေသိမ်း တယ်’’ဟု ပြန်ပြောသည်။

‘‘တခြားအလုပ်လုပ်ပါသမီး ရယ်။ အလုပ်တွေအထဲ လိုက် သွင်းပေးမယ်။ ဒီအလုပ်က ရောဂါလည်း ရနိုင်တယ်။ အသက်အန္တ ရာယ်နဲ့ နီးကပ်တယ်’’ဟု မအေး အေးမာက ပြောသည်။

‘‘မဟုတ်ဘူး အန်တီ။ ကျွန်မ တို့ခေါင်းက ရဲကိုပိုင်တယ်။ ဒီအိမ် မှာဆို ရဲကမဖမ်းဘူး။ တခြားအ လုပ်သမားဆိုရင် ရဲက ဖမ်းနိုင် တယ်။ နောက်ပြီး ဒီအလုပ်က ပိုက်ဆုံမှာ ပိုကိုက်တယ်။ သမီး တော့ အမေဆူမှာ၊ ရိုက်မှာ ကြောက်တယ်။ အမေ့အလိုကျ ဒီအလုပ်ထဲမှာ မပျော်လည်း လုပ် နေရဦးမှာပဲ’’ဟု ပြန်ပြော၏။

မအေးအေးမာတို့သည် ရင် နာဖွယ်ရာ အသံများစွာကို ကြား ရ၏။

‘‘ရွာပြန်ပြီး ကျောင်းပြန်နေ လို့လည်း မဖြစ်တော့ပါဘူး အန် တီရယ်။ သမီးသူငယ်ချင်းတွေက ဟိုမှာ အတန်းတွေတက်သွားကြ ပြီ။ နောက်ပြီး သမီးတို့ရွာက လူ တွေက သမီး ဒီလုပ်ငန်းလုပ်နေ တယ်ဆိုတာ ရိပ်စားမိကြတယ်။ ရွာကိုပြန်ရင် သမီးက သိမ်ငယ် သွားမယ်’’ဟု ပြောသူလည်းရှိ၏။

မအေးအေးမာတို့၏ စည်း ရုံးမှုဖြင့် ပြည့်တန်ဆာဘဝမှ လွတ်မြောက်ခဲ့သူ များစွာရှိ၏။ အချို့ ကမူ ကိုယ်တိုင်က လွတ်မြောက် ချင်နေ၏။ ကယ်ထုတ်ရ၏။ အ လုပ်ခွင်မှာ အကြမ်းဖက်ခံရသော အမျိုးသမီး၊ အလုပ်ရှင်က မောင်း ထုတ်ခြင်းကို ခံရသော အမျိုး သမီး၊ ရဲဖမ်း၍ တောထဲ ထွက် ပြေးတိမ်းရှောင်ရသော အမျိုး သမီး။ အမျိုးမျိုးရှိ၏။ ကယ်တင် ၏။ လုံခြုံဂေဟာ တည်ဆောက် ထားရ၏။ ပြည့်တန်ဆာများထဲ မှာ အိတ်ခ်ျအိုင်ဗီ ပေါ့စတစ်၊ နဂ္ဂတစ် မျိုးစုံရှိ၏။ Women Crisis Centre ထားရ၏။ Children Crisis Centre ထားရ၏။ ပြည့် တန်ဆာများကို ကယ်တင်ရာတွင် ကိုယ်ဝန်ပါလာသူများရှိ၏။ ထို ကလေးကို ပြန်လည်မွေးရ၏။ ပြုစုပျိုးထောင်ရ၏။ မုဒိမ်းကျင့်ခံ ရသော အမျိုးသမီးများရှိ၏။ ကလေးရလာ၏။ ကလေးကို ထို အမျိုးသမီးကိုယ်တိုင်က မလိုချင် တတ်။ မအေးအေးမာတို့က မွေး မြူရ၏။ သို့နှင့် အမျိုးသမီးဂေဟာ၊ကလေးသူငယ် ဂေဟာဖြစ်လာ ၏။ အမျိုးသမီးတွေထဲမှာမှ အိတ်ခ်ျအိုင်ဗီ ပေါ့စတစ်နှင့် နဂ္ဂ တစ် ပြန်ခွဲခဲ့ရ၏။ ခွဲခြားထားရ ၏။ အိတ်ခ်ျအိုင်ဗီ ကူးစက်ခံထား ရသော အမျိုးသမီးများကို ဆေး ကုရပြန်၏။ ကလေးတွေကို စာ သင်ပေးရန် ကျောင်းဆောက်ရ ပြန်၏။ ထိုင်းကျောင်းသို့ ပို့လို့ရ တာ ပို့ရ၏။ ကလေးများက စာ ကျက်ကြသည်။ ပတ်ဝန်းကျင်က တိုင်တောသည်။ ရဲလာကြည့်၏။ ကလေးတွေပဲဆိုပြီး ရဲက ပြန်သွား တတ်၏။ မအေးအေးမာသည် ကိုယ်တိုင် မလုံခြုံသောဘဝ၊ ကိုယ်တိုင် ရွှေ့ပြောင်းလုပ်သား ကတ်ကိုင်ကာ မလုံခြုံသူများ၊ ဘေးဒုက္ခ ကြုံတွေ့ရသူများကို ကယ်တင်နေခဲ့၏။

SAW အဖွဲ့မှာ ထိုင်းနိုင်ငံ သား ပါဝင်မှ ရေရှည်ရပ်တည်၍ ရမည်။ လူ့အခွင့်အရေးဆိုင်ရာ ထိုင်းရှေ့နေတစ်ဦးက SAW အဖွဲ့ မှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး စေတနအပြည့်ဖြင့် ကူညီလာ၏။ အခြားထိုင်းအမျိုးသား၊ အမျိုး သမီးများလည်း ပါဝင်အားဖြည့် လာ၏။ SAW သည် ဖောင်ဒေး ရှင်းကျလာ၏။ ထိုင်းအစိုးရ၏ အသိအမှတ်ပြုအဖွဲ့၊ မှတ်ပုံတင် ခွင့်ရသောအဖွဲ့ ဖြစ်လာ၏။ ကနေဒါ ဆရာဝန်ကြီးများအဖွဲ့ SAW အတွက် မြေကွက်ဝယ်ပေး သည်။ လုံးခနဲ ငွေချေနိုင်သည် မဟုတ်ပါ။ ဖြည်းဖြည်းချင်း ငွေ ပေးချေ၍ မြေကွက်ဝယ်ပေး၏။ အမေရိကန်ပြည်ထောင်စုမှ စေ တနာရှင်များက ထိုမြေကွက်ထဲ ကျောင်းဆောက်ပေး၏။ အခြား ပြည်တွင်း၊ ပြည်ပ စေတနာရှင် များကလည်း ငွေကြေးကူညီလာ ကြ၏။ ကျောင်းသား ၁၀၀ ကျော် ရှိပြီး မိဘမဲ့ကလေးများ၊ စွန့်ပယ် ခံကလေးများ၊ ဆေးရုံမှာ မွေးပြီး ထားခဲ့သော ကလေးများကိုလည်း ဆေးရုံက လာပေးအပ်တော့ လက်ခံရ၏။ အခုတော့ အလယ် တန်း၊ အထက်တန်းကျောင်းသား များ ဖြစ်ကုန်ပြီ။ သူတို့ ပညာရေး ဆုံးခန်းတိုင်ရေးအတွက် မအေး အေးမာသည် SAW မှာ အတွင်း ရေးမှူးတာဝန်ယူပြီး အထူးကြိုး စားရ၏။ မြန်မာပြည်ဘက်က ကူညီသော ပုဂ္ဂလိက လုပ်ငန်းရှင် များလည်း ရှိ၏။ အမေရိကန် ပြည်ထောင်စုသို့ရောက်သွားသော နိုင်ငံရေးအပေါင်းအသင်းများက လည်း ကူညီ၏။ အလုပ်သမား အဖွဲ့အစည်း အသီးသီးကလည်း ကူညီ၏။ NGO အဖွဲ့ တော်တော် များများက ဒီဘက်ခေတ်မှာ မြန်မာပြည်ထဲသို့ ရောက်ကုန်ကြ ၏။ မအေးအေးမာတို့၏ SAW က တော့ လက်ရှိ ကလေးများ၏ စဉ် ဆက်မပြတ် ပညာရေးက ရှိနေ ၏။ ရွှေ့ပြောင်းလုပ်သားတို့၏ သားသမီးများကလည်း ရှိနေ၏။ လိုအပ်ချက်အရ SAW သည် ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ရုန်း ကန်ရှင်သန်နေဆဲဖြစ်ပါသည်။

No comments:

Post a Comment