Friday, June 28, 2019

ကိုပါဖလားကွာတားဖိုင်နယ်တွင် အပြောင်းအလဲများရှိနိုင်ဟု အာဂျင်တီးနား အရိပ်အမြွက်ပြသ

အာဂျင်တီးနား နည်းပြ လီယွန်နယ်စကာလိုနီ သည် ယခုအချိန်အထိ ကစားခဲ့ သော ကိုပါအမေရိကပွဲစဉ်တိုင်း တွင် အသင်းကို အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး လာမည့်ကွာတားဖိုင် နယ် ဗင်နီဇွဲလားနှင့်ပွဲစဉ်၌လည်း အပြောင်းအလဲရှိနိုင်ကြောင်း အ ရိပ်အမြွက်ပြသသည်။ ယင်းပွဲမတိုင်မီ ရီယိုဒီဂျနေး  ရိုး လေ့ကျင့်ရေးကွင်း၌ အာဂျင် တီးနားအသင်း၏ လေ့ကျင့်မှုကို ၁၅ မိနစ်ကြည့်ရှုခွင့်ပေးရာတွင် စကာလိုနီက ညာနောက်ခံလူနေ ရာ၌ ဆာရာဖီကာအစား ဂျူအန်ဖွိုက်သ်ကို အသုံးပြုထားသည်။ ကွင်းလယ်တွင် ဂျီယိုဗန်နီနေရာ၌ အကူနာကို သုံးထားသည်။ ကာတာနှင့်ပွဲ ဒုတိယပိုင်း တွင် ပါဝင်ကစားခဲ့သော အကူနာ ကို စကာလိုနီက ချီးကျူးခဲ့သည်။



‘‘ကျွန်တော်ကစားခဲ့ရတဲ့အ ချိန်ကို ကျေနပ်ပါတယ်။ ကျွန် တော်တို့က ရှေ့တန်းနဲ့နောက် တန်းကောင်းပြီး ပြန်ပြီးတည့်မတ် ရမှာတွေကိုလည်း ပြင်ဆင်ဖို့ကြိုး စားနေပါတယ်’’ ဟု အကူနာက ပြောသည်။

အာဂျင်တီးနားနည်းပြစတာ လိုနီသည် ၂၀၁၈ ကမ္ဘာ့ဖလား နောက်ပိုင်း စတင်တာဝန်ယူပြီး နောက် ကိုင်တွယ်ခဲ့သော ၁၃ ပွဲ တွင်  ပွဲထွက်လူစာရင်းကို နှစ် ပွဲဆက် အသုံးပြုလေ့မရှိဘဲ မကြာခဏ အပြောင်းအလဲပြုလုပ် လေ့ရှိသည်။

ကာတာနှင့်ပွဲတွင် အဖွင့်ဂိုး သွင်းယူခဲ့သော မာတီနက်ဇ်က မက်ဆီ၊ အဂူရိုတို့နှင့် လေ့ကျင့်မှု၌ တွဲကစားခဲ့ပြီးဒိုင်ဘာလာနှင့် ဒီ မာရီယာတို့ အရန်ခုံထိုင်ရဖွယ်ရှိ သည်။ အာဂျင်တီးနားဂိုးသမား အာမာနီက စကာလိုနီ၏ လူအပြောင်းအလဲလုပ်ပုံနှင့်ပတ်သက်၍ ပြဿနာမရှိဟု  ပြောသည်။

 ‘‘ကျွန်တော်တို့မှာ အ ကောင်းဆုံး ကစားသမားတွေရှိ ပါတယ်။ ဝင်လာတဲ့သူက အ ကောင်းဆုံးကစားဖို့ အသင့်ပါပဲ။ ကျွန်တော်တို့အားလုံး အခွင့်အ ရေးရှိပါတယ်။ တစ်ပွဲပြီးတစ်ပွဲ ယုံကြည်မှုပိုများလာပါတယ်’’ ဟု အာမာနီက ပြောသည်။ ကွင်းလယ်လူ လူးဝစ်မယ် နျူရယ်ကလည်း ‘‘ကျွန်တော်တို့ ခြောက်ပွဲကစားဖို့ ရည်မှန်းထား ပါတယ်၊ ဒါကလေးပွဲမြောက်ပါ’’ ဟု ဗိုလ်လုပွဲ ရည်မှန်းချက်ကိုပြောကြားသည်။

No comments:

Post a Comment