Friday, June 28, 2019

လင်မယားကွဲခွင့်လျှောက်ထားစဉ် ထီပေါက်သည့်အမျိုးသား ထီဆုကြီးကို ဇနီးဟောင်းအား ခွဲပေးရမည်

အမေရိကန်ပြည်ထောင်စု မီချီဂန် ပြည်နယ်နေ အမျိုးသားတစ်ဦးသည် လင် မယားကွဲခွင့်ရရန် တရားရုံးတွင် လျှောက် ထားစဉ် ဒေါ်လာ သန်း ၃၀ ထီဆုကြီး ပေါက်ခဲ့ပြီး အဆိုပါထီဆုကြီးကို ဇနီး ဟောင်းအား ခွဲပေးရန် အယူခံတရားရုံးက ဆုံးဖြတ်လိုက်သည်။ ရစ်ခ်ျဇီလက်စ်ကို သည် ၂၀၁၃ ခုနှစ်တွင် ရရှိခဲ့သည့် ထီဆု ကြီးကို ဇနီးဟောင်း မေရီအား ခွဲပေးရ မည်ဟု မီချီဂန်တရားရုံးက ဆုံးဖြတ်လိုက် ခြင်းဖြစ်သည်။ လင်မယားကွဲခွင့်ရရန် တရားရုံးတွင် လျှောက်ထားနေဆဲအချိန် တွင် ၎င်းက ထီပေါက်ခဲ့ခြင်းဖြစ်သည်။
လင်မယားကွဲခွင့်ကိစ္စသည် ၂၀၁၈ ခုနှစ် တွင်မှ အပြီးသတ်ပြီးစီးသွားသည်။ ]ရစ်ခ်ျက ကံကောင်းတာ။ သူ ကံကောင်းလို့သာ အ ခုလိုထီဆုကြီးပေါက်တာ။ မေရီ့ရဲ့ကံကြောင့် ထီပေါက်တာမဟုတ်ဘူး] ဟု ရစ်ခ်ျ၏ရှေ့ နေက ဆိုသည်။ လင်မယားအပြီးသတ်မ ကွဲရမီတွင် ထီပေါက်ခြင်းဖြစ်သည့်အ တွက် ယင်းသည် လင်မယားလက်ထက် ပွားပစ္စည်းဟု တရားသူကြီးက ဆုံးဖြတ် လိုက်ခြင်းဖြစ်သည်။ ဇနီးဟောင်းအားခွဲမ ပေးလိုသဖြင့် ရစ်ခ်ျက အယူခံတရားရုံး အထိတက်ခဲ့သော်လည်း အယူခံ တရား ရုံးကလည်း ၎င်းအဆိုကို ပယ်ချလိုက် ခြင်းဖြစ်သည်။

No comments:

Post a Comment