Friday, June 28, 2019

တိကျမှုမရှိသည့် အရပ်သားထိခိုက်သေဆုံးမှုဆိုင်ရာ သတင်းအမှားများ လူမှုကွန်ရက်တွင်မတင်ရန် ရခိုင်ကူညီရေးအဖွဲ့တိုက်တွန်း သတင်းမှားကြောင့် ဆိုးကျိုးများသာ ဖြစ်ပေါ်စေနိုင်၍ သတိပြုရန်လိုဟုဆို

တိကျမှုမရှိသည့်အရပ် သားထိခိုက်သေဆုံးမှု ဆိုင်ရာ သတင်းအမှားများကို လူမှုကွန် ရက်တွင်မဖော်ပြရန်  ရခိုင်တိုင်း ရင်းသားမျိုးနွယ်များအစည်းအ ရုံး(REC)က  တိုက်တွန်းသည်။ သတင်းအမှားများကြောင့် ကောင်းကျိုးထက် ဆိုးကျိုးသာ များသည်ကို သတိပြုစေလို ကြောင်း   REC က ယမန်နေ့တွင် ထုတ်ပြန်သည်။ ‘‘မိမိတို့ ဒေသခံများ Online ထက်မှာ သတင်းအမှားများကို မတင်မိဖို့၊  မဖွမိကိုအလေး ထားကြစေလို၊ မင်းပြားမြို့နယ် ပြင်ယောင်းကျေးရွာတွင် မြန်မာ စစ်တပ်မှ ပစ်ခတ်သောကြောင့်  ဒေသခံကျေးရွာသားများ သေ  ဆုံးမှုများရှိသည်ဟုဆိုကာFacebook တစ်ခွင်တွင် ပျံ့နှံ့လျက်ရှိ နေပါသည်။ အမှန်တကယ်တွင်  သေဆုံးမှုမရှိကြောင်း REC ၏ မြေပြင်အခြေပြုစောင့်ကြည့်ရေး အဖွဲ့ဝင်များ၏ တိကျသောသ တင်းပေးပို့ချက်အရသိရပါသည်’’ ဟု REC ၏ ထုတ်ပြန်ချက်၌ ဖော် ပြသည်။



REC ဥက္ကဋ္ဌဦးရွှေဘော်စိန် က ‘‘ကျွန်တော်တို့ဘက်က အရပ် သားတွေအနေနဲ့ပဲဖြစ်ဖြစ်၊တခြား မီဒီယာတွေ အနေနဲ့ပဲဖြစ်ဖြစ် ထိန်းထိန်းသိမ်းသိမ်း လုပ်ကြမယ် ဆိုရင် အမုန်းစကားတွေ တစ် ယောက်နဲ့တစ်ယောက် အားပြိုင် မှုတွေမဖြစ်ဘူးပေါ့လေ’’ဟု ပြော သည်။

တပ်မတော်နှင့် ရခိုင်လက် နက်ကိုင်အဖွဲ့(AA)တို့ စစ်ရေး ပဋိပက္ခကြောင့် အရပ်သား ထိ ခိုက်သေဆုံးမှုများရှိကြောင်း၊ အရပ်သားထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး တိကျစွာစုံစမ်းပြီးခိုင် လုံမှသာ သတင်းဖော်ပြသင့် ကြောင်း၊ မှားယွင်းသည့်အချက် အလက်များ ဖော်ပြပါက လက်ရှိ ဖြစ်ပေါ်နေသည့် တစ်ဖက်နှင့်တစ် ဖက်အကြား အမုန်းပွားမှုများ ပို မိုမြင့်တက်လာနိုင်ကြောင်း  ဦးရွှေ ဘော်စိန်က ပြောသည်။

ဇွန်လ ၂၆ ရက်တွင် ရခိုင် ပြည်နယ် မင်းပြားမြို့နယ် ပြင် ယောင်းကျေးရွာမှ ရွာသားလေး ဦးသည် တပ်မတော်၏ပစ်ခတ်မှု ကြောင့် သေဆုံးပြီး သုံးဦးဒဏ် ရာရရှိသည်ဆိုသည့် သတင်း ဖော်ပြမှုသည် သတင်းမှားသာ ဖြစ်ကြောင်း မင်းပြားမြို့နယ်ပြည် နယ်လွှတ်တော်ကိုယ်စားလှယ်  ဦးလှသိန်းအောင်က ပြောသည်။

‘‘မနေ့ညက ၅ နာရီကျော် လောက် တပ်ကရွာထဲကို ၀င်လာ တဲ့အခါမှာ လူငယ်တွေက ကြောက်ပြီးတော့ ရွာကထွက် ပြေးတယ်။ ပြေးတဲ့အခါမှာ တပ် ကပစ်တယ်။ ဒီနေ့အတည်ပြုချက် အရတော့ တစ်ယောက်မှဒဏ်ရာ ရရှိမှု အထိအခိုက်မရှိဘူးလို့ ပြော တယ်။ အဲဒီရွာနားမှာ တပ်က စွဲ လို့ရှိတယ်လေ။ ရွှေကျင်ရွာက လာတဲ့ တပ်က ပြင်ယောင်းရွာထဲ ကိုဖြတ်သွားတာပါ။ အဲဒီမှာထွက် ပြေးကြတာ။  ထွက်ပြေးတယ်ဆို တော့ သူတို့သတ်မှတ်ထားတဲ့  အကြမ်းဖက်အဖွဲ့ထွက်ပြေးတယ် ထင်လို့ ပစ်တာဟုတ်မှာပေါ့လေ။  အဲဒီက အုပ်ချုပ်ရေးမှူးပြောတာ  ကတော့ တစ်ယောက်မှဒဏ်ရာ ရမှုမရှိဘူးလို့ ပြောတယ်’’ ဟု ၎င်းက ရှင်းပြသည်။

မင်းပြားမြို့နယ်တွင် တပ်မ တော်၏ ပစ်ခတ်မှုကြောင့်  အရပ် သားလေးဦး သေဆုံးသည်ဆို သည့် သတင်းသည် သတင်းမှား သာဖြစ်ကြောင်း၊ ယင်းသို့သတင်း မှားများ မကြာခဏ ၀ါဒဖြန့်လေ့ ရှိသည်ကို တွေ့ရကြောင်း တပ် မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့အတွင်းရေးမှူးဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။ တပ်မတော်နှင့် AA တို့ တိုက်ပွဲပြင်းထန်မှုနှင့်အတူ လူမှု ကွန်ရက်၌ ရခိုင်နှင့်ဗမာလူမျိုး အကြား အမုန်းစကားပြောကြားမှု  မြင့်တက်နေခြင်းကို နှစ်ဖက်လူမှု အသိုင်းအ၀ိုင်းမှ ခေါင်းဆောင် များက အမြန်ဆုံးတွေ့ဆုံဆွေးနွေး ဖြေရှင်းရန်  ငြိမ်းချမ်းရေးနှင့် လုံ ခြုံရေးဆိုင်ရာ မြန်မာအင်စတီ ကျုဒ်(MIPS) အမှုဆောင်ဒါရိုက် တာ ဒေါက်တာမင်းဇော်ဦးက အကြံပြုတိုက်တွန်းထားသည်။

No comments:

Post a Comment