Friday, June 28, 2019

နော်ဝေကို ၃ ဂိုးပြတ်ဖြင့်နိုင်ပြီး အင်္ဂလန်အမျိုးသမီးအသင်း ကမ္ဘာ့ဖလား ဆီမီးတက်

ကမ္ဘာ့ဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် နော်ဝေနဲ့ အင်္ဂလန်အသင်းတို့ မနေ့ကယှဉ်ပြိုင်ရာ အင်္ဂလန်အမျိုးသမီးအသင်းက ၃ ဂိုး ဂိုးမရှိနဲ့နိုင်ပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားပါတယ်။ အင်္ဂလန်အသင်းဟာ ပွဲစကတည်းက ထိုးဖောက် တိုက်စစ်ဆင် ကစားကာ ပွဲအစ ၃ မိနစ်မှာပဲ အဖွင့်ဂိုးရခဲ့ပြီး စကော့တ်က အနီးကပ် ပိတ်သွင်းပေးခဲ့ပါတယ်။



ဒီနောက် ပွဲချိန် မိနစ် ၄၀ မှာ ဝှိုက်တ်က အင်္ဂလန်အတွက် ဒုတိယဂိုးသွင်းပြီး ပထမပိုင်းမှာ အင်္ဂလန်အသင်း နှစ်ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ နှစ်ဖက်အသင်း ဘောလုံးပိုင်ဆိုင်မှု မတိမ်းမယိမ်းရှိပြီး ထိုးဖောက်ကန်သွင်းခွင့်မှာတော့ အင်္ဂလန်အသင်းက အသာရခဲ့ပါတယ်။

အင်္ဂလန်အတွက် တတိယဂိုးကိုတော့ ပွဲချိန် ၅၇ မိနစ်မှာ ဘရွန့်ဇ်က သွင်းယူပေးခဲ့ပြီး ပွဲအပြီးမှာ အင်္ဂလန်က သုံးဂိုးပြတ်နိုင်ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။

No comments:

Post a Comment