Friday, June 28, 2019

ရန်ကုန်-နေပြည်တော်ကြား ယာဉ်တိမ်းမှောက်လို့ ချင်းအမျိုးသမီးနှစ်ဦး သေဆုံး

ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင်အမှတ် ၁၆၀/၃-၁၆၀/၄ အကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားလို့ ချင်းအမျိုးသမီး (၂)ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ ဇွန်လ ၂၇ ရက်နေ့ ည ၁၁း၁၅ နာရီချိန်ခန့်က အမျိုးသားတစ်ဦးနှင့် အမျိုးသမီး (၄) ဦးလိုက်ပါ စီးနင်းခဲ့သော ပါရာဒိုကားသည် အမြန်လမ်း မိုင်တိုင်အမှတ် ၁၆၀/၃-၁၆၀/၄ အကြားတွင် နောက်ဘီးနှစ်ဘီးလုံးပေါက်ပြီး အရှိန်မထိန်းနိုင်ဖြစ်ကာ ယာဉ်မှာနှစ်ပတ်လည်၍ တိမ်းမှောက်ခဲ့ရသည်။


ယာဉ်ပေါ်ပါ (၅) ဦး အနက် အမျိုးသမီး (၂)ဦးမှာ အခင်းဖြစ်သည့်နေရာတွင်သေဆုံးခဲ့ရပြီး ကျန် (၃) ဦးမှာဒဏ်မှာရာရရှိကြသဖြင့် တောင်ငူဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

သေဆုံးသွားသူ နှစ်ဦးအနက် တစ်ဦးမှာ ထန်တလန်မြို့နယ်၊ S0pum ဇာတိ မ Jenny Van Lak Pek ဟုသိရပြီး ကျန်တစ်ဦးမှာ ဟားခါးမြို့ဟောင်းနေ ဒေါ် Huat Men လို့သိရပါတယ်။

No comments:

Post a Comment