Friday, June 28, 2019

ဓာတ်အားခ တိုးမြှင့်ခြင်းက အစိုးရအကျိုးအမြတ် ရှာလိုခြင်း မဟုတ်ဟု ရန်ကုန်ဝန်ကြီးချုပ်ပြော

လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ခြင်းသည် အစိုးရက အ ကျိုးအမြတ်ရှာလိုခြင်း မဟုတ် ကြောင်း ရန်ကုန်တိုင်းဝန်ကြီး ချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။ ရေနံဓာတ်ငွေ့ အရည် (LNG)ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပါက ကုန်ကျစရိတ် ဓာတ်အားခတစ်ယူနစ်လျှင် ကျပ် ၁၁၀ ခန့်ဈေးရှိသဖြင့် ယခုပြောင်း လဲသည့်ဈေးနှုန်းက မျှခြေတစ်ခု သို့ ရောက်လာကြောင်း ၀န်ကြီး ချုပ်ကပြောသည်။ ‘‘နည်းနည်းပဲ ပေးရတာက နေပြီး နည်းနည်းပိုပေးရတာ မျှ ခြေတစ်ခုကို ဖြစ်ဖို့ပါပဲ’’ဟု ဦးဖြိုး မင်းသိန်းက ဆိုသည်။



လျှပ်စစ်ဓာတ်အားအတက်၊ အကျများခြင်းနှင့် မကြာခဏမီး ပြတ်ခြင်းကို ပြောင်းလဲနိုင်မည်ဟု ၀န်ကြီးချုပ်က မျှော်လင့်နေသည်။ လာမည့် တစ်နှစ်၊ ၂ နှစ်အတွင်း မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ် အား တည်ငြိမ်လာမည်ဟု ၎င်းက ဆိုသည်။

လက်ရှိလျှပ်စစ်ဓာတ်အားခ နှုန်းထားသည် အစိုးရက ဓာတ် အားထုတ်လုပ်မှုတိုးမြှင့်လုပ်ကိုင် နိုင်ပြီး စီးပွားရေးလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုတိုးလာနိုင်သည်ဟု ၎င်းကဆိုသည်။ လျှပ်စစ်ဓာတ် အားခများ တိုးလာပါက မကုန်ကျ သင့်သော မီးစက်အသုံးပြုမှု၊ ထိန်းသိမ်းစရိတ်များ သက်သာ နိုင်သည်ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။ မီတာခများ တိုးမြှင့်ခြင်းက မြန်မာနိုင်ငံအတွက် အရေးပါပြီး အပြုသဘောဆောင်သည့် လုပ် ဆောင်ချက်များဖြစ်ကြောင်း မြန် မာနိုင်ငံဆိုင်ရာ အမေရိကန်သံ အမတ်ကြီး စကော့မာစီရယ်က ပြောသည်။ မီတာခတိုးမြှင့်ခြင်းက အမေရိကန်ရင်းနှီးမြှုပ်နှံမှုများ ပို မိုဆွဲဆောင်နိုင်မည်ဟုဆိုသည်။

No comments:

Post a Comment