Friday, June 28, 2019

ဂျပန်မှာ G20 အစည်းအဝေးပွဲ စတင်

ဂျပန်နိုင်ငံမှာ စက်မှုထိပ်သီးနိုင်ငံ (၂၀) - G20 အစည်းအဝေးပွဲကို စတင်ပြုလုပ်နေပြီလို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။ အိုဆာကာ မြို့မှာ အခုလ (၂၈) နဲ့ (၂၉) ရက်တွေမှာ (၂) ရက်ကြာ ပြုလုပ်သွားမှာပါ။ ဂျပန် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ဥက္ကဌအဖြစ် ဦးဆောင်ကျင်းပတဲ့ ဒီအစည်းအဝေးပွဲကို G20 အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေနဲ့ ဖိတ်ကြားထားတဲ့ ပြည်ပနိုင်ငံတွေက အကြီးအကဲတွေ တက်ရောက်လာကြပြီး နိုင်ငံတကာ အရေးကိစ္စတွေကို ညှိုနှိုင်းဖြေရှင်းသွားကြမှာဖြစ်ပါတယ်။
အထူးသဖြင့် အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရေး စစ်ပွဲ၊ ပထ၀ီနိုင်ငံရေး တင်းမာမှုတွေနဲ့ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု အရေးကိစ္စတွေကို အဓိကထားပြီး ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။ ဒီအစည်းအဝေးပွဲမှာ အမေရိကန်နဲ့ တရုတ်ရဲ့ ကုန်သွယ်ရေး စစ်ပွဲ အကြောင်းအရာက လွှမ်းမိုးနေပြီး နိုင်ငံတကာ ခေါင်းဆောင်တွေကလည်း အမေရိကန် သမ္မတ ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ အပေါ် အာရုံစိုက်နေကြပါတယ်။ ထရမ့်နဲ့ ရှီကျင့်ဖျင်တို့ ကြား ကုန်သွယ်ရေး စစ်ပွဲ အဆုံးသတ်စေဖို့ သဘောတူညီမှု ရနိုင်ချေ ရှိ၊ မရှိ ထင်ကြေးပေးမှုတွေလည်း အမျိုးမျိုး ထွက်ပေါ်နေပါတယ်။ ဒါ့အပြင် အခုရက်ပိုင်းတွေအတွင်း အမေရိကန်နဲ့ အီရန်ကြား တင်းမာမှုမြင့်တက်လာတာကိုလည်း ကမ္ဘာ့ ခေါင်းဆောင်တွေကြား ဆွေးနွေးညှိနှိုင်းသွားမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

No comments:

Post a Comment