Friday, June 28, 2019

ဂျပန် နိပွန်ကုမ္ပဏီက Grand Guardian ကုမ္ပဏီ၏ ရှယ်ယာဝယ်ယူ

ဂျပန်အသက်အာမခံ ကုမ္ပဏီ Nippon ကရွှေတောင် ကုမ္ပဏီအုပ်စု၏ လက်အောက်ခံ ကုမ္ပဏီ Grand Guardian ထံမှ ဒေါ်လာ ၂၁ သန်းတန်ရှယ်ယာ  ၃၅ ရာခိုင်နှုန်းကိုဝယ်ယူကြောင်း သတင်းထုတ်ပြန်သည်။ ဂျပန်ကုမ္ပဏီနှင့် ပြည်တွင်း   အာမခံကုမ္ပဏီ Grand Guardian သည် Grand Guardian Nippon အသက်အာမခံ ကုမ္ပဏီအဖြစ် ပြောင်းလဲ လုပ်ကိုင်မည်ဖြစ်ပြီး ယခုနှစ်အောက်တိုဘာတွင် ခွင့် ပြုမိန့်ရရှိနိုင်သည်ဟု ဂျပန် ကုမ္ပဏီကဆိုသည်။



မြန်မာနိုင်ငံတွင် အသက် အာမခံလုပ်ငန်းသည် ၂၀၁၃ က စတင်ဖွံ့ဖြိုးတိုးတက်နေပြီး ရေ ရှည်တွင် မြန်မာနိုင်ငံ၌ အသက် အာမခံလုပ်ငန်းကြီးထွားလာမည် ဟုမျှော်မှန်းထားကြောင်း ဂျပန် ကုမ္ပဏီကထုတ်ပြန်သည်။

ယခုရှယ်ယာဝယ်ယူမှုတွင် ဂျပန်ကုမ္ပဏီက ၃၅ ရာခိုင်နှုန်း ပိုင်ဆိုင်၍ Grand Guardian ကုမ္ပဏီက ရှယ်ယာ  ၆၅ ရာခိုင် နှုန်းပိုင်ဆိုင်မည်ဟု   ထုတ်ပြန် ထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍   Grand Guardian ကုမ္ပဏီအုပ် ချုပ်မှုဒါရိုက်တာ ဦးမျိုးနောင်ထံ ဆက်သွယ်မေးမြန်းရာ အဆိုပါ ရှယ်ယာဝယ်ယူမှုကို မှတ်ချက် ပေးရန်  ငြင်းဆိုသည်။ Nippon ကုမ္ပဏီကို ၁၈၈၉ တွင်စတင်တည်ထောင်ခဲ့ပြီး ဂျ ပန်နိုင်ငံ၌ အကြီးဆုံးအာမခံ  ကုမ္ပဏီဖြစ်သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာန၏ ဇန်န၀ါရီ ၂ ရက်ကြေ ညာချက်အရ နိုင်ငံခြားကုမ္ပဏီ များသည် အသက်အာမခံနှင့် အ ထွေထွေ အာမခံလုပ်ငန်းဟူ၍ နှစ်မျိုး လုပ်ကိုင်ခွင့်ရမည်ဖြစ်သည်။

အသက်အာမခံတွင် ရွေး ချယ်ခွင့်နှစ်ခုရှိပြီး တစ်ခုသည် နိုင်ငံခြားသားအာမခံကုမ္ပဏီအ ဖြစ် ၁၀၀ ရာခိုင်နှုန်းအပြည့် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အ ခြားတစ်ခုသည်ပြည်တွင်း၌ ကိုယ် စားလှယ်ရုံးဖွင့်လှစ်ထားသည့် နိုင်ငံခြားအာမခံကုမ္ပဏီနှင့် ပြည် တွင်း အသက်အာမခံကုမ္ပဏီတို့  ဖက်စပ်ဆောင်ရွက်ခြင်း ဖြစ် သည်။ အထွေထွေအာမခံတွင် နိုင် ငံခြားကုမ္ပဏီများကို ပြည်တွင်း   ကုမ္ပဏီများနှင့်သာ ဖက်စပ်လုပ် ကိုင်ခွင့်ပြုမည်ဖြစ်သည်။

အစိုးရက ဟောင်ကောင်  အခြေစိုက် AIA ကုမ္ပဏီ၊ အမေ ရိကန်အခြေစိုက် Chubb Tempest Reinsurance ကုမ္ပဏီ၊ ဂျပန်အာမခံကုမ္ပဏီ Dai Ichi Life Insurance၊ ကနေဒါအခြေ စိုက် Manufacturers Life  ကုမ္ပဏီနှင့် Prudential ဟောင် ကောင်ကုမ္ပဏီတို့ကို ရာနှုန်းပြည့် အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ပေး ခဲ့သည်။ ထိုနိုင်ငံခြား ကုမ္ပဏီများ သည် ၂၀၁၉ နှစ်ကုန်တွင် လုပ် ငန်းစတင်ခွင့်ရမည်ဖြစ်သည်။

No comments:

Post a Comment