Friday, June 28, 2019

ပြည်တွင်းကုမ္ပဏီကိုးခုက စင်ကာပူရောက် ကျွမ်းကျင်မြန်မာလုပ်သား ၁၀၀ ကျော်ကို အလုပ်ပြန်လည်ခန့်ထားရန် စီစဉ်

 ပြည်တွင်းကုမ္ပဏီကိုးခု က စင်ကာပူရောက်ကျွမ်းကျင်မြန် မာလုပ်သား ၁၀၀ ကျော်ကို အ လုပ်ပြန်လည်ခန့်ထားရန်စီစဉ်နေ သည်ဟု MyJobs.com.mm အလုပ်အကိုင်ရှာဖွေရေးဝက်ဘ် ဆိုက်မှ ဈေးကွက်မန်နေဂျာကိုသူ ကြွယ်ခန့်စိုးက ပြောသည်။ စင်ကာပူရောက်ကျွမ်းကျင် မြန်မာလုပ်သားများ အနေဖြင့် ပြည်တွင်းရှိ ကုမ္ပဏီများတွင် ပြန်လည်အလုပ်လုပ်ကိုင်နိုင်စေ ရန် MyJobs.com.mm က ‘Jobs for Myanmar Repats - MyJobs Singapore Campaign’ ကို ဇွန်လ ၂၁ ရက်ကစ၍ တစ်လအကြာ အွန်လိုင်းမှတစ်ဆင့် ပြုလုပ်နေခြင်းဖြစ်သည်။



ယင်းအစီအစဉ်တွင် ပြည် တွင်းရှိထိပ်တန်းကုမ္ပဏီကိုးခုက နိုင်ငံတကာ လုပ်ငန်းအတွေ့အ ကြုံရှိ ကျွမ်းကျင်မြန်မာလုပ်သား များ(ငွေစာရင်း၊ ရုံးပိုင်းနှင့်သက် ဆိုင်ရာဘာသာရပ်အလိုက် ရာ ထူးမြင့်နေရာများ၊ မန်နေဂျာအ ဆင့်ဝန်ထမ်းများ) ခေါ်ယူခန့် ထားရန် ပူးပေါင်းပါဝင်ထားခြင်း ဖြစ်သည်။

‘‘ကျွန်တော်တို့က အလုပ်သ မားခေါ်မယ့် ကုမ္ပဏီတွေအတွက် ဝက်ဘ်ဆိုက်ဖွင့်ထားပေးတယ်။  အလုပ်လျှောက်ချင်တဲ့သူက အဲဒီ ဝက်ဘ်ဆိုက်ထဲဝင်ပြီး သူနဲ့သင့် တော်မယ့်ကုမ္ပဏီ၊ လုပ်ငန်းအမျိုး အစားကို ရွေးဝင်ပြီး အွန်လိုင်း ကတစ်ဆင့် CV ဖြည့်လျှောက် နိုင်စေမှာဖြစ်ပါတယ်။ လက်ရှိ အချိန်ထိ စိတ်ဝင်စားမှုတော် တော်များများရှိနေပါတယ်’’ ဟု ကိုသူကြွယ်ခန့်စိုးက ပြောသည်။

စင်ကာပူနိုင်ငံတွင် သွား ရောက်လုပ်ကိုင်နေသည့် ကျွမ်း ကျင်မြန်မာလုပ်သားများအနေ ဖြင့် အခွင့်အလမ်းကောင်းများ ကို အိုးမကွာ၊ အိမ်မကွာရရှိစေ ရန်ရည်ရွယ်၍ ယင်းအစီအစဉ် ပြုလုပ်ရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။ အဆိုပါအစီအစဉ်သည် စင် ကာပူရောက်မြန်မာလုပ်သားများ ကို ဦးတည်ထားသော်လည်းနိုင်ငံ တကာ လုပ်ငန်းအတွေ့အကြုံ ရှိသည့် ကျွမ်းကျင်မြန်မာနိုင်ငံ သား မည်သူမဆိုဝင်ရောက် လျှောက်ထားနိုင်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

No comments:

Post a Comment