Friday, June 28, 2019

နှစ်ပေါင်း ၁၅၀ သက်တမ်းရှိသည့် သစ်ပင်ကြီးကိုမခုတ်ဘဲ သစ်ပင်ကိုငုံကာ လေးထပ်တိုက်ကြီးဆောက်လုပ်ထား

Image may contain: plant, shoes, tree, bridge and outdoorအိန္ဒိယနိုင်ငံ Jabalpur မြို့မှမိသား စုတစ်ခုသည် ၁၉၉၄ ခုနှစ်၌အိမ်ချဲ့ရန်လုပ် ဆောင်သည့်အခါ ဥယျာဉ်ထဲမှနှစ်ပေါင်း ၁၅၀ သက်တမ်းရှိသည့်သစ်ပင်ကြီးကိုမ ခုတ်ပစ်ဘဲ သစ်ပင်ကြီးကိုငုံကာ လေးထပ် တိုက်ကြီးတည်ဆောက်ခဲ့ကြသည်ဟု သိ ရသည်။ မြို့ထဲတွင် ၎င်းတို့နေအိမ်သည် အ လွန်ခမ်းနားလှပြီး လေးထပ်တိုက်ထဲ၌ရှိ နေသောသစ်ပင်ကြီးအပြင် သစ်ကိုင်းများ ကလည်း အိမ်၏ပြတင်းပေါက်များမှာ ထိုး ထွက်လျက်ရှိသည်။
၂၅ နှစ်ကြာအောင် လေးထပ်တိုက်ကြီးထဲရောက်နေသော် လည်း သစ်ပင်ကြီးသည် နှစ်စဉ်အသီးသီး ကာ အရွက်များဝေဝေဆာဆာဖြာထွက် နေလေ့ရှိသည်။ အိမ်ထဲတွင် သစ်ပင်ကြီး ကိုလှည့်ပတ်သွားလာနေရသည့်တိုင် အောင် မိသားစုဝင်များက ပျော်ရွှင်နေလေ့ ရှိသည်။ အိန္ဒိယတွင် သဖန်းပင်ကြီးကို အ လေးအမြတ်ထားကြပြီး မခုတ်ကောင်းဟု ယူဆကြသည်။ အိမ်ပိုင်ရှင်များက သစ်ပင် ကြီးသည် အရိပ်အာဝါသအတွက် အလွန် ကောင်းမွန်လှသည်ဟုလည်း ဆိုခဲ့ကြ သည်။ အင်ဂျင်နီယာနှင့်ဗိသုကာကျောင်း သားများက အိမ်ကြီးတည်ဆောက်ထားပုံ ကို လာရောက်လေ့လာလေ့ရှိကြပြီး မြို့ထဲ ၌လည်း ဆွဲဆောင်မှုတစ်ခုဖြစ်လာခဲ့သည် ဟု သိရသည်။

No comments:

Post a Comment