Friday, June 28, 2019

လက်ပံတန်းမြို့နယ် ခမုံဆိပ်​ အထက်​တန်း​ကျောင်းတွင် ​ကျောင်းသူများကို သရဲဝင်​ပူးသောကြောင့် မိဘများစိုးရိမ်​ထိတ်​လန့်​​နေ

ပဲခူးတိုင်းဒေသကြီး လက်​ပံတန်းမြို့နယ်​ ခမုံဆိပ်​ကျေးရွာ အ​ခြေခံပညာအထက်​တန်း​ကျောင်းတွင်​ဇွန်​လ၂၇ရက်​နံနက်​ ၁၀နာရီအချိန်​ခန့်​ကကျောင်းသူ၂၀ခန့်​ကို သရဲဝင်​ပူးသောကြောင့် ကျောင်းသူ မိဘများ စိုးရိမ်​ထိတ်​လန့်​​နေ​ကြောင်း အဆိုပါအထက်​တန်း​ကျောင်းမှသိရှိရသည်​။ "သရဲဝင်​ပူးတာဟုတ်​ပါတယ်​ အ​ယောက်​နှစ်​ဆယ်​လောက်​ရှိတယ်​ ဟိုတုန်းက​သေ သွားတဲ့​ကျောင်​စောင့်​​တွေက ဝင်​ပူးတာလို့​ပြောတယ်​ ငိုတဲ့သူကငိုနဲ့ ​ဆေးရုံသွားတဲ့သူကသွားကြတယ်​နှစ်​​ယောက်​​လောက်​က သတိလစ်​​နေတုန်းဘဲ ဒီ​နေ့လည်​​တော့ ​ကျောင်းပိတ်​လိုက်​တယ်​ ​သေ သွားတဲ့​ကျောင်း​စောင့်​​တွေရဲ့မိသားစုဝင်​​တွေက ပရိတ်​ရွတ်​မယ်​ ဆွမ်း​ကျွေးမယ်​​ပြောတယ်​"ဟု​ကျောင်းသူမိဘတစ်​ဦးက ပြောကြားသည်​။



အဋ္ဌမတန်း ၊နဝမတန်းနှင့် ဒသမတန်း​မှကျောင်းသူ​စုစု​ပေါင်းနှစ်​ဆယ်​​ခန့်​ကို သရဲဝင်​ပူးခြင်းဖြစ်​​ကြောငိးု့​ကျောင်းသူမိဘ ဖြစ်​​သော ​ဒေါ်​အေး​အေးက ပြောသည်။"တစ်​ချို့က လုံချည်​​တွေစွဲချွတ်​တယ်​ တစ်​ချို့က ခုံ​တွေ လွှတ်​ပစ်​တယ်​။ဘယ်​လိုမှ ထိန်းလို့မရဘူး ။တော်​​တော်​ကြမ်းတယ်​။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဘုရားစာရွတ်​တာလည်းမရဘူး။ အိမ်​ပြန်​​ခေါ်သွား​တော့လည်း​ကျောင်းပြန်​ပို့​ပေးလို့​အော်​​နေကြတယ်​။ ကျွန်​မတို့လည်း အရမ်းစိုးရိမ်​ ထိတ်​လန့်​ရပါတယ်​" ဟု Speakerသို့ ပြောသည်​။

ကျောင်းသူ​များသည်​သချိုင်္င်း​စောင့်​မဖဲဝါ​ခေါ်တမ်းကစားကြ​ခဲ့ကြသောကြောင့်​ ​ယခုကဲ့သို့ ဖြစ်နေရသည်ဟု ပြောဆို​မှုများဖြစ်​​ပေါ်​နေသည်​။

`က​လေး​တွေကို ဘုရားခန်း​ရွှေ့တယ်​။ မိဘ​တွေကလည်းစိုးရိမ်​ပြီး​ရောက်​လာကြ​တော့အထိတ်​တလန့် ဖြစ်​ကြတာ​ပေါ့ ။အဲ့ဒါ နဲ့​နေ့ခင်း​ကျောင်းပိတ်​လိုက်​တယ်​။ ပြီးခဲ့တဲ့နှစ်​ကအခုလိုဖြစ်​လိုက်​​သေးတယ်​ ဒါပေမဲ့ အခု​လောက်​မဟုတ်​ဘူး ခဏပဲဖြစ်​တာပါ။ဒီနှစ်​ဒီလိုဖြစ်​တယ်​ဆို​တော့ သိပ်​မယုံချင်​ပေမယ့်​ ဘုန်းကြီး​တွေပင့်​ပြီးပရိတ်​ရွတ်​ ရတယ်​"ဟု​ကျောင်းအုပ်​ဆရာကြီးဦး​မောင်​​မောင်​မြင့်​က​ပြောကြားသည်​။

သတိလစ်​သွား​သောကျောင်းသူ​များကွို ​ဆေးရုံ သို့ပို့​ပြီး​ဆေးကုသမှုခံယူရာ ဆရာဝန်​မှ​အားနည်း၍ဖြစ်​​ကြောင်း မှတ်​ချက်​​ပေး​​ပြောကြားပြီး​ကျောင်းသူတစ်​ဦးမှာဆေးရုံတွင်​ အ​ကြော​ဆွဲကာ သက်​သာမှုမရှိ​သော​ကြောင့်​အိမ်သို့ပြန်​၍ဆရာ​တော်​တစ်​ပါးမှပရိတ်​ရွတ်​ဆို​​ပေးရာသရဲထွက်​သွားပြီးသက်​သာသွား​ကြောင်း​ကျောင်းဆရာမတစ်​ဦးထံမှ​သိရှိရသည်​။

No comments:

Post a Comment