Friday, June 28, 2019

ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီ ခြောက်မြို့နယ်ရှိ လယ်သမားများနှင့် ယနေ့တွေ့ဆုံမည်

 နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည်  ဇွန်လ ၂၈ ရက်တွင် ဓနုဖြူ မြို့၌ မြို့နယ်ခြောက်ခုမှ လယ်သ မားများနှင့်  တွေ့ဆုံမည်ဖြစ် ကြောင်း  လွှတ်တော်ကိုယ်စား လှယ်အချို့က  ပြောသည်။ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ယခုနှစ်ဆန်းကစတင် ၍ တိုင်းဒေသကြီးနှင့်ပြည်နယ်များ  တွင် လူထုတွေ့ဆုံပွဲများပြုလုပ်ခဲ့ပြီး ယင်းတွေ့ဆုံပွဲများ၌ လယ် သမားများ ပါဝင်ဆွေးနွေးမှုရှိ သော်လည်း လယ်သမားများနှင့် သီးသန့်တွေ့ဆုံမှုသည် ပထမဆုံး အကြိမ်ဖြစ်သည်။ တွေ့ဆုံပွဲကို ဓနုဖြူမြို့ရှိ ကဉ္စနကျွန်းသာကုမ္ပ ဏီပိုင် သီးနှံအခြောက်ခံစက်ရုံ ၀င်းအတွင်း ပြုလုပ်မည် ဖြစ် သည်။



‘‘လယ်သမားတွေရဲ့အခက် အခဲကိုသိချင်လို့။ ခါတိုင်းတွေ့ဆုံ ပွဲကတော့ ဒီ့ပြင်ကိစ္စတွေပြောတာ ပေါ့။ အခုဟာကတော့ လယ်သ မားတွေကိစ္စနဲ့ ပတ်သက်ပြီး သူ့ ကိုတင်ပြဖို့ပဲ’’ ဟု ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ်တစ်ဦးကပြောသည်။

ဇလွန်၊ ဓနုဖြူ၊ ဟင်္သာတ၊ ညောင်တုန်း၊ ရေကြည်၊ ပန်းတ နော် မြို့နယ်ခြောက်ခုမှ  လယ်သ မား ၇၅ ဦးစီ ဖိတ်ကြားထားပြီး ကုမ္ပဏီများနှင့် အကျိုးတူလယ် ယာစနစ်လုပ်ကိုင် နေသည့်လယ် သမား ၁,၆၀၀ ကျော်ကိုလည်း ဖိတ်ကြားထားသည်ဟုဆိုသည်။

အထက်ပါ  တွေ့ဆုံပွဲကို မြန်မာ့အသံနှင့်   ရုပ်မြင်သံကြား (MRTV)၊  မြန်မာ့အသံရေဒီယို၊ MITV,  သမ္မတရုံးဖေ့စ်ဘွတ်ခ်စာ မျက်နှာ၊    အတိုင်ပင်ခံရုံးဖေ့စ်ဘွတ်ခ်စာမျက်နှာအပါအ၀င် နိုင်ငံပိုင်မီဒီယာများ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် သည် ပြီးခဲ့သည့် ဧပြီလဆန်းတွင်  ဧရာဝတီတိုင်းဒေသကြီးသို့ သွား  ရောက်ပြီး ပုသိမ်၊ ကျောင်းကုန်း၊ ပန်းတနော်၊ ညောင်တုန်း၊  မအူပင်၊ အိမ်မဲစသည့် မြို့နယ်များ၌ လူထုတွေ့ဆုံပွဲများ   ပြုလုပ်ခဲ့သည်။

No comments:

Post a Comment