Friday, June 28, 2019

ယခု နှစ်ကုန်ပိုင်းမှာ လက်ထပ်တော့မယ့် ကေတီပယ်ရီနဲ့အော်လန်ဒိုဘလွန်း

 ပြီးခဲ့သည့် ချစ်သူ များနေ့က စေ့စပ်ခဲ့သည့် မင်းသား အော်လန်ဒိုဘလွန်းနှင့် အဆို တော်ကေတီပယ်ရီတို့သည် ယခု နှစ်ကုန်တွင် လက်ထပ်မည်ဖြစ် ကြောင်း အော်လန်ဒိုဘလွန်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ် ခုကပြောကြားသည်။ လက်ထပ်ပွဲ အသေးစိတ် အစီအစဉ်အားလုံးကို အပြီး သတ်ဆောင်ရွက်ရန် ပွဲစီစဉ်သူ တစ်ဦးအား ဆောင်ရွက်ခိုင်းထား ပြီး ကေတီပယ်ရီက ဦးဆောင်နေ ကြောင်း ယင်းသတင်းရင်းမြစ်က  ပြောကြားသည်။ ယင်းလက်ထပ် ပွဲသည် မိသားစုဝင်များ၊ မိတ်ဆွေ သူငယ်ချင်းများနှင့် အတူပျော်စ ရာပွဲတစ်ခုဖြစ်မည်ဟု သတင်း ရင်းမြစ်က ပြောသည်။


အော်လန်ဒိုဘလွန်းနှင့် ကေ တီပယ်ရီတို့က ၎င်းတို့၏လက်ထပ်ပွဲကို ကြီးကြီးကျယ်ကျယ်လုပ်ရန်   သဘောတူထားကြောင်းယခုနှစ် စောစောပိုင်းက ၎င်းတို့နှင့်ရင်းနှီး သောနောက်သတင်းရင်းမြစ်တစ် ခုကပြောကြားသည်။

ချစ်သူများနေ့က ကေတီ ပယ်ရီ (၃၄) နှစ်နှင့် အော်လန်ဒို  ဘလွန်း (၄၂) နှစ်တို့စေ့စပ် ကြောင်း ကြေညာခဲ့ပြီး ကေတီ ပယ်ရီက ပန်းပွင့်ပုံစံစိန်လက်စွပ် ကို ဖော်ပြခဲ့သည်။

No comments:

Post a Comment