Friday, June 28, 2019

ကျိုင်းတုံမြို့မ ရဲစခန်းရှိ စိတ်ကြွဆေးပြားများ ပျောက်ဆုံးမှု ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ထောင်ဒဏ်၁၀ နှစ်အထိ ချနိုင်သော မူးယစ်ဆေးဝါးဥပဒေဖြင့် တရားစွဲဆို

ကျိုင်းတုံမြို့မရဲစခန်းမှ စိတ်ကြွဆေးပြားများ ပျောက်ဆုံး မှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်နှစ် ဦးကို ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သော မူးယစ်ဆေးဝါး ဥပဒေဖြင့် တရားစွဲဆိုခဲ့သည်ဟု ကျိုင်းတုံခရိုင် ရဲတပ်ဖွဲ့မှူးကပြော သည်။  ‘‘သိမ်းဆည်းထားသော ပစ္စည်းကို ကိုယ်ကျိုးအတွက်သုံး လို့ အမှုဖွင့် တရားစွဲဆိုလိုက် တယ်’’ ဟု ကျိုင်းတုံခရိုင် ရဲတပ်ဖွဲ့ မှူးရဲမှူးကြီးမြင့်ဆွေက ဇွန်လ ၂၇ ရက်တွင် ပြောသည်။



ကျိုင်းတုံ မြို့မရဲစခန်းမှ သက်သေခံ ပစ္စည်းထိန်းသိမ်းရေး တာဝန်ခံ ရဲတပ်ကြပ်ကြီးမြင့်နိုင် နှင့် ရဲတပ်သားတစ်ဦးကို မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ (ဃ) ဖြင့် တရားစွဲဆိုခြင်း ဖြစ်သည်။ ပြစ်မှုနှင့် သက်ဆိုင် သည့်ပစ္စည်းကို ဖျောက်ဖျက်ခြင်း၊ မသမာသောနည်းဖြင့် ပြောင်းလဲ ခြင်း၊ အစားထိုးခြင်း၊ ရောစပ် ခြင်း၊ ပစ္စည်း၏အလေးချိန် ပမာ ဏ (သို့မဟုတ်) အရေအတွက်ကို မမှန်မကန်ဖော်ပြခြင်း ပြုလုပ်ပါ က ထောင်ဒဏ်အနည်းဆုံးငါးနှစ် မှ အများဆုံး၁၀ နှစ်အထိ ချမှတ် ရမည့်အပြင် ငွေဒဏ်လည်းချမှတ် နိုင်သည်ဟု မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေး ၀ါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၈ (ဃ) တွင် ဖော်ပြထားသည်။ ကျိုင်းတုံမြို့မရဲစခန်းပစ္စည်း ထိန်းသိုလှောင်ခန်းတွင် သက် သေခံပစ္စည်းအဖြစ် သိမ်းဆည်း ထားသော တစ်ထုပ်လျှင်  တစ်ကီ လိုပါ အိုက်စ်စိတ်ကြွဆေးပြား အ ထုပ် ၁၀၃ ထုပ်အနက် ၆၄ ထုပ် ကို ဆား (သို့မဟုတ်) ကျောက်ချဉ် ဖြင့် လဲလှယ်ထားကြောင်း ပြီးခဲ့ သည့် မေလကုန်က စစ်ဆေးတွေ့ ရှိခဲ့သည်။ ပျောက်ဆုံးသော မူ ယစ်ဆေးဝါးတန်ဖိုးသည် ကျပ် သိန်း ၁၂,၀၀၀ ခန့် တန်ကြေးရှိ သည်။ ဝေဖန်မှုများပြားခဲ့သော အဆိုပါအမှုကို မြန်မာနိုင်ငံရဲတပ် ဖွဲ့ ဒုတိယရဲချုပ် အောင်နိုင်သူ ကိုယ်တိုင် ကျိုင်းတုံမြို့သို့ လာ ရောက်စစ်ဆေးခဲ့သည်။ ရဲတပ် ဖွဲ့က ကျိုင်းတုံမြို့မရဲစခန်းမှ ရဲ တပ်ကြပ်ကြီးမြင့်နိုင်နှင့် ရဲတပ် သားတစ်ဦးကို ဖမ်းဆီးပြီး တရား စွဲဆိုထားသည်။

No comments:

Post a Comment