Friday, June 28, 2019

တိုင်းရင်းသားအဖွဲ့များ၏ မူးယစ်ဆေးဝါးဆန့်ကျင်သည့် လှုပ်ရှားမှုများကို ကြိုဆိုကြောင်း တပ်မတော်တာဝန်ရှိသူပြော မူးယစ်ဆန့်ကျင်ရေးကို လက်တွေ့ကျစွာ လုပ်ဆောင်ရန်လိုဟုပြော

တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါး ဆန့်ကျင်သည့် လှုပ်ရှားမှုများကို  ကြိုဆိုကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အ တွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက ပြောသည်။ ‘ဝ’ လက်နက်ကိုင်အဖွဲ့ (UWSA)နှင့် မိုင်းလားလက်နက် ကိုင်အဖွဲ့ (NDAA) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ဇွန်လ ၂၆ ရက်တွင် ကျ ရောက်သည့်  အပြည်ပြည်ဆိုင် ရာ မူးယစ်ဆေးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက် ဖျက်ရေးနေ့ အခမ်းအနား အ ထိမ်းအမှတ်အဖြစ် မူးယစ်ဆေး ဝါးများမီးရှို့ဖျက်ဆီးခြင်း၊ မူးယစ်တိုက်ဖျက်ရေးအခမ်းအနား ကျင်းပခြင်းတို့ ပြုလုပ်ခဲ့သည်။



‘‘မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး မီးရှို့ပြတာကတော့ မူးယစ် ဆေးဝါးနဲ့ ပတ်သက်ပြီး ဆန့်ကျင် တယ်ဆိုတဲ့  သဘောထားမျိုး  အ ခြေခံယူဆချက် ရှိပြီးသားဖြစ် တယ်ဆိုတာ ဒါမျိုးကတော့ ကျွန်တော်တို့ ကြိုဆိုရမှာပါ။ အဲဒီ အခြေခံယူဆချက်နဲ့အညီပဲ လက် တွေ့မှာလည်း လက်တွေ့ကျကျ  လုပ်ဆောင်ဖို့လိုပါတယ်’’ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြော ကြားသည်။

မူးယစ်ဆေးဝါး ဆန့်ကျင် ရေးကို လက်တွေ့ကျစွာ လုပ် ဆောင်ပါက   မူးယစ်ဆေးဝါးထုတ် လုပ်ဖြန့်ဖြူးသည်ဆိုသော မြန်မာနိုင်ငံအပေါ် စွပ်စွဲချက်များ   လျော့ပါးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

မူးယစ်ဆေးဝါးသည် ပုံစံ အမျိုးမျိုးနှင့် ပေါ်ပေါက်လာနေကြောင်း ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက ပြောသည်။

‘‘အရင်တုန်းကတော့ ဘိန်းနဲ့ ဘိန်းဖြူပေါ့။ အခုနောက်ပိုင်းက တော့ စိတ်ကြွဆေး WY ဆိုတဲ့ဟာ ပေါ်လာတော့ အန္တရာယ်ကတော့ ဆက်လက်ကြီးမားနေဆဲပဲ’’ဟု ၎င်းက ဆိုသည်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် အဓိကစိန်ခေါ်မှုများ သည် တိုင်းရင်းသားဒေသများ၌ ဖွံ့ဖြိုးမှု နောက်ကျနေခြင်း၊ လက် နက်ကိုင်အဖွဲ့အစည်းများ၏ စီး ပွားရေးလုပ်ငန်းသည် မူးယစ်ဆေး ဝါးထုတ်လုပ်သည့် လုပ်ငန်းပုံစံ ဖြစ်နေခြင်းတို့ဖြစ်သည်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြော ကြားသည်။

ထို့အပြင် မူးယစ်ဆေးဝါး လုပ်ငန်းနှင့် ပတ်သက်ပြီး တပ် မတော်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့အချို့ ပတ်သက်မှု ရှိနိုင် ကြောင်း၊ တပ်မတော်အနေဖြင့် မူးယစ်ဆေးဝါးနှင့် ပတ်သက် သည့် တပ်မတော်သားများကို လည်း ပြင်းထန်စွာ အရေးယူနေ ကြောင်း ၎င်းက ပြောသည်။ ‘ဝ’လက်နက်ကိုင်အဖွဲ့ (UWSA) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအ နေဖြင့်လည်း ၎င်းတို့ နယ်မြေဒေသတွင်း မူးယစ်ဆေးဝါးတိုက် ဖျက်ရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်နေကြောင်း၊ မူးယစ်ဆေးဝါးလုပ်ငန်းလုပ်ကိုင်သူများ ကို ပြင်းထန်စွာ အရေးယူကြောင်း ပြောသည်။

No comments:

Post a Comment