Friday, June 28, 2019

တွေ့ရင်အကြောင်းကြားပေးပါ တာချီလိတ်မှ လူပျောက်ကြော်ငြာ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဝေလေလှန်နေ အသက်(၂၂)နှစ်ရှိ စိုင်းဖစ်သည် ၂၀၁၉ခုနှစ် ဇွန်လ(၃)ရက်နေ့ ည(၁၁)နာရီခွဲဝန်းကျင်က နေအိမ်မှ တဆင့် ဆိုင်ကယ်ဖြင့် ထွက်သွားရာက ယနေ့ ဇွန်လ(၂၇)ရက်နေ့အထိ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသေးသည့်အတွက် မိသားစုဝင်များက စိုးရိမ်ပူပန်နေသည့်အတွက် ၎င်းအား တွေ့ရှိရသူများအနေဖြင့် ဖုန်းဖြင့် ဆက်သွယ်၍ အကြောင်းကြားပေးနိုင်ပါရန် အကူအညီတောင်းလာပါသည်။ နေအိမ်မှ တဆင့် လိုင်စင်ပါသည့် ဆိုင်ကယ်အမှတ် ၂၇ယ/၁၇၉၀၄ ဆိုင်ကယ်ဖြူနက်ရောက်ဖြင့် ထွက်သွားသည့် စိုင်းဖစ်သည်အား တွေ့ရှိရသူများအနေဖြင့် ဖုန်း 09797546744 ၊ 09251559696 နှင့် 09894607690 သို့ ဆက်သွယ်အကြောင်းကြားပေးနိုင်ရန် အကူအညီတောင်းခံထားရှိသည်။

No comments:

Post a Comment