Friday, June 28, 2019

ဒီမိုကရက်တစ်ကိုယ်စားလှယ်လောင်းများက ၂၀၂၀ ရွေးကောက်ပွဲအတွက် ပထမဆုံးအကြိမ်စကားစစ်ထိုး

ဇွန် ၂၆ ရက်တွင် ဖလော်ရီဒါ၌ ဒီမိုကရက်တစ်ကိုယ်စားလှယ်လောင်းများ၏ စကားစစ်ထိုးပွဲတွင် ပါဝင်နေသူသုံးဦးကို တွေ့ရစဉ် (Photo – AFP)၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ကိုယ်စားလှယ်လောင်းများက ပထမအကြိမ် စကားစစ်ထိုးပွဲ၏ ပထမမြောက်နေ့အဖြစ် ဇွန် ၂၆ ရက်တွင် စကားစစ်ထိုးခဲ့ကြပြီး မက်ဆာချူး ဆက်ပြည်နယ်မှ အထက်လွှတ်တော်အမတ် အလစ်ဇဘတ်ဝါရင်းက ထိပ်တန်းကိုယ်စားလှယ်လောင်းအဆင့်ကို ပြသခဲ့ကာ အခြားကိုယ်စားလှယ်လောင်းများကလည်း လူဝင်မှုကြီးကြပ်ရေးကိစ္စကို အကြောင်းပြု၍ ပေါ်လွင်ထင်ရှားစေရန် ကြိုးပမ်းခဲ့ကြသည်။ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေး ကောက်ပွဲမဲဆွယ်မှုအပြီး အကြီးကျယ်ဆုံးဖြစ်သော အမေရိကန်နိုင်ငံရေးစကားစစ်ထိုးပွဲ၏ ဒုတိယမြောက်နေ့ ဇွန် ၂၇ ရက်တွင် ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒင်၊ ဝါရင့်နိုင်ငံရေးသမား ဘာနေးဆန်းဒါးနှင့် အခြားကိုယ်စားလှယ်လောင်းရှစ်ဦးတို့က ယှဉ်ပြိုင်မည်ဖြစ်ပြီး အထွတ်အထိပ်သို့ရောက်မည် ဖြစ်သည်။

ပထမနေ့ စကားစစ်ထိုးပွဲတွင် ကွန်ဂရက် အမတ်ဟောင်း Beto O’Rourke ၊ အထက်လွှတ်တော်အမတ် ကိုရီဘွတ်ကာ၊ ဆန်အန်တိုနီယိုမြို့တော်ဝန်ဟောင်း ဂျူလီယန်ကက် စထရို၊ နယူးယောက်မြို့တော်ဝန် ဘီလ်ဒီဘ လာစီယိုစသည်တို့ ပါဝင်ခဲ့ကြပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ်၊ စီးပွားရေးဆိုင်ရာ မညီမျှမှုမှသည် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး၊ သေနတ်အကြမ်းဖက်မှု၊ အီရန်တင်းမာမှုနှင့် လူဝင်မှုကြီးကြပ်ရေးကိစ္စများအထိ အချေအတင် ဆွေးနွေးခဲ့ကြသည်။

ゞင်းတို့သည် လက်ရှိသမ္မတဒေါ်နယ်ထရန့်၏ စီးပွားရေးနှင့်လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒများအား ဝေဖန်ခဲ့ကြသော်လည်း နောင်တက်လာမည့်သမ္မတသည် နိုင်ငံအား ပိုမိုလစ်ဘရယ်ကျသောလမ်းကြောင်းသို့ မည်သို့လျှောက်မည်နှင့်ပတ်သက်၍ သဘောထားကွဲလွဲခဲ့ကြသည်။


အသက် ၇၀ ရှိပြီဖြစ်သည့် ဝါရင်းက ချမ်းသာသူများအား အခွန်ကောက်ခြင်း၊ နည်းပညာကုမ္ပဏီကြီးများအား ခွဲထုတ်ခြင်းနှင့် အမေရိကန်ရွေးကောက်ပွဲစနစ် လုံခြုံရေးစသည့် ゞင်း၏ ဦးစားပေးအစီအစဉ်များကို ချပြခဲ့ပြီး သဘောထားစစ်တမ်းတွင် ထောက်ခံမှု ၁၀ ရာခိုင်နှုန်းကျော်ရရှိခဲ့သည့် တစ်ဦးတည်းသောသူ ဖြစ်ခဲ့သည်။

ပုဂ္ဂလိကအာမခံစနစ်ကို ဖျက်သိမ်းပြီး အစိုးရ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်သို့ပြောင်း၊ မပြောင်းနှင့်ပတ်သက်၍ ပါတီအတွက် အငြင်းပွားဖွယ် မေးခွန်းအတွက် ကိုယ်စားလှယ်လောင်းများအကြား သဘောထားကွဲလွဲခဲ့ကြသည်။

နယ်စပ်၌ လူဝင်မှုအကျပ်အတည်းဆိုးရွားလာခြင်း၊ ထိန်းသိမ်းခံထားရသည့် ကလေးများသည် အလွန်အမင်းဆိုးရွားသောအနေအထား၌ နေထိုင်နေရခြင်း၊ အမေရိကန်သို့ ဝင်ရောက်ရန် ကြိုးပမ်းစဉ် အယ်ဆာဗေးဒိုး အမျိုးသားတစ်ဦးနှင့် ゞင်း၏သမီးဖြစ်သူတို့ ရီယိုဂရန်ဒီမြစ်ထဲ၌ ရေနစ်သေဆုံးမှုအား ရိုက်ကူးထားသည့် ထိတ်လန့်ဖွယ်ဓာတ်ပုံ စသည့်စကားစစ်ထိုးပွဲ၏ နောက်ခံအကြောင်း အရာနှင့်ပတ်သက်၍ ကိုယ်စားလှယ်လောင်းများအကြား အချေအတင်ဖြစ်ခဲ့ကြသည်။

ဂျီ-၂၀ ထိပ်သီးတက်ရောက်ရန်အတွက် ဇွန် ၂၆ ရက်တွင် အာရှဒေသသို့ ခရီးထွက်ခဲ့သော ထရန့်က Air Force One လေယာဉ်စီးနေစဉ် ゞင်း၏ ပြိုင်ဘက်ဖြစ်လာနိုင်သူများအား Twitter မှတစ်ဆင့် ဝေဖန်ခဲ့သည်။ ထိုစကားစစ်ထိုးပွဲသည် ငြီးငွေ့စရာကောင်းကြောင်းလည်း ゞင်းက ရေးသားခဲ့သည်။ ဒီမိုကရက်များသည် အမေရိကန်၏ အိပ်မက်များအား ဖျက်သိမ်းပစ်မည့် အမေရိကန်လူမှုဝန်းကျင်အား ထိန်းချုပ်မည့် တော်လှန်လိုသောအစိုးရတစ်ရပ်ကို အဆိုပြုနေကြောင်းလည်း ထရန့်က ဝေဖန်ပြောကြားခဲ့သည်။

အသက် ၇၆ နှစ်ရှိ ဘိုင်ဒင်နှင့် အသက် ၇၇ နှစ်ရှိ ဆန်းဒါးတို့သည် ထိုပြိုင်ပွဲမှတစ်ဦးတည်းသော လူမည်းအမျိုးသမီးဖြစ်သည့် အထက်လွှတ်တော်အမတ် ကာမာလာဟားရစ်၊ အင်ဒီယားနားပြည်နယ် ဆောက်ဘင်း မှ ဂေးတစ်ဦးဖြစ်သည့် အသက် ၃၇ နှစ်ရှိ မြို့တော်ဝန် Pete Buttigieg စသည့်ကိုယ်စားလှယ်လောင်းများနှင့် အချေအတင် ဆွေးနွေးရမည်ဖြစ်သည်။

No comments:

Post a Comment