Friday, July 12, 2019

ဖွဲ့စည်းပုံပြင်ဆင်ရေးသာ အဓိကဖြစ်ကြောင်း ဦးမင်းကိုနိုင် တိုက်တွန်း

တိုင်းပြည်၏အနေအထားက အာရုံထွေပြားစေရန် လှည့်ဖြားမှု များရှိနေပြီး အကြောင်းအရာပေါ်လိုက်၍ စိတ်ဝမ်းမကွဲဘဲ ဖွဲ့စည်းပုံ ပြင်ဆင်ရေး သာလျှင် အဓိကဖြစ်ကြောင်း ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးမင်းကိုနိုင်က တိုက်တွန်းပြော ကြားသည်။ ယမန်နေ့က ကျောက်ဆည်မြို့၌ နှစ်ရက်ကြာပြုလုပ်သော ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းနယ်ကွန်ရက်များ စုံညီတွေ့ဆုံဆွေးနွေးပွဲတွင် ဦးမင်းကိုနိုင်က အဖွင့်မိန့်ခွန်းပြောကြားရာ ထိုကဲ့သို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။



‘‘တိုင်းပြည်ရဲ့အခြေအနေက အားလုံးသိကြတဲ့အတိုင်းပဲ အာရုံ ထွေပြားလောက်အောင် လှည့်နေတာတွေရှိသလို ဗျူဟာကျကျ ခင်းလာ တဲ့ အရေးကိစ္စတွေလည်း တော်တော်များပါတယ်။ အထူးသဖြင့် ပိုပြီး တော့ အရေးကြီး လာတဲ့အချိန်ရောက်ရင် ပိုပြီး တော့ရှုပ်ထွေးမယ့်ကိစ္စတွေ ပေါ်လာတာမြင်လာရဦးမှာပါ။ အဲဒီတော့ ကျွန်တော်ပြောချင်ပါတယ်။ အကြောင်းအရာ (Issue)တွေနောက်ကို လိုက်ပြီးတော့ စိတ်ဝမ်းမကွဲမိဖို့ ကျွန်တော်ကြိုတင်ပြီးတော့ တိုက်တွန်းထားပါတယ်’’ ဟု ဦးမင်းကိုနိုင်က ပြောသည်။

‘‘ကျွန်တော်တို့ မေဂျာဖြစ် တဲ့၊ အဓိကပင်မရေစီးဖြစ်တဲ့နိုင်ငံ ရေးရဲ့ အရေးကြီးတဲ့ဆုံးဖြတ်ချက် တွေအပေါ်မှာတော့ ကျွန်တော် တို့အလုပ်မကွဲဖို့လိုပါတယ်။ပင်မ ရေစီးဖြစ်တဲ့ဖွဲ့စည်းပုံပြင်ဆင်ရေး သာလျှင် အဓိကဖြစ်တယ်ဆိုတာ ကို မျက်ခြည်မပြတ်အောင် ဘယ် အကြောင်းအရာတွေပဲတက်လာ လာ ကျွန်တော်တို့အကြောင်းအ ရာကြောင့် ကွဲတာမျိုးမဖြစ်ဘဲနဲ့ ကျွန်တော်တို့အားခိုင်မာနေဖို့ သ တိတရတိုက်တွန်းပါတယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့အပြင် လက်ရှိအချိန် သည် ယခင်ကာလထက် တာဝန်ပိုကြီး သည့်အချိန်ရောက်လာပြီ ဖြစ်ကြောင်း ဦးမင်းကိုနိုင်က နယ် ကွန်ရက်လူငယ်များကို မှာကြား သည်။ ထို့ကြောင့် အဆင်သင့်ပြင် ဆင်ထားရန်လည်း ၎င်းကပြော သည်။

‘‘အဲဒီအဆင်သင့်ဆိုတဲ့ထဲ မှာ ဘာတွေလဲဆိုတော့ ကျွန် တော်တို့သိသည်ဖြစ်စေ၊ မသိ သည်ဖြစ်စေ ဗျူဟာတွေရဲ့သ ဘောကိုတော့ နောကျေအောင် သာလုပ်ထားကြပါ။ ကျွန်တော် တို့ ခေတ်မီသမျှသမိုင်းတစ် လျှောက်မှာ ဘယ်လိုအချိန်မျိုးမှာ ဘယ်လိုအာရုံလွှဲခဲ့တယ်။ ကျွန် တော်တို့ မျက်ခြည်အပြတ်မခံဘဲ နဲ့ ဘယ်လိုချီတက်ခဲ့တယ်ဆိုတာ ပြန်တွေးပါ’’ ဟု ဦးမင်းကိုနိုင်က ပြောသည်။

‘‘ကျွန်တော်တို့လူတွေဟာ ဒီလမ်းကို ချောမယ်ထင်လို့ရွေးခဲ့ တာမဟုတ်ပါဘူး။ ရောက်မှာ ယုံ လို့ ဖောက်ခဲ့ကြတာပါ။ ကျွန် တော်တို့ဖောက်သမျှရောက်မှာ ပါ။ စိတ်ချပါ၊ ဒါဘယ်သူကမှ တန်ခိုးတစ်စုံတစ်ရာနဲ့ ဖောက်ပေး မှာလည်း မဟုတ်ပါဘူး’’ ဟု ၎င်း ကဆက်လက်ပြောသည်။

ထို့ကြောင့် ရုန်းကန်ရမည်ဆို ပါက အဆင်သင့်ရှိရန်နှင့် တည် ဆောက်မည်ဆိုပါက အားပြိုင်မှု များတွင် ပါဝင်ရန် စွမ်းအင်ပြည့်ဝ သည့်မျိုးဆက်များ လိုကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်း ဆောင်က ပြောသည်။

ယမန်နေ့ကပြုလုပ်သည့်၈၈ ငြိမ်း၊ပွင့် နယ်ကွန်ရက်များစုံညီ တွေ့ဆုံဆွေးနွေးပွဲသို့ သံဃာ တော်များအပါအ၀င် လူပုဂ္ဂိုလ် စုစုပေါင်း ၃၀၀ ခန့်တက်ရောက် ကြောင်း ကျောက်ဆည်မြို့ ၈၈ ငြိမ်းပွင့်မှ ကိုစိုးသီဟက ပြော သည်။ အဆိုပါတွေ့ဆုံပွဲသို့ မန္တ လေးတိုင်းဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်လည်း တက် ရောက်ပြီး အမှာစကားပြောကြား ကြောင်း ၎င်းကဆက်လက်ပြော သည်။
‘‘နိုင်ငံအတွက် အဓိကအ ရေးအကြီးဆုံး ဖြစ်နေတာက ၂၀၀၈ ခြေဥပြင်ပေးဖို့က အဓိက ကျတာပေါ့လေ။ လာမယ့် ၁၇ ရက်နေ့ဆိုရင် လွှတ်တော်မှာတင် မယ့်ရက်ပေါ့။ တစ်ဖက်မှာလည်း တရားဥပဒေစိုးမိုးရေးရော၊ သက် ငယ်မုဒိမ်းတွေကျဆင်းရေးအ တွက် တောင်းဆိုနေကြတာပေါ့။ အဲဒါလည်း ဖြစ်သင့်တာမှန်တယ်။ ဒီနေရာမှာ ခြေဥကိစ္စနဲ့လာတိုက် နေတာပေါ့။ တကယ်ကို အရေး ကြီးတဲ့အခြေအနေမှာ ခြေဥကို ပိုမိုအားထည့်စေချင်တာပေါ့။ ခြေဥကပြင်ဆင်ပြီးသွားရင် အခု တောင်းဆိုနေတဲ့အရာတွေ၊ ငြိမ်း ချမ်းရေးကိစ္စတွေက အားလုံးအ ဆင်ပြေမယ်လို့ထင်တယ်။ အဲဒါ ကြောင့် ကိုမင်းကိုနိုင်ကပြောတာ လို့မြင်တယ်’’ ဟု ကိုစိုးသီဟက ပြောသည်။

No comments:

Post a Comment