Friday, July 12, 2019

တရုတ်နိုင်ငံသို့ သစ်ပို့မှုပမာဏ နှစ်နိုင်ငံစာရင်း အဆပေါင်းများစွာကွာဟ

 မြန်မာနိုင်ငံမှ တရုတ် နိုင်ငံသို့ တင်ပို့သော သစ်ပမာဏ စာရင်းတွင် တရုတ်အကောက် ခွန်ဆိုင်ရာ စာရင်းအင်းနှင့် မြန်မာ အကောက်ခွန်ဦးစီးဌာန စာရင်း များအရ တန်ဖိုးအဆပေါင်းများ စွာ ကွာဟနေကြောင်း  သဘာဝ သယံဇာတ အရင်းအမြစ်တူးဖော် ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့် လင်းမြင်သာမှု ဖော်ဆောင်ရေး (EITI)က ထုတ်ပြန်သည့် သစ်တောကဏ္ဍ အစီရင်ခံစာ၌ ဖော်ပြထား သည်။ တရုတ်နိုင်ငံ Forest Trends က စုစည်းထားသော တရုတ်အ ကောက်ခွန်ဆိုင်ရာ စာရင်းဇယားအရ မြန်မာမှ တရုတ်သို့ တင်ပို့သည့် သစ်ပမာဏသည် ၂၀၁၄-၁၅ အတွင်း ကန်ဒေါ်လာသန်း ၃၀၀ ကျော်ရှိပြီး မြန်မာအကောက် ခွန်ဦးစီးဌာနတွင် ကန်ဒေါ်လာ ၁၅ သန်းဟု ဖော်ပြထားသည်။



၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် တွင် တရုတ်အကောက်ခွန်ဆိုင် ရာ စာရင်း၌ ဒေါ်လာသန်း ၁၀၀ ကျော်ဖြစ်ပြီး မြန်မာအကောက် ခွန်ဦးစီးဌာန  စာရင်းဇယားတွင် ကန်ဒေါ်လာ ၁၅ သန်းဟုသာ ဖော်ပြထားသည်။

ထို့အပြင် EITI မှ အချက် အလက်နှင့် အခြားအရင်းအမြစ် များမှ ရရှိသည့် အချက်အလက်များကို တိုက်ဆိုင်စစ်ဆေးရာတွင် လည်း ကွဲလွဲမှုများရှိနေသည်ဟု မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့မှ အရပ်ဘက် လူမှု အဖွဲ့ကိုယ်စားလှယ် ဒေါ်မိုးမိုး ထွန်းက ပြောသည်။

‘‘ဒါက ပြီးခဲ့တဲ့ အစိုးရလက် ထက်မှာ ဆိုပေမယ့် ဘယ်မှာ စလွဲလဲဆို ၁၉၈၉ ခုနှစ် နိုင်ငံပိုင် စီးပွားရေးဥပဒေကနေပြီး လွဲတာပါ’’ဟု ၎င်းက ဆက်လက်ပြောသည်။

နိုင်ငံတကာ အပူပိုင်းသစ် တောအဖွဲ့အစည်း (ITTO) ၏ သတင်းအချက်အလက်အရ  မြန်မာနိုင်ငံသစ်လုပ်ငန်းကဏ္ဍမှ ၂၀၁၄ အတွင်းသစ်ခွဲသား တန်ချိန် ၄ ဒသမ ၂ သန်းခန့် ထုတ်လုပ်နိုင်သည်ဆိုသော်လည်း  မြန်မာ့သစ်လုပ်ငန်းနှင့် သစ်တောဦးစီး ဌာနနှစ်ခုစလုံး၏ ပေးပို့အစီရင်ခံ သော ကိန်းဂဏန်းများမှာမူ ကုဗ တန်ချိန်တစ်သန်းခန့် လျော့နည်းနေသည်ဟု ဖော်ပြထားသည်။

မြန်မာ့သစ်လုပ်ငန်းမှ သစ်ထုတ်လုပ်ရောင်းချမှုနှင့် ပြန်လည် ရရှိလာသည့် အမြတ်ငွေ နှိုင်းယှဉ် ပါက အမြတ်ငွေက ပိုမိုများပြား နေခြင်း၊ မြန်မာ့သစ်လုပ်ငန်းက သစ်ထုတ်လုပ်ရာတွင် တစ်ဆင့်ခံ ဆပ်ကန်ထရိုက်တာများကို ငွေကြေးဆိုင်ရာ စံသတ်မှတ်မှုမရှိ ခြင်းများကိုလည်း အစီရင်ခံစာ ၌ ဖော်ပြထားသည်။

မြန်မာ့သစ်လုပ်ငန်းက သစ် ထုတ်လုပ်ရောင်းချမှုနှင့် ပြန်လည် ရရှိလာသည့် အမြတ်ငွေနှိုင်းယှဉ် ပါက အမြတ်ငွေက ပိုမိုများပြား နေခြင်း၊ မြန်မာ့သစ်လုပ်ငန်းက သစ်ထုတ်လုပ်ရာတွင် တစ်ဆင့်ခံ ဆပ်ကန်ထရိုက်တာများကို ငွေ ကြေးဆိုင်ရာ စံသတ်မှတ်မှုမရှိ ခြင်းများကိုလည်း အစီရင်ခံစာ ၌ ထောက်ပြထားသည်။

‘‘တစ်ဆင့်ကန်ထရိုက်တာ တွေကို ပေးတယ်။ ငှားရမ်းတယ် ဆိုပေမယ့် သူတို့ကို ဆားဗစ်ကြေး ပေးချေထားတဲ့ ငွေ မတွေ့ရဘူး။  သစ်နဲ့ပဲ ချေသလားပေါ့။ ဒါကို မေးခွန်းထုတ်ချင်ပါတယ်’’ ဟု ဒေါ်မိုးမိုးထွန်းက ပြောသည်။

မြန်မာ့သစ်လုပ်ငန်းက သစ်ထုတ်လုပ်ရာတွင် အတွေ့အကြုံ ရှိသည့်  ဆပ်ကန်ထရိုက်တာများ ကိုသာ ရွေးချယ်လုပ်ကိုင်စေပြီး ယင်းတို့ကို   ငွေကြေးပေးချေမှုနှင့် ပတ်သက်၍ မြန်မာ့သစ်လုပ်ငန်း ဦးစီးတွင်  ကုမ္ပဏီတစ်ခုချင်းစီအ တွက် စာရင်းများရှိသည်ဟု မြန်မာ့ သစ်လုပ်ငန်း အထွေထွေမန်နေ ဂျာ ဦးညီညီထွန်းက ပြောသည်။

‘‘လုပ်ငန်းငှားလုပ်တာ၊ လုပ်ငန်းအပ်တာ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့အလုပ်ကို ကိုယ်စား လုပ်ပေးဖို့ လုပ်အားခပေးတယ်။ ကန်ထရိုက်ပေးလိုက်ရင်  ပိုက်ဆံ ပေးရတယ်။ ကန်ထရိုက်ကို ပေးချေမှုသည် နှစ်စဉ် တစ်ယောက်ချင်းစီကို စာရင်းရှိတယ်။ ဘာဖြစ်လို့ မပေးလဲဆို သူတို့မတောင်းလို့’’  ဟု ဦးညီညီထွန်းက ပြောသည်။

သစ်တောကဏ္ဍ အစီရင်ခံစာတွင် ၂၀၁၄- ၂၀၁၅ ဘဏ္ဍာရေး နှစ်တွင် အခွန်ငွေကျပ်သန်း ၁၀၀နှင့်အထက် ပေးဆောင်သော ကုမ္ပ ဏီများနှင့် သစ်ထုတ်လုပ်မှု တန် ချိန် ၁၀,၀၀၀နှင့် အထက်အဆင့်ရှိ ကုမ္ပဏီ ၁၉ ခုနှင့် ၂၀၁၅- ၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် အခွန်ကျပ် သန်း၁၀၀ နှင့်အထက် ပေးဆောင်သော ကုမ္ပဏီများနှင့် သစ်ထုတ်လုပ်မှုတန်ချိန် ၁၀,၀၀၀ အထက်အဆင့်ရှိ ကုမ္ပဏီ ၁၆ ခုတို့ကို စာရင်းတိုက်ဆိုင်စစ်ဆေးရာတွင် ထည့်သွင်းခဲ့သည်။

EITI အဖွဲ့၏ စာရင်းတိုက် ဆိုင်စစ်ဆေးမှုတွင် မြန်မာ့သစ် လုပ်ငန်း၏ ၀င်ငွေစီးဆင်းမှုသည် ၂၀၁၄- ၂၀၁၅ ဘဏ္ဍာရေးနှစ် အတွင်း ပြည်တွင်းအခွန်ဦးစီးဌာန သို့ ၀င်ငွေခွန်အဖြစ် ၄၇ဘီလီယံ၊ နိုင်ငံတော်ထည့်ဝင်မှုအဖြစ် ၃၈ဘီလီယံ၊ မြန်မာ့စီးပွားရေးဘဏ် တွင် ထားရှိသော မြန်မာ့သစ်လုပ် ငန်း၏ အခြားစာရင်းရှင် (Other Account) သို့ ၄၀၈ ဘီလီယံထည့် ၀င်ထားပြီး ၂၀၁၅- ၂၀၁၆ ဘဏ္ဍာ ရေးနှစ်တွင် ပြည်တွင်းအခွန်ဦးစီး ဌာနသို့ ၀င်ငွေခွန်အဖြစ် ၁၁၂ ဘီလီယံ၊ နိုင်ငံတော်ထည့်ဝင်မှု အဖြစ် ၉၀ ဘီလီယံ အခြားစာရင်း ရှင်(Other Account)သို့ ၄၀၇ ဘီလီယံ ထည့်ဝင်ထားသည်ဟု ဖော်ပြထားသည်။

သို့သော် မြန်မာ့သစ်လုပ်ငန်း လက်ထောက်မန်နေဂျာ ဦးစိုးရီက ရရှိလာသည့် ၀င်ငွေများမှ ၁၀၀ ရာခိုင်နှုန်းအပြည့်ကို နိုင်ငံတော် ဘဏ္ဍာသို့ ထည့်ဝင်ထားသည်ဟု ဆိုသည်။ သစ်တောကဏ္ဍက ၂၀၁၄ -၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း ၆၉၈ ဘီလီယံ၊ ၂၀၁၅-၂၀၁၆ တွင် ၇၁၄ ဘီလီယံရရှိပြီး ထိုပမာဏသည် မြန်မာနိုင်ငံစုစုပေါင်း ဂျီဒီပီ ၀ ဒသမ ၂ ရာခိုင်နှုန်းရှိသည်။EITI အစီရင်ခံစာအရ တစ် နိုင်ငံလုံး ကျွန်းသစ်ထုတ်လုပ်မှု၏ ၄၆ ရာခိုင်နှုန်းနှင့် သစ်မာထုတ် လုပ်မှု၏ ၆၆ ရာခိုင်နှုန်းသည် စစ်ကိုင်းတိုင်းမှ ထွက်ရှိပြီး ရှမ်းပြည်နယ်သည် ကျွန်းသစ်ထုတ် လုပ်မှု ၂၇ ရာခိုင်နှုန်းနှင့် သစ်မာထုတ်လုပ်မှု ၆ ရာခိုင်နှုန်းဖြင့် ဒုတိယထုတ်လုပ်မှု အမြင့်ဆုံးဖြစ် သည်ဟုဆိုသည်။ ရေနံနှင့် သဘာဝဓာတ် ငွေ့၊ ကျောက်မျက်၊ကျောက်စိမ်းနှင့် သတ္တုကဏ္ဍတို့ပါဝင်သော အစီရင်ခံစာများကို ၂၀၁၃-၂၀၁၄ ကတည်းကထွက်ရှိထားပြီး ပထမနှင့် ဒုတိယအကြိမ် သစ်တောကဏ္ဍအစီရင်ခံစာကို ၂၀၁၉တွင် ပထမဆုံးထုတ်ပြန်ခြင်းဖြစ်သည်။

No comments:

Post a Comment