Friday, July 12, 2019

အစွန်းရောက်ဝါဒတိုက်ဖျက်ရေး ဆာဟယ်နိုင်ငံများကို ပိုမိုထောက်ပံ့ပေးရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဂူတာရက်စ် တိုက်တွန်း

အနောက်အာဖရိက၏ အစွန်းရောက် ဝါဒတိုက်ဖျက်ရေးအတွက် ပိုမိုကူညီထောက်ပံ့ပေးရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က နိုင်ငံတကာအသိုင်းအဝိုင်းကို ဇူလိုင် ၁၀ ရက်တွင် တိုက်တွန်းခဲ့သည်။ြ ပင်းထန်သော အစ္စလာမ္မစ်သောင်းကျန်းမှုသည်  ဆာဟယ်ဒေသတွင် အားလျော့သွားသည့် လက္ခဏာ မပြသခဲ့ပေ။ အခက်အခဲကြုံနေသော ယင်းဒေသအနှံ့တွင် လက်နက်ကိုင်အဖွဲ့များပျံ့နှံ့နေပြီး လူသန်းနှင့်ချီ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသည်။ အစွန်းရောက်ပြဿနာသည် ဆာဟယ်ဒေသတစ်ဝန်းပျံ့နှံ့နေပြီး မာလီ၊ ဘာကီနာဖာဆို၊ နိုင်ဂျာ၊ ချဒ်နှင့် မောရစ်တေးနီးယားနိုင်ငံတို့၏ ပူးတွဲတပ်ဖွဲ့ G – 5 Sahel သည် ဂျီဟတ်ဝါဒီများကို နှိမ်နင်းရန် ပြည်ပမှ ကူညီထောက်ပံ့မှုများစွာရရှိရန် လိုအပ်ကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။

“အကြမ်းဖက်ဝါဒ အားကောင်းလာတာကို မြင်ရတာ ဝမ်းနည်းစရာပါပဲ။ အကြမ်းဖက်ဝါဒက မာလီမှာ စတင်ခဲ့တယ်။ နောက်ဘာကီနာဖာဆို၊ နိုင်ဂျာနိုင်ငံတွေကို ပျံ့နှံ့ခဲ့တယ်။  အခုအချိန်မှာ ဂါနာ၊ ဘီနင်၊တိုဂိုနဲ့ အိုင်ဗရီကို့စ်က သမ္မတတွေနဲ့ ဆွေးနွေးနေတယ်။ အကြမ်းဖက်ဝါဒက သူတို့ရဲ့နယ်စပ် ဒေသတွေအထိရောက်လာပြီလို့ သူတို့က ပြောတယ်” ဟု ဂူတာရက်စ်က ကင်ညာ၏မြို့တော်တွင် ပြုလုပ်သည့် အာဖရိကတွင် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးနှင့်ပတ်သက်သည့် ညီလာခံဖွင့်ပွဲနေ့တွင် ပြောကြားခဲ့သည်။

အဓိကကျသည့် အာဖရိကတပ်ဖွဲ့ဝင်များအတွက် လုပ်ပိုင်ခွင့်အာဏာနှင့် ゞင်းတို့၏ လုပ်ငန်းတာဝန်အတွက် လုံလောက်သည့် ငွေကြေးထောက်ပံ့မှုရရှိရေးသည် အဓိကဖြစ်သည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောကြားခဲ့ပြီး အကြမ်းဖက်တိုက်ဖျက်ရေးတွင် ပူးပေါင်းကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

“အကြမ်းဖက်မှုပျံ့နှံ့နေတဲ့ ဒေသတွင်းမှာရှိတဲ့ နိုင်ငံအားလုံးပါဝင်မယ့် ဘယ်အာဖရိကစီမံချက်ကိုမဆို အခုအချိန်မှာ ဝိုင်းဝန်းကူညီဖို့ အရေးကြီးတယ်လို့ ထင်တယ်” ဟု ဂူတာရက်စ်က ပြောကြားခဲ့သည်။

ပိုမိုအားကောင်းပြီး စုပေါင်းပါဝင်သောတုံ့ပြန်မှုကို လိုအပ်ကြောင်း၊ ယင်းအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက အပြည့်အဝထောက်ပံ့ပေးရန်နှင့် လုပ်ထုံးလုပ်နည်းများ ရှာဖွေရန်လိုအပ်ကြောင်း အနောက် အာဖရိကနိုင်ငံများ၏ သမ္မတများက ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်သည့် နေရာကို အရေးယူပိတ်ဆို့မှု  (သို့မဟုတ်) စစ်ဘက်ဆိုင်ရာကြားဝင်စွက်ဖက်မှုအခြေအနေများ လုပ်ပိုင်ခွင့်ပေးနိုင်သည့် ကုလသမဂ္ဂ ပဋိညာဉ်၏ အခန်း ၅

အရ လုပ်ပိုင်ခွင့်အာဏာရရန်ွ G – 5 Sahel ခေါင်းဆောင်များက အကြိမ်ကြိမ်တောင်းဆိုခဲ့သည်။ သို့သော်ゞင်းတို့၏ တောင်းဆိုချက်သည် ငြင်းပယ်ခံခဲ့ရပြီး ဂူတာရက်စ်က ယင်းအတွက် စိတ်မကောင်းဖြစ်ရသည်ဟု ပြောကြားခဲ့သည်။ွ G – 5 Sahel တပ်ဖွဲ့အတွက် ရန်ပုံငွေရရှိရန် ကြန့်ကြာနေသည်ကိုလည်း အတည်ပြုခဲ့သည်။

ဆီးရီးယားနှင့် အီရန်ကဲ့သို့ပင် လက္ခဏာသွင်ပြင်များတူညီသည့်ဖြစ်စဉ်ကို ကိုင်တွယ်ဖြေရှင်းမှုတွင် နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလုံးက စည်းလုံးရမည်ဟု အာဖရိကသမဂ္ဂကော်မရှင်ဥက္ကဋ္ဌဌ  Moussa Faki Mahamat က ပြောကြားခဲ့သည်။

No comments:

Post a Comment