Friday, July 12, 2019

မြောက်ဥက္ကလာပ သက်ငယ်မုဒိမ်းမှု တစ်လနီးပါးကြာချိန်အထိ တရားစွဲမတင်ရသေး

 မြောက်ဥက္ကလာပမြို့ နယ်၌ ဖြစ်ပွားခဲ့သည့် (၂)နှစ်အရွယ် မိန်းကလေး၏ အဓမ္မမှုဖြစ်စဉ်အတွက် အရှေ့ပိုင်းခရိုင်တရားရုံးသို့ ဥပဒေအကြံပြုချက် တောင်းခံထားသည်ဟု ရွှေပေါက်ကံရဲစခန်းမှ ရဲအုပ်ကျော်စွာဝင်းက ဇူလိုင် ၈ ရက်၌ ပြောကြား သည်။ ဥပဒေအကြံပြုချက် ရရှိပြီး ပါက ရုံးတင်တရားစွဲဆိုခြင်းလုပ် ငန်းများ စတင်ဆောင်ရွက်မည်ဟု ရဲအုပ်ကျော်စွာဝင်းက ဆို သည်။



ကျူးလွန်သူသည် အသက်(၃၉)နှစ်အရွယ်ရှိ ကိုရင်ကြီး ဥုးဥတ္တရ(ခ)ဇေယျာလင်းဖြစ်ပြီး ဖမ်းဆီးခံရစဉ်က ခြိမ်းခြောက်ပြောဆိုမှုများရှိခဲ့သည်ဟု ကလေးငယ်၏ မိသားစုဝင်များက ပြော သည်။

‘‘ကျွန်တော်တို့ကို ပြန်ထွက် လာရင် တွေ့မယ်ပေါ့။ သူက အရင်တုန်းက ထောင်ဝန်ထမ်းဖြစ်ခဲ့ဖူးတယ်လို့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပြန်ပြောတာ သိရတယ်’’ဟု ကလေးငယ်၏ ဖခင်ကပြောသည်။

ကလေးခိုးမှု၊ မုဒိမ်းမှုများ ဖြစ်သည့် ပုဒ်မ ၃၆၃ နှင့် ၃၇၆ တို့ဖြင့် ဇေယျာလင်းကို အမှုဖွင့်ထားပြီး မြောက်ဥက္ကလာပမြို့နယ် တရားရုံးတွင် ရမန်ရယူထား သည်။

ဇွန်လ ၁၆ ရက်က ဖြစ်ပွား ခဲ့သည့် ယင်းဖြစ်စဉ်တွင် မြောက် ဥက္ကလာပမြို့နယ် ရွှေပေါက်ကံ နယ်မြေရှိ ဘုန်းကြီးကျောင်းတစ် ကျောင်း၏အခန်းအတွင်း သားနှင့်သမီးကို သိပ်ထားခဲ့ရာမှ သမီးငယ်သည် နံနက် ၁ နာရီခန့်တွင် ပျောက်ဆုံးသွားခဲ့သည် ယင်းနောက် နီးစပ်ရာဝန်း ကျင်ဒေသများသို့ လိုက်လံရှာဖွေပြီး နံနက် ၉ နာရီခွဲခန့်တွင် မြောက်ဥက္ကလာပမြို့နယ် မော်ကျွန်းရှိ ကားဘော်ဒီရုံ အနောက်ဘက် ကိုင်းတောအတွင်း  ကလေးကိုတွေ့ရှိကာ ရန်ကင်းကလေးဆေး ရုံတွင် ဆေးကုသခြင်း၊ ဆေးစစ်ချက်ရယူခြင်းများ ပြုလုပ်ပြီးနောက် အဓမ္မကျူးလွန်ခံရသည်ဟု ဖခင်က ပြောကြားထားသည်။

No comments:

Post a Comment