Friday, July 12, 2019

ဗစ်တိုးရီးယားအမှုအတွက် အလှူငွေကောက်ခံသည့် ဘဏ်အကောင့်ကို ခေတ္တဆိုင်းငံ့ပြီး ပြန်ဖွင့်ပေး ဘဏ်အကောင့်ကို ပိတ်ခိုင်းခြင်းမရှိဟု ဗဟိုဘဏ်ဒုဥက္ကဋ္ဌပြော

ဗစ်တိုးရီးယားအမှုကိစ္စနှင့်ပတ်သက်ပြီး အလှူငွေ ကောက်ခံနေသည့် ဧရာဝတီဘဏ်အကောင့်ကို ပိတ်ခိုင်းထားခြင်း မရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးစိုးသိန်းက ပြော ကြားသည်။  ဗစ်တိုးရီးယားအမှု အ ထောက်အကူဖြစ်ရေးနှင့် ကလေး ငယ်ရေရှည်ဖွံ့ဖြိုးမှုအတွက် ရည် ရွယ်ဖွင့်လှစ်ထားသည့် ဧရာဝတီ ဘဏ်ငွေစာရင်း ဘဏ်အကောင့် ငွေလွှဲ၍မရဘဲ Suspend (ဆိုင်း ငံ့) လုပ်ခံထားရကြောင်း Victoria’s Finance Team က ယမန် နေ့ ထုတ်ပြန်ခြင်းကိစ္စနှင့် ပတ် သက်ပြီး အဆိုပါတာဝန်ရှိသူက ပြောကြားခြင်းဖြစ်သည်။



‘‘ဒါတွေက ဗဟိုဘဏ်က ပိတ်ခိုင်းတာ မရှိပါဘူး။ ကျွန် တော်မသိဘဲ မပိတ်ဘူး’’ ဟု ဗဟို ဘဏ်ဒုတိယဥက္ကဋ္ဌဦးစိုးသိန်းက ပြောသည်။ ဗစ်တိုးရီးယားအမှုနှင့်ပတ် သက်ပြီး အလှူကောက်ခံမှုသည် တရားမဝင်ဟု ရဲတပ်ဖွဲ့က ထုတ် ပြန်ပြီးနောက် ဧရာဝတီဘဏ်ကို ငွေစာရင်းခေတ္တထိန်းထားပေးရန် မြန်မာနိုင်ငံ ငွေကြေးဆိုင်ရာ စုံ စမ်းထောက်လှမ်းရေးအဖွဲ့က ဇူ လိုင် ၁၁ ရက်တွင် ဖုန်းဆက်အ ကြောင်းကြားသောကြောင့် ငွေ စာရင်းကို ခေတ္တထိန်းသိမ်းခဲ့ သည်။ ထို့နောက် တရားဝင်အ ကြောင်းကြားစာ ရောက်ရှိမလာ သဖြင့် အကောင့်ကိုပြန်လည်ဖွင့် လှစ်ခဲ့သည်ဟု ဧရာဝတီဘဏ် တာဝန်ရှိသူတစ်ဦးက ယမန်နေ့ ညနေတွင် ပြောသည်။

မဖွယ်မရာပြုကျင့်ခံရသည့် နေပြည်တော် Wisdom Hill မူ ကြိုကျောင်းသူ ဗစ်တိုးရီးယားအ တွက် ရည်ရွယ်ကာ အနုပညာရှင် ၏ဇနီး၊ ဆေးတက္ကသိုလ်ကလေး ကျန်းမာပညာဌာနကထိက၊ ရတ နာဆိုင်ပိုင်ရှင်အစရှိသူတို့က ဦး ဆောင်၍ ဧရာဝတီဘဏ်တွင် ဖွင့် လှစ်ထားသော ငွေစာရင်းမှတစ် ဆင့် အလှူငွေများ ကောက်ခံနေ ခြင်းဖြစ်သည်။

အလှူငွေများကို ဗစ်တိုးရီး ယား၏ မိဘနှစ်ပါးငွေကြေးဆိုင် ရာ အခက်အခဲမဖြစ်စေရေး၊ အမှု ရင်ဆိုင်ရာတွင် အထောက်အကူ ဖြစ်ရေး၊ ကလေးငယ်ရေရှည်ဖွံ့ ဖြိုးရေးတို့အတွက် ရည်ရွယ် ကြောင်း Voctora’s Finance Team အဖွဲ့ဝင် ဒေါ်အေးအေးမျိုး ဆက်၏ တရားဝင်ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားထား သည်။

ဘဏ်စာအုပ်နှင့် ATM ကတ်ကို ဗစ်တိုးရီးယားမိသားစု နှင့် အနီးကပ်ကူညီဆောင်ရွက်နေ သူကို    သက္ကမိုးညိုထံ   ထားရှိ မည်ဖြစ်သော်လည်း    ငွေထုတ် ယူနိုင်ရန် Finance Team မှ အ နည်းဆုံးသုံးဦး၏ သဘောတူညီမှု ရရန် လိုအပ်သကဲ့သို့ Mobile Banking ဖြင့် ထုတ်ယူမည်ဆို လျှင်လည်း အသုံးပြုသူအမည်နှင့် လျှို့ဝှက်နံပါတ်ကို Finance Team ထံမှသာရယူနိုင်ရန် စီစဉ် ထားကြောင်း သတင်းထုတ်ပြန် ထားသည်။

Victora’s Finance Team သို့ ဇူလိုင် ၁၀ ရက်အထိ ပြည်သူ များ လှူဒါန်းထားငွေ ကျပ်သိန်း ၁၆၀ ကျော်ရရှိနေပြီဖြစ်ပြီး ဇူလိုင် ၁၁ ရက်က လှူဒါန်းရန် ဘဏ်အ ကောင့်သို့ ငွေလွှဲရာတွင် လွှဲ၍မရ ဖြစ်နေကြောင်း Victoria’s Finance Team က ထုတ်ပြန် သည်။

ထို့ကြောင့် Victoria’s Finance Team မှ ဦးဆောင်ပါ ဝင်သူတစ်ဦးဖြစ်သည့် ဒေါ်အေး အေးမျိုးဆက်က ဧရာဝတီဘဏ် သို့ ဆက်သွယ်မေးမြန်းရာ ဗဟို ဘဏ်ညွှန်ကြားချက်ဖြင့် ဘဏ် အကောင့်ကို Suspend (ဆိုင်းငံ့) လုပ်ခိုင်းထား၍ဖြစ်ပြီး ယင်းကိစ္စ နှင့် ပတ်သက်၍ဘဏ်ကကြေညာ ချက် ထုတ်ပြန်မည်ဖြစ်ကြောင်း ဖြေဆိုခဲ့သည်ဟု ၎င်း၏ တရား ဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာ Jessica Mozart အကောင့်တွင် ယမန်နေ့မွန်းလွဲပိုင်းက ရေးသား ထားသည်။

အလှူငွေလက်ခံနေသော အကောင့်သည် ဇူလိုင် ၁၁ ရက် နံနက်တွင် ပိတ်နေပြီး ညနေ ၄ နာရီခွဲခန့်က ပြန်လည်ပွင့်ပြီဖြစ် ရာ လက်ခံရရှိငွေ ကျပ် ၁၉၆ သိန်းကျော်ရရှိပြီး အလှူငွေထည့် မည့်သူများအနေဖြင့် လှူဒါန်း မည့်ငွေများကိုမလွှဲသေးဘဲ ခေတ္တ ဆိုင်းငံ့ထားရန်နှင့် ပြဿနာများ ရှင်းလင်းပြီးမှသာ အလှူငွေများ ကောက်ခံခြင်းကို ဆောင်ရွက် မည်ဖြစ်ကြောင်း Victoria’s Finance Team က ယမန်နေ့ ညတွင် ထပ်မံကြေညာသည်။ ‘‘အခုအကောင့်ပြန်ပွင့်နေပါ ပြီ။ ဒီထဲက ငွေတွေကိုအချိန်မီ ထုတ်ဖို့ ပြောနေကြတာတွေ့ပါ တယ်။ ကျွန်မတို့အနေနဲ့ အဲဒီလို လုပ်မှ ‘မရိုးသားဘူး’ လို့ အစွပ်စွဲ ခံရနိုင်တာမို့ ငွေတွေထုတ်လိုက်ဖို့ ဆန္ဒမရှိပါဘူး။ အကောင့်ဝင်လို့ရ တဲ့ နောက်ဆုံးအချိန်အထိ Update တွေ စစ်ပြီးယူထားပါ့မယ်’’ ဟု ဒေါ်အေးအေးမျိုးဆက်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေး သားထားသည်။

No comments:

Post a Comment