Friday, July 12, 2019

ကမ္ဘာ့ရွှေဈေးနှုန်း ၁၄၂၁ ဒေါ်လာဝန်းကျင်အထိခုန်တက်ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၁၁၃၆၀၀၀ ဝန်းကျင်အထိ စံချိန်တင်ဆက်လက်မြင့်တက်

ကမ္ဘာ့ရွှေဈေးသည် ဇူလိုင် ၁၁ ရက်တွင် ၁၄၂၁ ဒေါ်လာဝန်းကျင်အထိ ခုန်တက်ပြီး ပြည်တွင်းရွှေဈေးနှုန်းသည် ဇွန် ၂၅ ရက် တွင်ဖြစ်ပေါ်သော ကျပ် ၁၁၃၀၀၀၀ စံချိန် ကို ကျော်လွန်ပြီး ဇူလိုင် ၁၁ ရက်တွင် ကျပ် ၁၁၃၆၀၀၀ အထိ စံချိန်သစ်ထပ်တင်ခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။ြ ပည်တွင်းရွှေဈေးသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇူလိုင် ၂၁ ရက်မှစတင်ကာ ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ၂၀၁၇ ခုနှစ် အတွင်း အမြင့်ဆုံးစံချိန်အဖြစ် ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါစံချိန်ကို ၂၀၁၈ ခု နှစ် သြဂုတ် ၂၃ ရက်တွင် စတင်ကျော်ခဲ့ပြီး စက်တင်ဘာ ၁၁ ရက်မှစတင်ကာ ရွှေဈေးနှုန်း စံချိန်သစ်များ ထပ်တင်ခဲ့ကာ စက်တင်ဘာ ၂၀ ရက်တွင် အမြင့်ဆုံးစံချိန်အဖြစ် ကျပ် ၁၀၄၇၇၀၀ အထိ ဖြစ်ပေါ်ခဲ့သည်။



ထို့နောက် ၂၀၁၈ ခုနှစ် အောက်တိုဘာလဆန်းနောက်ပိုင်း အနိမ့်ဆုံးဈေးနှုန်းအဖြစ် ဒီဇင်ဘာ ၄ ရက်တွင် ကျပ် ၉၈၇၀၀၀ အထိ ကျဆင်းခဲ့သည်။ ဒီဇင်ဘာလအတွင်း ကမ္ဘာ့ရွှေဈေးမြင့်တက်မှုနှင့်အတူ ပြည်တွင်းရွှေဈေးနှုန်း လိုက်ပါမြင့်တက်ခဲ့ရာ ဒီဇင်ဘာ ၈ ရက်တွင် ကျပ် ၁၀၂၈၀၀၀၊ ဒီဇင်ဘာ ၁၂ ရက်တွင် ကျပ် ၁၀၄၂၀၀၀၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် ၁၀၄၅၈၀၀ ဝန်းကျင်ဖြစ်ပေါ်ခဲ့သည်။ ဇန်နဝါရီ ၃ ရက်တွင် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်၌ဖြစ်ပေါ်ခဲ့သော ကျပ် ၁၀၄၇၇၀၀ စံချိန်ကို ကျပ် ၁၀၄၈၅၀၀၊ ဖြင့်ကျော်ဖြတ်ခဲ့ပြီး စံချိန်သစ်များဆက်တိုက်တင်ခဲ့ကာ ဇန်နဝါရီ ၃၁ ရက်တွင် ကျပ် ၁၀၆၃၀၀၀ အထိ ဖြစ်ပေါ်ခဲ့သည်။ ထို့နောက် ရွှေဈေးများ ဆက်လက်မြင့်တက်ခဲ့ရာ ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀ အထိ၊ ၂၀၁၉ ခုနှစ် ဇွန် ၂၁ ရက်တွင် ကျပ် ၁၁၁၅၀၀၀ အထိ ဇွန် ၂၅ ရက်တွင် ကျပ် ၁၁၃၀၀၀၀ စံချိန်တင်ခဲ့ပြီး ဇူလိုင် ၁၁ ရက်တွင် ကျပ် ၁၁၃၆၀၀၀ ဖြင့် စံချိန်သစ်ထပ်တင်ခဲ့သည်။

ပြီးခဲ့သည့်လေးလအတွင်း လအလိုက် အနိမ့်ဆုံးနှင့် အမြင့်ဆုံးရွှေဈေးနှုန်းများမှာ မတ်လအတွင်း ကျပ် ၁၀၄၂၅၀၀-၁၀၇၂၀၀၀၊ ဧပြီလအတွင်း ကျပ် ၁၀၃၆၀၀၀-၁၀၅၅၀၀၀၊ မေလအတွင်း ကျပ် ၁၀၃၆၀၀၀ -၁၀၅၉၀၀၀၊ ဇွန်လအတွင်း ကျပ် ၁၀၅၆၀၀၀-၁၁၃၀၀၀၀ တို့ဖြစ်သည်။

ကမ္ဘာ့ရွှေဈေးနှုန်းကို ပြန်ကြည့်ပါက ၂၀၁၇ ခုနှစ်ဧပြီလမှစ၍ အတက်အဆင်း ကြမ်းလျက်ရှိပြီး လတစ်လအတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးနှုန်းသည် ဒေါ်လာ ၃၀ ခန့်မှ ဒေါ်လာ ၇၀ ခန့်အထိ ကွာခြားခဲ့သည်။ လ အလိုက်ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့်အမြင့် ဆုံးကမ္ဘာ့ရွှေဈေးနှုန်းများမှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ၁၂၂၁-၁၂၈၁ ဒေါ်လာ၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီတွင် ၁၂၇၈-၁၃၂၅ ဒေါ်လာ၊ ဖေဖော်ဝါရီတွင် ၁၃၀၇- ၁၃၄၃ ဒေါ်လာ၊ မတ်တွင် ၁၂၉၂- ၁၃၂၂ ဒေါ်လာ၊ ဧပြီတွင် ၁၂၆၉-၁၃၀၉ ဒေါ်လာ၊ မေတွင် ၁၂၇၀-၁၃၀၆ ဒေါ်လာ၊ ဇွန်တွင် ၁၃၀၅-၁၄၂၃ ဒေါ် လာ ဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး ကွာဟချက် ဒေါ် လာ ၃၀ ဝန်းကျင်မှ ဒေါ်လာ ၁၀၀ ကျော်အထိ ရှိခဲ့သည်။

No comments:

Post a Comment