Friday, July 12, 2019

မြဝတီမြို့တွင် မွေးကင်းစ ကလေးအလောင်းကို သက်ဆိုင်ရာသို့ အကြောင်းမကြားဘဲ သုသာန်သို့ လာရောက် သင်္ဂ࿿ြိုဟ်သည့်ဖခင် အရေးယူခံရ

သေဆုံးနေသော အထောက်အထားမဲ့ မွေးကင်းစ ကလေးငယ်အလောင်းအား ကရင်ပြည်နယ် မြဝတီမြို့ ဟေမာန်ဦး သုသာန်တွင်  လာရောက်မြှုပ်နှံစဉ် ကလေး၏ ဖခင်ဖြစ်သူ ဥပဒေအရ အရေးယူခံရမှု ဇူလိုင် ၁၀ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ြ မဝတီမြို့ အမှတ် (၄) ရပ်ကွက် ဟေမာန်ဦး သုသာန်တွင် အထောက်အထားမဲ့ လာရောက် သင်္ဂ࿿ြိုဟ်သော မွေးကင်းစ ကလေးငယ်အလောင်း တစ်လောင်း လာရောက် ပို့ဆောင်ကြောင်း သတင်းပို့သဖြင့် မြဝတီမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးနိုင်ဝင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်လူကြီးများ သွားရောက် စစ်ဆေးရာ သုသာန်စောင့် ကိုအောင်သူ၊ ဒေါ်အေးရွှေ၊ ကလေး ဖခင်ဖြစ်သူ အောင်ဇော်ဦးတို့နှင့်အတူ အနှီးပိုင်းဖြင့် ထုပ်ထားသော မွေးကင်းစက လေးအသေအလောင်း (ကျား) အား တွေ့ရှိ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။



ကလေးအလောင်းအား ရင်ဝယ်ပိုက် လာရောက် ပို့ဆောင်သူ ကလေး၏ ဖခင် အောင်ဇော်လင်း (၃၄ နှစ်) ဇာနကလမ်း အမှတ်(၄)ရပ်ကွက် နေသူအား သက်ဆိုင်ရာက မေးမြန်းရာ ကိုယ်ဝန် ၁၀ လရှိသော ဇနီးဖြစ်သူ မဝင်းဝင်းမြင့် (၂၄ နှစ်)သည် ဇူလိုင် ၉ ရက် နံနက်က ဗိုက်နာ၍ အရန်သားဖွားဆရာမ ဒေါ်အေးအေးမြင့် (၅၂ နှစ်) က မွေးဖွားပေးခဲ့ရာ ကလေးမှာ အသေမွေးဖွားလာသဖြင့် သက်ဆိုင်ရာ ပြည်သူ့ဆေးရုံကြီး ရပ်ကွက်ရုံးသို့ အကြောင်းမကြားဘဲ  အနှီးထုပ်လျက် ဟေမာန်ဦး သုသာန်သို့ လာရောက် ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မွေးကင်းစကလေး၏ ဖခင်ဖြစ်သူကို အောင်ဇော်လင်းမှာ သားဖွားဆရာမနှင့် ゞင်း၏ယောက္ခမဖြစ်သူ၏ လမ်းညွှန်ချက်အရဟု ဆိုကာ ကလေး သေဆုံးကြောင်း ゞင်း၏ဇနီး မသိရလေအောင် သေဆုံး ကလေးငယ်ကို ရင်ဝယ်ပိုက်၍ မြဝတီမြို့ အမှတ် (၄) ရပ်ကွက်ရှိ ဟေမာန်ဦး သုသာန်တွင် သင်္ဂ࿿ြိုဟ်ရန် သွားရောက်ခဲ့ရာ သုသာန် တာဝန်ရှိသူများက သေစာရင်းမပါ၍ သင်္ဂ࿿ြိုဟ်ခွင့် မပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မွန်းလွဲ ၁ နာရီခွဲခန့်တွင် သေဆုံး ကလေးငယ်အား ရဲဆေးစာနှင့်အတူ  မြဝတီခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး မွေးကင်းစ ကလေးအလောင်းအား သက်ဆိုင်ရာဌာနများသို့ အကြောင်းကြားခြင်း မရှိဘဲ တိတ်တဆိတ် စွန့်ပစ်ကြသူ  အောင်ဇော်လင်းနှင့်  ဒေါ်အေးအေးမြင့်တို့ နှစ်ဦးအား မြဝတီမြို့မရဲစခန်းက ( ပ) ၈၅၈/၂၀၁၉ ၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၁၈ ဖြင့် အမှုဖွင့်အရေးယူ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment