Friday, July 12, 2019

ရီးရဲလ်ဘက်တစ် ဂိုးသမား လိုပက်ဇ်ကို ယူရို ၂၃ သန်းခွဲဖြင့် ရိုးမားခေါ်ယူ

စပိန်လက်ရွေးစင်ဂိုးသ မား ပေါလ်လိုပက်ဇ်သည် ရီးရဲလ် ဘက်တစ်မှ စီးရီးအေအသင်းကြီး ရိုးမားသို့ ပြောင်းရွှေ့မှုအပြီးသတ် ပြီဟု ကလပ်အသင်းများက ပြော ကြားသည်။ ရိုးမားက လိုပက်ဇ် (၂၄)နှစ် ကို ယူရို ၂၃ ဒသမ ၅ သန်းဖြင့် ခေါ်ယူပြီး ငါးနှစ်စာချုပ် ချုပ်ဆိုသည်။ ‘‘ရိုးမားလိုအသင်းမျိုးကို ငြင်းဆိုဖို့ မဖြစ်နိုင်သလောက်ပါ ပဲ။ ဒါဟာ ကျွန်တော့်ကစားသမား ဘဝတစ်ဆင့်တိုးတက်လာတာ ဖြစ်ပြီး ကျွန်တော့်အနေနဲ့ စိန်ခေါ် မှုအသစ်အတွက် အဆင်သင့်ဖြစ် နေပါပြီ’’ ဟု ရိုးမားဝက်ဘ်ဆိုက် ဗီဒီယိုတွင် လိုပက်ဇ်က ပြော သည်။ရိုးမားသည် အမာဒူဒီယာဝါ ရာ၊ ခရစ်တန်ကီ၊ လီယိုနာဒိုစပီ နာဇိုလာတို့ကို ခေါ်ယူပြီးနောက် လိုပက်ဇ်ကို စတုတ္ထမြောက် ခေါ် ယူခြင်းဖြစ်ကာ ယူရိုသန်းတစ်ရာ ကျော် အသုံးပြုခဲ့သည်။


လိုပက်ဇ်သည် ၂၀၁၄ က အက်စ်ပန်ညိုတွင် စတင်ကစား ပြီး ၇၈ ပွဲကစားကာ ၂၀၁၈ က ရီးရဲလ်ဘက်တစ်သို့ ပြောင်းရွှေ့ ခဲ့သည်။ ဘက်တစ်တွင် ၃၅ ပွဲ ကစားခဲ့သည်။

လိုပက်ဇ်သည် ရိုးမားတွင် ဆွီဒင်လက်ရွေးစင် ရိုဘင်အိုလ် ဆင်နှင့် နံပါတ် (၁) နေရာ ယှဉ် ပြိုင်ရမည်ဖြစ်သည်။ ‘‘လိုပက်ဇ်ရောက်ရှိလာတာ ကို ကျေနပ်ပါတယ်။ သူဟာ ငယ် ရွယ်တဲ့ကစားသမားဖြစ်ပေမယ့် လာလီဂါလို ပြိုင်ဆိုင်မှုပြင်းထန် တဲ့လိဂ်မှာ ပွဲပေါင်းတစ်ရာကျော် ကစားပြီးပါပြီ’’ ဟု ရိုးမားအားက စားဒါရိုက်တာ ပက်ထရာချီက ပြောသည်။

No comments:

Post a Comment