Friday, July 12, 2019

မိသားစုနှင့် ပြန်လည်ဆက်သွယ်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးပါရန် မြန်မာသံရုံးသို့ အကူအညီတောင်း

Image may contain: 1 person, standing and outdoorအောက်ဖော်ပြပါပုဂ္ဂိုလ်သည် မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်နေသည်မှာ ကြာမြင့်ပြီဖြစ်ပါသဖြင့် မိသားစုနှင့် ပြန်လည်ဆက်သွယ်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးပါရန် မြန်မာသံရုံးသို့ အကူအညီတောင်းခံလာပါသည်၊ သို့ဖြစ်ပါ၍ အဆိုပါပုဂ္ဂိုလ်အားသိရှိသူ သို့မဟုတ် ၎င်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များအား သိရှိသူအနေဖြင့် ညီမဖြစ်သူ ဒေါ်စိုးယုမွန်၊ အ.မ.က (၅)၊ သင်္ဃန်းကျွန်း၊ ဖုန်းအမှတ် ၀၉-၄၅၈၀ ၂၅၁၅၉ သို့ ဆက်သွယ်အကြောင်းကြားပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်-
၁။ အမည် - ဉီးထွန်းတင့်ဇော်(ခ) ဉီးထွန်းတင့်ဇော်ဝင်း

၂။ ငယ်အမည် - တီလုံး
၃။ မြန်မာနိုင်ငံကူးလက်မှတ်အမှတ်- ၁၀၉၉၃၄ (ထုတ်ပေးရက်စွဲ ၁၉၉၁ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်)
၎။ မိဘအမည် - ဉီးဇော်ဝင်း၊ ဒေါ်ချိုချိုတင်
၅။ မွေးသက္ကရာဇ် - ၁၇-၇-၁၉၆၄၊ (၅၅နှစ်)
၆။ ယခင်နေထိုင်ခဲ့သည့် လိပ်စာ - အမှတ်- ၅၇၊ လေးထောင့်ကန်လမ်း၊ လေးထောင့်ကန်ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။
၇။ နောက်ဆုံးတွေ့ဆုံခဲ့သည့်နေရာ- ပူချွန်း၊ ကွာလာလမ်ပူ ၊ မလေးရှား။
၈။ နောက်ဆုံးသိရှိခဲ့သည့် ၎င်းလုပ်ကိုင်သည့် အလုပ်အကိုင် - ကိုရီယား-မလေးရှား သင်္ဘောတွင်အလုပ်လုပ်ကိုင်ခြင်း။
၉။ နောက်ဆုံးမိသားစုနှင့် အဆက်အသွယ်ရရှိသည့် ခုနှစ်- ၂၀၀၅/၂၀၀၆ ခုနှစ်၊ အင်ဒိုနီးရှား ဆူနာမီအပြီး တစ်နှစ်အကြာ

No comments:

Post a Comment