Friday, July 12, 2019

အမေရိကန်နိုင်ငံ နဲ့ ဗြိတိန်နိုင်ငံရဲ သံတမန် ဆက်ဆံရေး ထူးခြားဖြစ်စဉ်

ဗြိတိသျှ ၀န်ကြီးချုပ် ထရီဇာမေကို (အမိုက်မ) ဟု လည်းကောင်း ၊ သူမ၏ အမေရိကန်ဆိုင်ရာ သံအမတ်ကြီး ကင်မ်ဒဲရက်ခ် (Kim Darroch) ကို (ငကြောင်)ဟု လည်းကောင်း ဒေါ်နယ်ထရမ့် က တွစ်တာ တွင် ဒေါသတကြီး တုံ့ပြန်ခဲ့သည်။ ထိုသို့ ပြောဆိုရခြင်းမှာ အမေရိကန် သမ္မတအပေါ် ဝေဖန်ခဲ့သည့်သံအမတ်ကြီး ကင်မ်ဒဲရက်ခ် ၏ လျှို့ဝှက် ကြေးနန်း ပေါက်ကြားမှု ကြောင့် ဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းလုံး စိတ်ဝင်စားစွာ စောင့်ကြည့် နေကြသည့် ထိုတင်းမာမူ့ နောက်ဆက်တွဲအဖြစ် မနေ့ (၁၀.၇.၁၉)က အမေရိကန်ဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး နှုတ်ထွက်သွားပြီ ဖြစ်သည်။ ဒေါ်နယ်ထရမ့်၏ တုံ့ပြနှ်ု မူများကတော့ လူပြောများ သတင်းတွေချည်းပင်။ ဒေါ်နယ်ထရမ့်က Rocket man ဒုံးပျံ လူသားဟု အမည်ပေးထားသော ကင်ဂျုံအန်းနှင့်လည်း တင်းမာသည့် သဘောထား ကောလဟလ သတင်းများထွက်ပေါ်ခဲ့သော်လည်း (၂) ကြိမ် တိုင်တိုင် တွေ့ဆုံမှု များတွင် ပြုံးရွှင်စွာဖြင့် တွေ့မြင်ခဲ့ကြရပြီးဖြစ်သည်။

No comments:

Post a Comment