Friday, July 12, 2019

အရက်သောက်တတ်သောအလေ့အထကို လုံးဝဖျောက်ဖျက်ရန် လမ်းညွှန်ချက်များ

အရက်သောက်သောအလေ့အထကို ဖျောက်ပစ်လိုသည့် ဆန္ဒနောက်ကွယ်တွင် အကြောင်းရင်းများစွာရှိပြီး လူအချို့သည် အသည်းရောဂါကဲ့သို့ အရက်နှင့်ဆက်စပ်သည့် ရောဂါများဖြစ် လာခြင်း(သို့မဟုတ်)အရက်နှင့် မတည့်သောဆေးဝါးများ သောက် သုံးရခြင်းတို့ကြောင့် အရက်သောက်သည့်အလေ့အထကို ရပ်တန့် ရန်လိုအပ်သည်။ အရက်သောက်သောအကျင့်ကို ဖျောက်လိုပါက သင်တစ်ဦး တည်းမဟုတ်ဆိုသည်ကို သိသင့်ပြီး ဗြိတိန်နိုင်ငံတွင် အရက်ရှောင် သူ ၄၃ ရာခိုင်နှုန်းသည် ယခင်က အရက်သောက်ဖူးသူများဖြစ် ကြောင်း အမှတ်ရပါ။



သင့်တွင်အရက်သောက်ခြင်းနှင့်ပတ်သက်၍ ပြင်းထန်သော ပြဿနာများရှိပြီး အရက်ကိုမှီခိုနေရသည့် လက္ခဏာများကြုံနေရပါက ဆရာဝန် (သို့မဟုတ်) ဆေးဘက်ကျွမ်းကျင်ပညာရှင်နှင့် တတ်နိုင်သမျှ အမြန်ဆုံးတိုင်ပင်သင့်သည်။

အထူးသဖြင့် ယခင်ကအရက်ကို အလွန်အကျွံသောက်သုံး ခဲ့သူဖြစ်ပါက လုံးဝဖြတ်ပစ်ရန် လွယ်ကူမည်မဟုတ်သော်လည်း အောက်တွင် ဖော်ပြထားသည့်အချက်များက အနည်းငယ်ပို၍ လွယ်ကူစေမည်ဖြစ်သည်။

သင်အရက်သောက်သည့်အလေ့အကျင့်ကို ရပ်တန့်ရန်ကြိုး စားနေကြောင်း မိသားစုနှင့်မိတ်ဆွေများအား ပြောပြပြီးအကြောင်း

ရင်းကို ရှင်းပြပါ။ ယင်းနည်းဖြင့် သင်၏အောင်မြင်မှုများကို ၎င်းတို့ အားပြောပြနိုင်ပြီး သင်အရက်ရှောင်ရန် ကြိုးပမ်းနေသည့်အ ကြောင်းရင်းကို ၎င်းတို့ကနားလည်လာမည်ဖြစ်သည်။ ယင်းသို့ကြိုး စားနေကြောင်း ကိုယ်ကိုယ်တိုင်လည်း မကြာခဏသတိပေးခြင်းဖြင့် လမ်းကြောင်းမှန်ပေါ်ဆက်ရှိနေစေရန် အထောက်အကူပြုမည်ဖြစ် ကာ အခြားလူများကိုလည်း သင့်နည်းတူကြိုးပမ်းလာစေရန် စေ့ ဆော်ရာရောက်နိုင်သည်။

စောစောပိုင်းအခြေအနေများတွင် အပတ်စဉ်အရက်သောက် ဖြစ်စေသောအခြေအနေများကဲ့သို့ အကျင့်ဆိုးများကို ကြိုးစားရှောင်

ရှားရန်အရေးကြီးသည်။ သောကြာနေ့ညနေပိုင်း အရက်ဆိုင်သွား ထိုင်လေ့ရှိခြင်းကဲ့သို့အခြေအနေမျိုးကို အခြားတစ်ခုခုဖြင့် အစား ထိုးကျော်လွန်သင့်သည်။

စောစောပိုင်းတွင် အရက်ကို ပမာဏလျှော့သောက်ခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများရရှိနိုင်သည်။ နောက်ပိုင်းတွင် အ ရက်ရှောင်ရန် များစွာအထောက်အကူပြုနိုင်သည်။ နေ့တိုင်းအ ရက်သောက်တတ်ပါက တစ်ရက်၊ နှစ်ရက်မသောက်ဘဲနေရာမှ တစ်ပတ်၊ နှစ်ပတ်မှနေ၍ တစ်လ၊ နှစ်လအထိတိုးပြီး အရက် မသောက်မိအောင် သတိထားနေသင့်သည်။

ထို့အပြင် အရက်သောက်ရန်ကုန်ကျမည့်ငွေကို သတ်သတ် မှတ်မှတ်စုထားပြီး အ၀တ်အစားအသစ်(သို့မဟုတ်)လိုအပ်သော ပစ္စည်းများဝယ်ယူခြင်းဖြင့် မိမိကိုယ်ကိုယ် ဆုချီးမြှင့်ပါ။

No comments:

Post a Comment