Friday, July 12, 2019

ဗင်နီဇွဲလားအစိုးရနှင့် အတိုက်အခံ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အကြိတ်အနယ်ဖြစ်

ဗင်နီဇွဲလားအစိုးရနဲ့ အတိုက်အခံအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ အကြိတ်အနယ် ဖြစ်နေတယ်လို့ သမ္မတ နီကိုးလပ်စ် မာဒူရိုက ဇူလိုင် ၁၁ ရက်နေ့မှာ ပြောလိုက်ပါတယ်။ေ န်ာဝေနိုင်ငံက ကျောထောက်နောက်ခံပေးတဲ့ အဲဒီ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို နိုင်ငံမြောက်ပိုင်းက မီရန်ဒါပြည်နယ်မှာ ကြာသပတေးနေ့က ပြုလုပ်ခဲ့တာပါ။ ဗင်နီဇွဲလားရဲ့ နိုင်ငံရေး အကျပ်အတည်း အဆုံးသတ်ဖို့ ဒီအစည်းအဝေးကို ပြုလုပ်တာလို့ နော်ဝေ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ပြောပါတယ်။



အမြဲတမ်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ စကားဝိုင်း တည်ဆောက်ဖို့ အစိုးရနဲ့ အတိုက်အခံအကြား သဘောတူခဲ့တယ်လို့ အစိုးရကိုယ်စားလှယ် အက်တာ ရော်ဒရီဂတ်က ပွဲတက်ရောက်လာသူတွေကို ပြောခဲ့ပါတယ်။

ဒါပေမယ့် အတိုက်အခံဘက်က တောင်းဆိုတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး အသေးစိတ် မပြောခဲ့ပါဘူး။

လက်ရှိမှာ ဗင်နီဇွဲလားနိုင်ငံဟာ စီးပွားရေး အကျပ်အတည်းကြောင့် စားနပ်ရိက္ခာနဲ့ ဆေးဝါးပစ္စည်း ပြတ်လပ်နေပြီး နိုင်ငံသား လေးသန်းကျော်ဟာလည်း ပြည်ပနိုင်ငံတွေကို ထွက်ပြေးခဲ့ကြပါတယ်။

ဗင်နီဇွဲလားသမ္မတ မာဒူရိုက အခုလို ဆိုးရွားတဲ့ အခြေအနေတွေဟာ သူ့ကို ရာထူးက ဖြုတ်ချဖို့ ကြိုးစားတဲ့ အမေရိကန်ရဲ့ ပိတ်ဆို့ဒဏ်ခတ်မှု ရလဒ်တွေကြောင့်လို့ ပြောခဲ့ပါတယ်။

အခု ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်က ဒိုမီနီကန်နိုင်ငံမှာ ပြုလုပ်တဲ့ မအောင်မြင်တဲ့ ဆွေးနွေးပွဲလိုမျိုး အဆုံးသတ်ခွင့် မပြုနိုင်ဘူးလို့ အတိုက်အခံခေါင်းဆောင် ဟွမ်ဂွယ်ဒိုက ပြောပါတယ်။

အတိုက်အခံခေါင်းဆောင် ဟွမ်ဂွယ်ဒိုကို ဗင်နီဇွဲလားရဲ့ တရားဝင်ခေါင်းဆောင်အဖြစ် နိုင်ငံပေါင်း ၅၀ ကျော်က အသိအမှတ် ပြုထားပါတယ်။

No comments:

Post a Comment