Friday, July 12, 2019

Ha Ha ဘေးဒဏ် ဆောင်ရန်၊ ရှောင်ရန်

ကလေးသူငယ် လိင်ပိုင်း ဆိုင်ရာ အကြမ်း ဖက်ခံရမှု တစ်ခုနှင့် စပ်လျဉ်း၍ မည်သို့ဆောင်ရွက် ထားသည်၊ မည်သို့ဆက်လက် ဆောင်ရွက်ရန် ရှိသည်ဆိုသော ဇူလိုင် ၁၀ ရက်ည၌ ပြည်သူကို အစီရင်ခံသည့် ရဲတပ်ဖွဲ့ထုတ်ပြန် ချက်ကို ဖတ်ပြီး အံ့ဩသူများထဲ တွင် ဦးမိုးရန်နိုင်တစ်ယောက် အပါအ၀င်။ ‘‘ရယ်ချင်စရာပဲဗျ’’ ဟု မြန် မာနိုင်ငံရဲတပ်ဖွဲ့တွင် ဒုရဲမှူးအ ဖြစ် နှစ်(၂၀)ခန့်တာဝန်ထမ်း ဆောင်ခဲ့ဖူးသူ၎င်းက ပြောသည်။



     ကမ္ဘာကျော်ရိုက်တာသတင်း ထောက်နှစ်ဦးအမှုသည် ထောင် ချောက်ဆင်ဖမ်းဆီးခံရခြင်းဖြစ် သည်ဟု ထုတ်ဖော်ပြောကြားခဲ့ သည့်ဦးမိုးရန်နိုင်သည် အထက်ပါ အမှုကိစ္စဖြင့်ပင် ရဲစည်းကမ်း ဖောက်ဖျက်မှုဖြင့် ၂၀၁၇ နှစ်ကုန် က ထောင်ဒဏ်တစ်နှစ်ကျခံရပြီး နောက် ရဲဝန်ထမ်းဘ၀ကို စွန့် လွှတ်ခဲ့ရသူဖြစ်သည်။

၎င်း၏ မှတ်ချက်မှာ ဖေ့စ် ဘွတ်ခ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ တရားဝင်စာမျက်နှာဟုအတိ ပြုချက်ရထားသည့် ‘ရဲဇာနည်’ ဖေ့စ်ဘွတ်ခ်၌ နိုင်ငံကျော်ဗစ်တိုး ရီးယားအမှုကို တရားစွဲတင်မှု၊ နိုင်ငံအနှံ့ အမှုမှန်ပေါ်ပေါက်ရေး ဆန္ဒပြတောင်းဆိုနေမှု၊ ဗစ်တိုးရီး ယားမိသားစုကို အနီးကပ်ကူညီ နေသော သက္ကမိုးညိုဖေ့စ်ဘွတ်ခ် အကောင့်ပိုင်ရှင်ကို အမှုဖွင့်မှု၊ ကလေးငယ်ကိုကူညီရန်အလှူငွေ ကောက်ခံမှုများဆိုင်ရာသတင်း ထုတ်ပြန်ချက်ကြောင့် ထနေ သည့် ဂယက်များအနက် တစ်ခု သာဖြစ်သည်။

ရဲတပ်ဖွဲ့၏ထိုသို့ထုတ်ပြန် ချက်သည် ၂၃ နာရီအတွင်း ဖေ့စ် ဘွတ်ခ်၌ လှောင်ပြောင်ကြရာတွင် သုံးသည့်သင်္ကေတ (Ha Ha) ပေါင်း ၄၈,၀၀၀ ကျော်ရှိသည်။ မှတ်ချက် ၂၆,၀၀၀ အနက်လှောင် ပြောင်သူ၊ ဝေဖန်သူ၊ အပြစ်တင် သူ ရာနှုန်းပြည့်နီးပါးတွေ့ရပြီး အများစုသည် မည်သူမည်ဝါဖြစ် ကြောင်း လွယ်လင့်တကူအတည် ပြုနိုင်သည့် သုံးစွဲသူများဖြစ်သည်။

ဘာတွေပါလို့လဲ

လှောင်ပြောင်ဝေဖန်မှုအ များစုသည် ‘သက္ကမိုးညိုအကောင့် ပိုင်ရှင်အား ကြိုတင်လျှို့ဝှက်စုံ စမ်းဖော်ထုတ်ခဲ့ပြီး မည်သူမည်ဝါ သိရသည်နှင့် ဥပဒေနှင့်အညီသာ ဆောင်ရွက်ခဲ့’ ဟူသော ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်ပါ စာသားကို ဦး တည်သည်။

သက္ကမိုးညိုအမည်ရ ဖေ့စ် ဘွတ်ခ်အကောင့်ပိုင်ရှင်သည် ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝင်းကိုကိုသိန်းဖြစ် ကြောင်း၊ ၎င်း၏အကောင့်တွင် ရေးသားအသုံးပြုသူဖြစ်သော ကြောင့် ထင်ရှားနေပြီဖြစ်သဖြင့် ကြိုတင်လျှို့ဝှက်စုံစမ်းဖော်ထုတ် ခဲ့ရသည်ဟုဆိုခြင်းကြောင့် ရဲတပ် ဖွဲ့အပေါ် လှောင်ပြောင်ဝေဖန်ကြ ခြင်းဖြစ်သည်။

‘‘မှတ်ချက်ပေးစရာမရှိပါ ဘူး။ ကိုယ့်ဘာသာကိုယ် ယူဆ ကြတာရှိတာတွေတော့ရှိတာ ပေါ့’’ ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးမျိုး သူစိုးက ပြောသည်။

‘ရဲဇာနည်’ ဖေ့စ်ဘွတ်ခ်စာ မျက်နှာ၏အဆိုပါထုတ်ပြန်ချက် အောက်တွင် ဒုတိယအများဆုံး ဝေဖန်ခံရမှုသည် ‘ဆူပူဆန္ဒပြစေ ရန် လှုံ့ဆော်မှုအရေးအသားများ’ ဖြစ်ပြီး တတိယနေရာတွင် ‘ဗစ် တိုးရီးယားအတွက် အလှူခံသည် ဟုအကြောင်းပြ၍ ငွေစာရင်းဖွင့် တရားမ၀င်အလှူခံနေမှုများ’ ဟူ သော ထုတ်ပြန်ချက်ပါစကားရပ် များက နေရာယူထားသည်။

ယခုလအစောပိုင်းက ရန် ကုန်မြို့ရှိ မှုခင်းရဲတပ်ဖွဲ့(CID)ရုံး ရှေ့၌ ကိုယ်တိုင်ပါဝင်ဆန္ဒပြခဲ့သူ ဦးမော်ထွန်းအောင်က အဆိုပါ ဆန္ဒပြပွဲတွင် လူတန်းစားအလွှာ ပေါင်းစုံ၊ အသက်အရွယ်ပေါင်းစုံ ပါဝင်ပြီး မည်သူ၏စေ့ဆော်ချက် နှင့်မျှ ပူးပေါင်းခဲ့ခြင်းမဟုတ်ဘဲ တရားမျှတမှုရရှိရေး၊ အမှုမှန်ပေါ် ပေါက်ရေးသာဦးတည်၍ အေး ချမ်းစွာဥပဒေနှင့်အညီ ဆန္ဒပြခြင်း သာဖြစ်ကြောင်း ပြောသည်။

‘‘ဒါကို ဆူပူတယ်လို့မြင်တာ ကတော့ မျက်မှန်စိမ်းတပ်ထား လို့ပဲဖြစ်ပါလိမ့်မယ်’’ ဟု Natural Resource Governance  Institute ၏ မြန်မာပြည်တာဝန်ခံအ ဖြစ်တာဝန်ယူထားသူလည်းဖြစ် သည့် ဦးမော်ထွန်းအောင်က သုံး သပ်သည်။

ရဲတပ်ဖွဲ့အရာရှိဟောင်းဦး မိုးရန်နိုင်ကလည်း ဗစ်တိုးရီးယား အမှုမှန်ပေါ်ပေါက်ရေး နိုင်ငံအနှံ့ ဆန္ဒပြနေမှုများတွင်ဆူပူလှုံ့ဆော် သည့်အရိပ်အယောင် သုံးသပ်ရ မိခြင်းမရှိကြောင်း ပြောသည်။

‘‘အမှန်တရားပေါ်ဖို့ တရား ၀င်စီတန်းလှည့်လည်တာပဲ။ ဒါ ဥပဒေနဲ့အညီပဲ’’ဟု ၎င်းကဆို ပါသည်။

ထို့အတူ ဗစ်တိုးရီးယားအမှု အထောက်အကူဖြစ်ရေး၊ ရေ ရှည်ဖွံ့ဖြိုးရေးအတွက် နိုင်ငံကျော် အနုပညာရှင်၏ဇနီး၊ ၂၀၁၇ Myanmar Influencer Award ဆု ရှင်၊ စာရေးသူ၊ ရတနာဆိုင်ပိုင်ရှင် အစရှိသူတို့ဖြင့် ဦးစီးထူထောင် ထားသော Victoria’s Finance Team ၏ အလှူငွေထည့်ဝင်နိုင် ရန်စီစဉ်ခြင်း၊ လှူဒါန်းခြင်းတို့အ ပေါ် တရားမ၀င်ဟုရဲတပ်ဖွဲ့က သုံးနှုန်းပြောဆိုမှုကိုလည်း ၎င်း တို့က ထောက်ပြကြသည်။

ဓမ္မစေတီ ခေါင်းလောင်း ဆယ်မည်၊ ယခုတစ်ကြိမ်ဆယ်ယူ ရရှိမည်စသဖြင့် ဟိုးလေးတကျော် နှစ်ရှည်လများ လှုံ့ဆော်အလှူခံ မှုမျိုးနှင့် ယှဉ်လျှင် ဗစ်တိုးရီးယား အတွက် ရည်ရွယ်လှူဒါန်းနိုင်ရန် စီမံခြင်း၊ လှူဒါန်းခြင်းတို့မှာသာ၍ အကျိုးထူးသည်ဟုသာထင်မြင် ကြောင်း ဦးမိုးရန်နိုင်က ပြော သည်။

ဦးမော်ထွန်းအောင်က‘‘တစ် နိုင်ငံလုံး အလှူခံမဏ္ဍပ်တွေ တင်းကျမ်းပြည့်နေတဲ့နိုင်ငံမှာ ဒီ လိုမှတ်ချက်ကတော့ ပညာသည် မဆန်ပါဘူး’’ ဟု ဝေဖန်သည်။

Victoria’s Finance Team ၏ ဘဏ်ငွေ ၀င်ငွေ၊ထွက်ငွေစာ ရင်းကိုအများသိထုတ်ပြန်ရန် တာ ၀န်ယူဆောင်ရွက်နေသည့် ဒေါ် အေးအေးမျိုးဆက်က ယမန်နေ့ ညတွင် ၎င်း၏ ဖေ့စ်ဘွတ်ခ်စာ မျက်နှာ၌ ‘ဘာအမှားမှမလုပ်တဲ့ သူတွေက စိုးရိမ်နေရကတည်းက ဘာတွေ ဖြစ်နေလဲစဉ်းစားကြည့် ကြပါဦး’ဟုရေးသားထားသည်။

ဘာလွဲနေလဲ

ယင်းကဲ့သို့ အများပြည်သူ အလွန်စိတ်ဝင်စားနေသည့် အမှု ကိစ္စမျိုး၌ အာဏာပိုင်များ၊ ပြည် သူ့ဝန်ထမ်းများသည် အတတ်နိုင် ဆုံးသည်းခံသင့်ကြောင်း ဦးမိုးရန် နိုင်က အကြံပြုသည်။

ဗစ်တိုးရီးယားအမှုကို အ များပြည်သူအားမလိုအားမရဖြစ် နေချိန်တွင် ရဲတပ်ဖွဲ့က နားလည် မှုလွဲနိုင်စရာအသုံးအနှုန်းများဖြင့် ဖြေရှင်းရန် ကြိုးပမ်းမှုအပေါ် ‘‘သည်းခံတဲ့အတိုင်းအတာနည်း တယ်လို့ မြင်ပါတယ်’’ ဟု ၎င်းက သုံးသပ်သည်။

ရဲမှူးကြီးမျိုးသူစိုးကမူ ‘‘ဒီအ ချိန်မှာ ဒီလိုလေးတော့ထုတ်ပြန် ပေးသင့်တယ်ဆိုတဲ့ ယူဆချက်နဲ့ ထုတ်တာပါ။ ကျန်တဲ့အချက်တွေ ကတော့ ပုဂ္ဂိုလ်တစ်ယောက်ချင်း နဲ့ပဲ ဆိုင်ပါတယ်ခင်ဗျ’’ ဟု မှတ် ချက်ပေးသည်။

ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ဘာသာရပ်ဖြင့် အမေရိကန်နိုင်ငံ Cornell University မှမာစတာ ဘွဲ့ရယူထားသူဖြစ်သည့် ဦးမော် ထွန်းအောင်က ပြည်သူ့ဝန်ထမ်း သည် စိတ်ခံစားမှုထက် အချက် အလက်၊ နောက်ခံအခြေအနေကို  ခြုံငုံသုံးသပ်၍ စာရွက်ပေါ်၌ရှိ သော ဥပဒေနှင့်ပြည်သူတို့အကြား ပေါင်းကူးပေးရန်တာဝန်ရှိသည် ကို မမေ့သင့်ကြောင်းအကြံပြု သည်။

ရဲတပ်ဖွဲ့၏ အဆိုပါထုတ် ပြန်ချက်အပေါ် ‘ပညာသည် မဆန်’ ဟု ခံစားနားလည်မိသည် ဟု ၎င်းကဆက်လက်ပြောသည်။

‘‘ပြဿနာကို ဗျူရိုကရေစီ အဆင့်လား၊ နိုင်ငံရေးအဆင့် လား၊ နှစ်ခုလုံးရောထွေးနေတဲ့ ကိစ္စရပ်လား ခွဲခြားသိရမှာပါ။ ဒီ အချက်တွေအပေါ် အခြေခံပြီး တုံ့ ပြန်ရမှာပါ’’ ဟု ဦးမော်ထွန်း အောင်က အကြံပြုသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ရဲ မှူးချုပ်အဖြစ်တာဝန်ယူခဲ့ပြီး အ ငြိမ်းစားယူထားသည့် ဦးဝင်းခေါင် ကမူ ထုတ်ပြန်ချက်အပေါ် တိုက် ရိုက်မှတ်ချက်မပြုလိုဟု ဆိုသော် လည်း ရဲတပ်ဖွဲ့ဝင်တို့ ဦးထိပ်ပန် ဆင်ကြရသည့်သစ္စာ၊ သမာဓိ၊ သတ္တိတို့မှာ ချွတ်ချော်လမ်းလွဲ ခြင်းမပြုရန် သတိမပြတ်သင့် ကြောင်း အကြံပြုသည်။ ‘‘လူထုယုံကြည်လေးစားဖို့ က ကျန်တဲ့နည်းမရှိပါဘူး။ အပ် နှင်းထားပြီးသားပါ။ လုပ်ပိုင်ခွင့် ကို အလွဲသုံးစားမလုပ်နဲ့။ မှန်မှန် ကန်ကန်သမာဓိရှိရှိနဲ့ ဆောင် ရွက်။ အမှန်တရားအတွက် ရင် ဆိုင်ရဲတဲ့သတ္တိ၊ နိုင်ငံနဲ့ ပြည်သူ အပေါ်သစ္စာရှိ။ ဒါဆိုရင် ရဲလုပ် တာမှန်မှာပါပဲကွာလို့ လူထုက စိတ်ထဲမှာထင်မြင်လာရင် တော် ရုံလွဲတာတောင်မှ လူထုက လက် ခံလိမ့်မယ်’’ ဟု ဦးဝင်းခေါင်က ဆိုသည်။

No comments:

Post a Comment