Friday, July 12, 2019

အဝေးပြေးဝင်းတွေကနေ ဆိုင်ခန်းခ ဘယ်လောက်ရသလဲ

အောင်မင်္ဂလာအဝေးပြေးက ဆိုင်ခန်းတစ်ခန်းရဲ့ ငှားရမ်းခအနေနဲ့ တစ်လကို ကျပ်နှစ်ထောင်ကနေ ၇၀၀၀ ကြားရတယ်လို့ သတင်းရရှိပါတယ်။ ရန်ကုန်စည်ပင်က အောင်မင်္ဂလာအဝေးပြေးဝင်းမှာ ရှိတဲ့ဆိုင်ခန်းတွေအားလုံးကနေ တစ်နှစ်ကို ကျပ်သိန်းတစ်ထောင်ရရှိပြီး ဒဂုံဧရာအဝေးပြေးက ဆိုင်ခန်းတွေက တစ်နှစ်ကို ငွေကျပ်သိန်းခုနှစ်ရာကျော်ရရှိတယ်လို့ မြို့တော်ဝန် ဦးမောင်မောင်စိုးကပြောကြားခဲ့တာပါ။ အဝေးပြေးဝင်းနှစ်ခုလုံးရဲ့ ဆိုင်ခန်းခအနေနဲ့တော့ တစ်နှစ်ကို ငွေကျပ်သိန်း ထောင့်ခုနှစ်ရာကျော် ရရှိတယ်လို့ သိရပါတယ်။



ဒီနေ့ရန်ကုန်တိုင်းလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်ဒေါ်အေးအေးမာက အဲဒီ့အဝေးပြေးဂိတ်အတွင်းရှိ ဆိုင်ခန်းဌားရမ်းခ နှုန်းနဲ့ တစ်နှစ်ဝင်ငွေကို မေးမြန်းခဲ့တာပါ။

ဒီအဝေးပြေးဂိတ်၂ခုက ဆိုင်ခန်းတွေကို ရန်ကုန်စည်ပင်က အပျောက်စနစ်နဲ့ရောင်းချထားတာဖြစ်တယ်လို့ မြို့တော်ဝန်ဦးမောင်မောင်စိုးကပြောပါတယ်။

ဆိုင်ခန်းခအပြင် ကြော်ငြာဆိုင်းဘုတ်ခွန်၊ နေရောင်ကာခွန်၊ စားသောက်ဆိုင်လိုင်စင်ခွန် စတာတွေကိုလည်း သီးခြားခေါင်းစဉ်တွေနဲ့ ကောက်ခံတယ်လို့ မြို့တော်ဝန်ကပြောပါတယ်။

No comments:

Post a Comment