Friday, July 12, 2019

အမြန်လမ်းမိုင်တိုင်(၁၀)နှင့်(၁၀၀)ကြားအတွင်း ယာဉ်များဂရုစိုက်မောင်းနှင်ရန် သတိပေး

ရန်ကုန်-မန္တလေး အ မြန်လမ်းမကြီး၏ မိုင်တိုင်(၁၀)နှင့်(၁၀၀)ကြားအတွင်း ဂရုစိုက်မောင်းနှင်ရန် အမြန်လမ်းရဲတပ်ဖွဲ့က သတိပေးထားသည်။ ဇူလိုင် ၈ ရက်က ဖြစ်ပွားခဲ့ သည့် ယာဉ်မတော်တဆဖြစ်စဉ် များနှင့် စပ်လျဉ်း၍ အမြန်လမ်းရဲ တပ်ဖွဲ့က  လူမှုကွန်ရက်စာမျက် နှာမှတစ်ဆင့် သတိပေးချက်ထုတ် ပြန်ခဲ့သည်။ မိုးများ အဆက်မပြတ်ရွာ သွန်းနေသဖြင့် မြင်ကွင်းများ ကန့် သတ်ချက်ရှိလာမည်ဖြစ်ပြီး ယာဉ် များ သတ်မှတ်အရှိန်နှုန်းဖြင့် မောင်းနှင်ရန်နှင့် အရှိန်လျှော့  မောင်းနှင်ရန် အမြန်လမ်းရဲတပ်ဖွဲ့ က တိုက်တွန်းသည်။


ဇူလိုင် ၈ ရက်က ရန်ကုန်- နေပြည်တော် အမြန်လမ်းတွင်  ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်လေးခုရှိပြီး ဒဏ်ရာရသူ ကိုးဦးရှိခဲ့ သည်။

 အမြန်လမ်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ယခုနှစ် ဇန်န ၀ါရီမှ ဇွန်လအထိ အမြန်လမ်း တွင် ယာဉ်မတော်တဆမှု ၂၅၈ မှုဖြစ်ပွားပြီး သေဆုံးသူ ၅၀ ဦးနှင့် ဒဏ်ရာရသူ ၄၇၂ ဦးရှိခဲ့သည်။

အရှိန်လွန်မောင်းနှင်ခြင်း နှင့် မောင်းနှင်ချိန်အိပ်ငိုက်သည့် ဖြစ်စဉ်များကြောင့် ယာဉ်မတော် တဆမှုဖြစ်သည်ဟု အမြန်လမ်းရဲ တပ်ဖွဲ့ကဆိုသည်။ ယခုနှစ်ဆန်းမှ မေလကုန်အ ထိ အမြန်လမ်းတွင် သတ်မှတ်မိုင် နှုန်းထက် ပိုမောင်းသည့် ယာဉ်အ စီးရေ ၂,၀၀၀ ကျော်ကို ရဲတပ် ဖွဲ့က အရေးယူခဲ့သည်။

No comments:

Post a Comment