Friday, July 12, 2019

H1N1 ကြောင့် သေဆုံးမှုနှုန်း ၂၀၁၇ ခုနှစ် အခြေအနေကိုကျော်လွန်ပြီး ၄၁ ဦးသေဆုံး၊ သေဆုံးသူ ၃၃ ဦးမှာ ရန်ကုန်ဒေသခံများဖြစ်နေ

ရာသီတုပ်ကွေးရောဂါ H1N1 ဗိုင်းရပ်စ်ပိုးကြောင့်ဇူလိုင်လ ၁၁ရက်နေ့ထိ သေဆုံးသူ ၄၁ ဦးရှိပြီ ဖြစ်ပြီ ဖြစ်ပြီး ယင်းပမာဏသည် ၂၀၁၇ ခုနှစ် အခြေအနေကို ကျော်လွန်သွားပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။ ၂၀၁၇ ခုနှစ်က မြန်မာတစ်နိုင်ငံလုံးအရ H1 N1 ရာသီပေါ်တုပ်ကွေးရောဂါပိုးကြောင့် သေဆုံးသူ ၃၈ဦးသာရှိခဲ့ပြီး ယခုနှစ်တွင်မူ သေဆုံးသူ ၄၁ ဦးထိ ရောက်ရှိလာပြီဖြစ်သည်။



မြန်မာ တစ်နိုင်ငံလုံးအတိုင်းအတာအရ H1 N1 ဗိုင်းရပ်စ်ပိုးကြောင့် ရန်ကုန်တွင် ၃၃ ဦး၊ စစ်ကိုင်းတိုင်းတွင် ၂ ဦး၊ ဧရာဝတီတိုင်းတွင် ၃ ဦး၊ မွန်ပြည်နယ်တွင် ၁ဦး၊ ပဲခူးတိုင်း ၂ဦး သေဆုံးကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံ သိရှိရသည်။

လက်ရှိချိန်တွင် ရောဂါဖြစ်ပွားသူများမှာ ရန်ကုန်တိုင်းတွင် ၁၂၄ ဦး၊ နေပြည်တော်တွင် ၁၂ ဦး၊ ရခိုင်ပြည်နယ်တွင် ၁၆ ဦး၊ ဧရာဝတီတိုင်းတွင် ၁၁ ဦး၊ ပဲခူးတိုင်းတွင် ၈ ဦး၊ မကွေးတိုင်းတွင် ၇ ဦး၊ ကချင်ပြည်နယ်တွင် ၈ဦး၊ စစ်ကိုင်းတိုင်းတွင် ၅ဦးတို့ဖြစ်သည်။

ထို့ပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မွန်ပြည်နယ်၊တနင်္လာရီတိုင်း၊ မန္တလေးတိုင်း တို့တွင် ၃ဦး ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကရင်ပြည်နယ်တို့တွင် ၂ဦးစီရောဂါ ဖြစ်ပွားလျက်ရှိသည်။

လက်ရှိချိန်တွင် H1N1 ဗိုင်းရပ်စ်ပိုးရှိမရှိစစ်ဆေးလျက်ရှိသော သံသယလူနာ ၅၅၅ ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ လူနာ ၂၀၇ ဦးရှိကြောင်း သက်ဆိုင်ရာ၏ ထုတ်ပြန်ချက် အရ သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ရာသီတုပ်ကွေး ရောဂါပိုး H1N1 တွေ့ရှိမှုအနေဖြင့် ၁၃ ဦးမှ ၉ ဦးအထိ ပိုးတွေ့ရှိသော မြို့နယ်များမှာ လှိုင်သာယာ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ သင်္ဃန်းကျွန်းတို့ဖြစ်သည်။

အဆိုပါ ရောဂါပိုး ၆ ဦးမှ ၂ ဦးအကြား ပိုးတွေ့ရှိသော မြို့နယ်များမှာ ဒဂုံမြို့သစ်(မြောက်ပိုင်း) ၊ ကြည့်မြင်တိုင်၊ မရမ်းကုန်း၊ သာကေတ၊ ဒလ၊ လှည်းကူး၊ အင်းစိန်၊ စမ်းချောင်း၊ ရန်ကင်း၊ရွှေပြည်သာ၊တောင်ဥက္ကလာ၊ မှော်ဘီ၊ ဒဂုံဆိပ်ကမ်း၊ မင်္ဂလာဒုံ၊ လှိုင်၊ သုံးဂွ တို့ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။

ရောဂါပိုးဖြစ်ပွားသူ ၁ဦးစီရှိသော မြို့နယ်များမှာ မင်္ဂလာတောင်ညွှန့်မှော်ဘီ၊ အလုံ၊ ကော့မှူး၊ဗဟန်း၊ ဗိုလ်တစ်ထောင်၊ ခရမ်း၊ ကွမ်းခြံကုန်း၊ လသာ၊ ဆိပ်ကြီးခနောင်တို ၊ တာမွေ၊ ကမာရွတ်၊ သန်လျင်၊ ထန်းတပင် တို့ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment