Friday, July 12, 2019

မန္တလေးတွင် ကျူးကျော်များကို ရှင်းလင်းရာမှ ရုန်းရင်းဆန်ခတ်ဖြစ်

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည် လေယာဉ်ကွင်းဟောင်း အရှေ့ဘက်ရှိ ကျူးကျာ်နေထိုင်သူများကို ဇူလိုင်လ ၁၁ရက်၊ နံနက်ပိုင်းက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ရှင်းလင်းခဲ့ရာ အခြေအနေတင်းမာပြီး ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့သည်။ နှစ်ဖက် အခြေအနေ တင်းမာပြီး ရုန်းရင်းဆန်ခတ် ဖြစ်သဖြင့် ကျူးကျော်နေထိုင်သူများဘက်မှ ဒဏ်ရာရရှိသူများရှိသလို ရဲတပ်ဖွဲ့ဝင်များနှင့် စည်ပင်ဝန်ထမ်းတစ်ချို့လည်း ဒဏ်ရာရရှိခဲ့သည်။



"စည်ပင်က လမ်းဖောက်လုပ်ဖို့အတွက် ဒီနေရာမှာနေထိုင်တဲ့သူတွေကို ပြောင်းရွှေ့ပေးဖို့ အကြောင်းကြားစာ လေးကြိမ်ပေးပို့ထားပါတယ်။ ဒါပေမယ့် ဖယ်ပေးကြဘူး။ မြို့တော်ဝန်ကလည်း လမ်းဖောက်ဖို့အတွက်ပြောထားတော့လည်း ကျွန်တော်တို့အနေနဲ့ ဆောင်ရွက်ရတာပါ" ဟု မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင် က ပြောသည်။

ထိုနေရာတွင် နေထိုင်သူများကို ဖယ်ရှားရှင်းလင်းလိုက်သဖြင့် လက်ရှိတွင် နေစရာ အခက်အခဲ ဖြစ်နေပြီး "ဒီနေရာက ကျွန်တော်တို့မိဘတွေ ခေတ်အဆက်ဆက် လယ်လုပ်ခဲ့တဲ့မြေနေရာပါ။ ကျွန်တော်တို့မှာ ၂၀၀၂ခုနှစ်အထိ သီးစားလုပ်ကိုင်ခဲ့တဲ့ပြေစာတွေရှိပါတယ်" ဟု ဖယ်ရှားခံရသူတစ်ဦးဖြစ်သည့် ဦးနေဝင်းက ဆိုသည်။

No comments:

Post a Comment