Friday, July 12, 2019

တိရစ္ဆာန်များကို လမ်းဘေးတွင်စည်းကမ်းမဲ့အစာကျွေးပါကထောင်ဒဏ် ၂ နှစ်ချမှတ်နိုင်ဟု ဆို

မည်သည့်တိရစ္ဆာန်အမျိုးအစားကိုမဆိုလမ်းဘေးတွင် စည်းကမ်းမဲ့စွာအစာကျွေးပါက ထောင်ဒဏ် ချမှတ်နိုင်သည့်ဥပဒေရှိကြောင်း ရန်ကုန်ဒုတိယမြို့တော်ဝန် ဦးစိုးလွင်ကပြောသည်။ ရန်ကုန်မြို့တော်ခန်းမတွင် ဇူလိုင်လ(၁၁)ရက်ကကျင်းပသည့် ခွေးရူးကာကွယ်ဆေးလှူဒါန်းပွဲတွင် အထက်ပါအတိုင်းပြောခြင်းဖြစ်သည်။ “ကျွန်တော်တို့ အခု ၂၀၁၈ စည်ပင်ဥပဒေမှာ လမ်းဘေးမှာဘယ်တိရစ္ဆာန်အမျိုးအစားကိုမဆို စည်းကမ်းမဲ့ အစာကျွေးရင် သက်သေတကွတိုင်ကြားပါက ကျွေးတဲ့သူကိုထောင်ဒဏ်အထိအရေးယူဆောင်ရွက်နိုင်တဲ့ ဥပဒေရှိပြီးသားဖြစ်ပါတယ်။ ဒီဥပဒေက အခုဆိုရင်အသက်ဝင်နေတာဖြစ်ပေမဲ့ လက်တလောတော့ ပညာပေးကာလအနေနဲ့ပဲလုပ်ဆောင်နေပါတယ်။ အရေးယူမှုတွေတော့မရှိသေးပါဘူး။” ဟု ရန်ကုန်ဒုတိယမြို့တော်ဝန် ဦးစိုးလွင်က ပြောသည်။



၂၀၁၈ စည်ပင်ဥပဒေအရလမ်းဘေးတွင် မည်သည့်တိရစ္ဆာန်အမျိုးအစားဖြစ်စေစည်းကမ်းမဲ့စွာအစာကျွေးပါက ထောင်ဒဏ် (၂)နှစ်နှင့် ငွေဒဏ်များအထိချမှတ်နိုင်ကြောင်းသိရသည်။

“ကျွန်တော်တို့အရေးယူမှုတွေမလုပ်သေးဘူးဆိုတာ အဓိကကသက်သေလိုပါတယ်။ သက်သေက တရားရုံးမှာ ကျူးလွန်တဲ့သူကဘယ်နေရာမှာလုပ်တယ်ဆိုတာကိုသက်သေထွက်ပေးနိုင်ဖို့အရေးကြီးတယ်။ မြန်မာလူမျိုးက အဲဒီလိုကိစ္စမျိုးဆိုရင် ဘယ်သူမှအလုပ်ရှုပ်မခံကြဘူး။ အဲဒါကြောင့်ကျွန်တော်တို့ အရေးယူမှုတွေကို မလုပ်ဆောင်သေးတာပါ” ဟု ဦးစိုးလွင်က ဆက်ပြောသည်။

လက်ရှိ ရန်ကုန်မြို့စည်ပင်မှ မြို့အတွင်း ခွေးလေခွေးလွင့်များကို မေ့ဆေးပေးကာ ခွေးဂေဟာများသို့ ပို့ဆောင်ပေးနေပြီး အဆိပ်ချသတ်ဖြတ်ခြင်းမပြုရန်လည်း ခွေးချစ်သူများက တောင်းဆိုထားကြသည်။

No comments:

Post a Comment