Friday, July 12, 2019

ဗဟန်းမြို့နယ်တွင် အငှားယာဉ်အား ခိုးယူသွားသူကို ဖမ်းဆီးရမိ

ဇူလိုင် ၉ ရက် ည ၈ နာရီခန့်တွင် တရား လို ကို----သည် YGN FF/---- Fielder (အငှားယာဉ်)အား မောင်းနှင်လာ စဉ် တာမွေမီးပွိုင့်အနီးအရောက် အမျိုးသားတစ်ဦးက ကားငှားသဖြင့် ရပ်ပေးခဲ့ကြောင်း၊ အဆိုပါ အမျိုးသားက ကားကို ငါးနာရီခန့် အသုံးပြုမည် ဖြစ်ကြောင်းနှင့် ကလပ်သို့သွားမည်ဖြစ် ကြောင်းပြောကာ ငှားသဖြင့် လိုက်ပါ ခဲ့သည်။ ကားငှားသူ အမျိုးသားမှာ အမျိုး သမီးတစ်ဦးထံ ဖုန်းဆက်ပြီး မိန်းကလေး နှစ်ဦးအား ခေါ်ဆောင်ရန်အတွက် ကျားကွက်သစ်ရပ်ကွက် မြို့သစ်(၁)လမ်းသို့ မောင်းနှင်ခိုင်းပြီး ယင်းနေရာမှ အမျိုးသမီးနှစ်ဦးကို ခေါ်ဆောင်ကာ ကျိုက္ကဆံလမ်းရှိ Tri Star ဟိုတယ်သို့ မောင်းခိုင်းခဲ့ကြောင်း၊ ဟိုတယ်သို့ ရောက်ပြီး ကို---- အား စောင့်ခိုင်းကာ နှစ်နာရီခန့်အကြာတွင် ကားငှားသူ အမျိုးသားသည် အမျိုးသမီးနှစ်ဦးနှင့် အတူ ပြန်လည်ရောက်ရှိလာပြီး ကားသော့တောင်းသဖြင့် ကားသော့ ပေးကာ မောင်းနှင်စေခဲ့ကြောင်း၊
ဗဟန်း မြို့နယ် ဖိုးစိန်လမ်းရှိ ကျော်ကာရာ အိုကေဆိုင်သို့ မောင်းခဲ့ပြီး ကာရာ အိုကေခန်းအတွင်း အတူထိုင်နေစဉ် ကားငှားစီးသူက ကားသော့အား စားပွဲပေါ်၌ တင်ထားကာ အပြင်သို့ ထွက်လိုက် ဝင်လိုက်ဖြင့် ဖုန်းပြောနေခဲ့ ပြီးနောက် မိနစ် ၂၀ ခန့်ကြာသည်အထိ အခန်းအတွင်း ပြန်ရောက်မလာဘဲ စားပွဲပေါ်၌တင်ထားသော ကားသော့ အား ကြည့်ရှုခဲ့ရာ မတွေ့ဘဲ ကားမှာ လည်း မတွေ့ရှိတော့ကြောင်း၊ ထို့နောက် ၁၉၉ သို့ ဖုန်းဆက်၍ အကူအညီ တောင်းခဲ့သဖြင့် ဗဟန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အခြားရဲစခန်းများမှ တပ်ဖွဲ့ဝင်များ ချိတ်ဆက်ကာ ကားကို လိုက်လံရှာဖွေခဲ့ရာ ကမာရွတ်မြို့နယ် ရတနာလမ်းအတွင်း တံခါးသော့များ လော့ချ၍ရပ်ထားသည်ကို တွေ့ရှိရ သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ စုံစမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူသည် မရမ်းကုန်း မြို့နယ် (၅)ရပ်ကွက်နေ မောင်မောင် အေးမင်း(ခ)ကျော်ကျော်(ဝဲပုံ) ဖြစ် ကြောင်း သိရှိရ၍ အမှုဖြင့်ဖမ်းဆီးကာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment