Friday, July 12, 2019

ညီအစ်ကိုချင်း စကားများရာမှ သားကြီး ဖြစ်သူအား သားလတ်နှင့် ဖခင်တို့က ဓားဖြင့် ခုတ်သတ်မှု ကျောက်ဖြူမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရ

ညီအစ်ကိုချင်း စကားများရာမှ သားကြီး ဖြစ်သူအား သားလတ်နှင့် ဖခင်တို့က ဓားဖြင့် ခုတ်သတ်မှု ကျောက်ဖြူမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ြ ဖစ်စဉ်မှာ ဇူလိုင် ၉ ရက် ညနေပိုင်းတွင်း ဦးမောင်ဝေဖြူ၏ သားအငယ်ဆုံး ဖြစ်သော ပေါက်ကျိုင်း (၁၈ နှစ်) က လက်ဖွဲ့ငွေများဖြင့် ဝယ်ထားသော ရွှေဆွဲကြိုးကို အစ်ကိုဖြစ်သူ မိုးကျော်ကျော် (၃၀ နှစ်) ထံတွင် အပ်နှံထားသည့် ကိစ္စနှင့်ပတ်သက်ပြီး ညီအစ်ကိုချင်း စကားများခဲ့ကြောင်း၊ ယင်းနောက် ပေါက်ကျိုင်းအား နေအိမ်သို့ ပြန်လွှတ်လိုက်ပြီး ဦးမောင်ဝေဖြူနှင့် သားလတ် ပုဒေါင်းကြီး (၂၀ နှစ်) တို့နှစ်ဦးမှာ နောက်မှ လိုက်ပါသွားခဲ့ကြောင်း၊
ယင်းသို့ လိုက်သွားပြီးနောက် ပုဒေါင်းကြီးနှင့် မိုးကျော်ကျော်တို့မှာ စကားများကာ တုတ်ဆွဲ ဓားဆွဲဖြစ်ကြစဉ် ဖခင်က ဟန့်တားရာ ဖခင်ဖြစ်သူအား မိုးကျော်ကျော် က ဓားဖြင့် ခုတ်သဖြင့် လုံးထွေး သတ်ပုတ်မှု ဖြစ်ပွားခဲ့ရာ ဓားခုတ်သည့် ဒဏ်ရာဖြင့် မိုးကျော်ကျော်မှာ နေအိမ်ရှေ့တွင် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ကျောက်ဖြူမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်ဇောက “ ည နေ ၆ နာရီလောက်မှာ ဖြစ်တာပေါ့။ သားဖချင်း ဖြစ်ကြတာပေါ့”ဟု ပြောကြားခဲ့သည်။ လက်ရှိတွင် သေဆုံးသူ၏ အလောင်းအား သင်္ဂ࿿ြိုဟ်လိုက်ပြီ ဖြစ်ကာ ဓားဖြင့် ခုတ်သတ်သူ သားဖနှစ်ဦး ဖြစ်သော ဦးမောင်ဝေဖြူ (၅၁ နှစ်) နှင့် ညီဖြစ်သူ ပုဒေါင်းကြီး(၂၀ နှစ်) တို့နှစ်ဦးအား ရဲတပ်ဖွဲ့က လိုက်လံ ဖမ်းဆီးခဲ့ရာ ယင်းတို့အား အဆိုပါနေ့တွင် ဖမ်းမိခဲ့ကာ အမှုဖွင့်လှစ် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

သေဆုံးသူ၏ ဇနီး မဇင်မာအောင်(၂၇ နှစ်) က တိုင်းတန်း အမှုဖွင့်လှစ်ခဲ့ကာ ကျောက်ဖြူမြို့မရဲစခန်း (ပ) ၄၁၀/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၁၁၄ အရ အမှုဖွင့်ပြီး စိစစ် ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။

No comments:

Post a Comment