Friday, July 12, 2019

၂၁ ရာစုပင်လုံစတုတ္ထအစည်းအဝေး ယခုနှစ်အတွင်း ကျင်းပနိုင်ရေးကြိုးပမ်းရန် NRPC နှင့် RCSS သဘောတူညီ

 ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ- ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ယခုနှစ် အတွင်း ကျင်းပနိုင်ရေး ကြိုးပမ်း ရန် အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) နှင့် ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) တို့ဆွေးနွေးပွဲတွင်  သ ဘောတူညီခဲ့သည်။ ၂၁ရာစုပင်လုံကို ခြောက် လတစ်ကြိမ်ကျင်းပရန် သတ်မှတ် ထားသော်လည်း တစ်နှစ်ကြာ သည်အထိ မကျင်းပနိုင်သေးခြင်း အပါအ၀င် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ နှင့် မူးယစ်တိုက်ဖျက်ရေးကိစ္စများ ကို NRPC နှင့် RCSS တို့ ယမန် နေ့(ဇူလိုင် ၁၁ရက်)က နေပြည် တော်၌ တွေ့ဆုံညှိနှိုင်းခဲ့သည်။



‘‘၂၀၁၉ ခုနှစ်အတွင်းစတုတ္ထ အကြိမ်  ၂၁ပင်လုံ ကျင်းပနိုင်ရေး ကို ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ဖို့  ကျွန်တော်တို့ သဘောထားချမှတ် နိုင်ခဲ့ပါတယ်။ ၂၁ပင်လုံရဲ့ အခြေ ခံဖြစ်တဲ့ အမျိုးသားအဆင့်နိုင်ငံ ရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေးကို စတုတ္ထအကြိမ် ၂၁ပင်လုံမတိုင် ခင်မှာ ကျင်းပပြုလုပ်ဖို့ သဘော တူညီချက်တွေ ရရှိခဲ့ပါတယ်’’ဟု RCSS ဆွေးနွေးရေးကိုယ်စား လှယ်အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဘောင်ခေးက ဆွေးနွေးပွဲအပြီး တွင် ပြောသည်။

RCSS အနေဖြင့် ရှမ်းလူမျိုး အလိုက် အမျိုးသားအဆင့်နိုင်ငံ ရေးဆွေးနွေးပွဲကို ၂၀၁၇ နှစ်ကုန် ပိုင်းကတည်းက ကျင်းပခွင့်ရရှိ သော်လည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထု တွေ့ဆုံပွဲများကို တပ်မတော်က  တားမြစ်ခဲ့ခြင်းကြောင့် ရှမ်းလူ မျိုးအလိုက်ဆွေးနွေးပွဲ ကျင်းပ မည့်အစီအစဉ်ကို RCSS ဘက်က ရပ်ဆိုင်းထားခဲ့ရာ ယခုပြန်လည် ကျင်းပရန် ဆွေးနွေးနိုင်ခြင်းဖြစ် သည်။

RCSS အတွင်းရေးမှူး ဗိုလ် မှူးကြီးစိုင်းငင်းက ‘‘၂၁ပင်လုံကို အစိုးရဘက်ကတော့ ဒီနှစ်အ တွင်းမှာ ဒီဇင်ဘာလား၊ ဒါမှမ ဟုတ် လာမယ့်နှစ် နှစ်ဆန်း ၁ လ ပိုင်းလောက်မှာ  ကျင်းပလိုတဲ့အ နေအထားရှိပါတယ်’’ဟု ဆွေး နွေးပွဲအပြီးတွင် ပြောကြားသည်။

အစိုးရကိုယ်စားလှယ် ဦး ဇော်ဌေးကလည်း အမျိုးသားအ ဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပ နိုင်ရေး၊ တရားဝင်ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရေး၊  ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ စတုတ္ထအစည်းအ ဝေးကျင်းပနိုင်ရေး၊   စာသင် ကျောင်းနှင့် ကျေးလက်ဆေးပေး ခန်းအပါအ၀င် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရန်ကိစ္စ၊ မူးယစ်ဆေး ၀ါးနှင့် ပြန်လည်ထူထောင်ရေး ပူးပေါင်းဆောင်ရွက်ရန်ကိစ္စ၊ အ ကျဉ်းကျခံနေရသည့် RCSS တပ် ဖွဲ့ဝင်များ ပြန်လည်လွတ်မြောက် ရေးကိစ္စ တို့ကို ဆွေးနွေးခဲ့သည်ဟု  ပြောသည်။ RCSS အဖွဲ့သည် ယနေ့(ဇူ လိုင် ၁၂ရက်)တွင်လည်း တပ်မ တော်ညှိနှိုင်းရေးအဖွဲ့နှင့် တွေ့ဆုံ ၍ တပ်ပိုင်းဆိုင်ရာကိစ္စများ ဆက် လက်ညှိနှိုင်းမည်ဖြစ်သည်။

No comments:

Post a Comment