Friday, July 12, 2019

မြန်မာနိုင်ငံ၏ ကျွန်းသစ်ထုတ်လုပ်မှုမှာ စစ်ကိုင်းတိုင်းမှအများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ ရှမ်းပြည်နယ်ဖြစ်ကြောင်း သစ်တောကဏ္ဍဍနှင့်ပတ်သက်သည့် EITI ၏ အစီရင်ခံစာတွင် ဖော်ပြ

မြန်မာနိုင်ငံ၏ ကျွန်းသစ်ထုတ်လုပ်မှုမှာ စစ်ကိုင်းတိုင်းမှ အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ ရှမ်းပြည်နယ်ဖြစ်ကြောင်း သစ် တောကဏ္ဍဍနှင့်ပတ်သက်သည့် EITI ၏အစီရင်ခံစာတွင် ဖော်ပြထားသည်။ သဘာဝသယံဇာတတူးဖော်ထုတ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး အဖွဲ့အစည်းဖြစ်သည့် (Extractive Industries Transparency Initiative EITI) ၏ ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်ဘဏ္ဍဍာ ရေးနှစ်နှင့်စပ်လျဉ်းသည့် သစ်တောကဏ္ဍဍအစီရင်ခံစာတွင် ယင်းသို့ထုတ်ပြန်ထားခြင်း ဖြစ်သည်။     



အဆိုပါအစီရင်ခံစာသည် မြန်မာနိုင်ငံ၏ သဘာဝသယံဇာတများ ကြွယ်ဝသော်လည်း စီမံအုပ်ချုပ်မှုနှင့် ကြီးကြပ်စစ်ဆေးမှု အားနည်းခြင်းကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲလက္ခဏာများ၊ ပဋိပက္ခများ၊ ဆင်းရဲနွမ်းပါးခြင်း စသည်တို့ကို တိုက်ဖျက်နိုင်ရန်နှင့် သဘာဝသယံဇာတမှရရှိသော အခွန်အခသုံးစွဲမှုတွင် ပွင့်လင်းမှုရှိစေရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုတိုးမြှင့်နိုင်ရန် ရည်ရွယ်ပြီးထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါအစီရင်ခံစာသည် ၂၀၁၄-၂၀၁၅  ဘဏ္ဍဍာရေးနှစ်တွင် အခွန်ကျပ်ငွေ သန်း ၁၀ဝ အထက်ပေးဆောင်သော သစ်ထုတ်လုပ်မှုတန်ချိန် ၁၀ဝ၀ဝ အထက်အဆင့်ရှိသည့်ကုမ္ပဏီ ၁၉ ခုနှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍဍာရေးနှစ်တွင် အခွန်ကျပ်ငွေသန်း ၁၀ဝ အထက်ပေးဆောင်သော ထုတ်လုပ်မှုတန်ချိန် ၁၀ဝ၀ဝ အထက်အဆင့်ရှိသည့် ကုမ္ပဏီ ၁၉ ခုတို့ကို စာရင်းစစ်ဆေးရာတွင် ထည့်သွင်းခဲ့ကြောင်း သိရသည်။

“ခုလိုမျိုး အစီရင်ခံစာထုတ်ပြန်လိုက်တာက မြန်မာ့သစ်လုပ်ငန်းအတွက် ဘယ်လောက်ထိ အထောက်အကူဖြစ်သွားလဲဆိုတော့ ဖဆပလခေတ်၊ မဆလခေတ်၊ Military Junta ခေတ်၊ ခုဒီမိုကရက်တစ် ခေတ်ပေါ့နော်။ ခေတ်တွေအမျိုးမျိုးပြောင်းလဲနေတယ်။ ၂၀၁၅ အထိ မြန်မာနိုင်ငံသစ်လုပ်ငန်းက သက်ဆိုင်ရာတာဝန်ရှိသူအထက် ကပုဂ္ဂိုလ်တွေရဲ့ ညွှန်ကြားချက်။ အဲဒါအားလုံးကို မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေလုပ်ပေးရမယ့် တာဝန်ရှိလို့ လုပ်ပေးခဲ့ရတာ။ ခုတော့ ပြောင်းလဲလာတဲ့အခါမှာ အရပ်ဘက် ပြည်သူအဖွဲ့တွေလည်းပါလာပြီ။ နိုင်ငံတော်အစိုးရကလည်း ပွင့်လင်းမြင်သာစွာလုပ်မယ်ဆိုတဲ့ လုပ်ငန်းတွေပါလာပြီ။ ယနေ့ EITI  Report ကတော့ ဘယ်လောက်ထိမှန်သလဲဆိုတာ အသေးစိတ်ကြည့်မှပဲ သိတော့မယ်။ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာပါပြီ။ ရှေ့လျှောက်အားလုံးက မှန်မှန်ကန်ကန်ဖြစ်ပါလိမ့်မယ်လို့ ကျွန်တော် ယုံလည်းယုံကြည်ပါတယ်။ မျှော်လည်း မျှော်လင့်ပါတယ်” ဟု မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်းမှ အလုပ်အမှုဆောင် ဦးစိုးမော်က ပြောကြားသည်။

EITI သစ်တောကဏ္ဍဍအစီရင်ခံစာ အရ ၂၀၁၄-၂၀၁၅ ဘဏ္ဍဍာနှစ် ကျွန်းသစ်ထုတ်လုပ်ရာတွင် မြန်မာ့သစ်လုပ်ငန်းမှ ၅၄ ရာခိုင်နှုန်းနှင့် ကန်ထရိုက်တာကုမ္ပဏီများမှ ၄၆ ရာခိုင်နှုန်းထုတ်လုပ်ခဲ့ကြောင်း၊ သစ်မာထုတ်လုပ်ရာတွင် မြန်မာ့သစ်လုပ်ငန်းမှ ၃၀ ရာခိုင်နှုန်းနှင့် ကန်ထရိုက်တာကုမ္ပဏီများ မှ ၇၀ ရာခိုင်နှုန်းထုတ်လုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ၂၀၁၅-၂၀၁၆ ဘဏ္ဍဍာနှစ် ကျွန်းသစ်ထုတ်လုပ်ရာတွင် မြန်မာ့သစ်လုပ်ငန်း မှ ၃၄ ရာခိုင်နှုန်းနှင့် ကန်ထရိုက်တာကုမ္ပဏီများမှ ၆၆ ရာခိုင်နှုန်း ထုတ်လုပ်ခဲ့ကြောင်း၊ သစ်မာထုတ်လုပ်ရာတွင် မြန်မာ့သစ်လုပ်ငန်းမှ ၃၁ ရာခိုင်နှုန်းနှင့် ကန်ထရိုက်တာ ကုမ္ပဏီများမှ ၆၉ ရာခိုင်နှုန်း ထုတ်လုပ်ခဲ့ကြောင်း သိရသည်။

သစ်တောကဏ္ဍဍမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍဍာရေးနှစ်အတွင်း မြန်မာငွေကျပ်သန်းပေါင်း ၆၉၈၈၃၄ နှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍဍာရေးနှစ်အတွင်း မြန်မာငွေကျပ်သန်းပေါင်း ၇၁၄၆၆၃ ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ၂၀၁၄-၂၀၁၅ ဘဏ္ဍဍာရေးနှစ်အတွင်း မြန်မာ့သစ်လုပ်ငန်း၏ ဝင်ငွေစီးဆင်းမှုမှာ ပြည်တွင်းအခွန်ဦးစီးဌာနသို့ ဝင်ငွေအခွန်အဖြစ် မြန်မာကျပ်ငွေသန်းပေါင်း ၄၇၉၄၅ ကျပ်၊ နိုင်ငံတော်ထည့်ဝင်မှုအဖြစ် မြန်မာကျပ်ငွေသန်းပေါင်း ၃၈၃၅၆ နှင့် မြန်မာ့စီးပွားရေးဘဏ်တွင် မြန်မာ့သစ်လုပ်ငန်း၏ အခြားစားရင်းရှင်အဖြစ် မြန်မာကျပ်ငွေ သန်းပေါင်း ၄၀၈၄၀၁ ဖြစ်ကြောင်း သိရသည်။

၂၀၁၅ -၂၀၁၆ ဘဏ္ဍဍာရေးနှစ်အတွင်း မြန်မာ့သစ်လုပ်ငန်း၏ ဝင်ငွေစီးဆင်းမှုမှာ ပြည်တွင်းအခွန်ဦးစီးဌာနသို့ ဝင်ငွေအခွန်အဖြစ် မြန်မာကျပ်ငွေသန်းပေါင်း ၁၁၂၅၂၀၊ နိုင်ငံတော်ထည့်ဝင်မှုအဖြစ် မြန်မာကျပ်ငွေ သန်းပေါင်း ၉၀ဝ၁၅ နှင့် မြန်မာ့စီးပွားရေးဘဏ်တွင် မြန်မာ့သစ်လုပ်ငန်း၏ အခြားစာရင်းရှင်အဖြစ် မြန်မာကျပ်ငွေသန်းပေါင်း ၄၀၇၁၅၃ အထိရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ EITI အစီရင်ခံစာတွင် အကြံပြုတိုက်တွန်းချက် ၁၁ ချက်ရှိပြီး ယင်းအနက် သစ်တောကဏ္ဍဍမှ ဝင်ငွေရရှိမှုကို စီမံအုပ်ချုပ်မှုသုံးချက်၊ သစ်တောစီမံအုပ်ချုပ်မှုအတွက် သုံးချက်နှင့် EITI အကောင်အထည်ဖော်မှုအတွက် ငါးချက်ပါဝင်ကြောင်း၊ EITI အကောင်အထည်ဖော်ဆောင်ရွက်သည့်နိုင်ငံ ၄၅ ခုအနက် မြန်မာနိုင်ငံသည် သစ်တောကဏ္ဍဍကို အစီရင်ခံစာတွင် ထည့်သွင်းသည့် ဒုတိယမြောက်နိုင်ငံဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment