Friday, July 12, 2019

တူနီးရှားက မာဒါဂတ်စ်ကာကို ၃ ဂိုးပြတ်ဖြင့်နိုင်ပြီး အာဖရိကနိုင်ငံများဖလား ဆီမီးတက်

အီဂျစ်နိုင်ငံမှာ ကျင်းပနေတဲ့ အာဖရိကနိုင်ငံများဖလား ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် တူနီးရှားနဲ့ မာဒါဂတ်စ်ကာတို့ မနေ့ကယှဉ်ပြိုင်ရာ တူနီးရှားက ၃ ဂိုး ဂိုးမရှိနဲ့နိုင်ပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားပါတယ်။ တူနီးရှားအသင်းအတွက်တော့ ၂၀၀၄ ခုနှစ်နောက်ပိုင်း အာဖရိကနိုင်ငံများဖလား ဆီမီးဖိုင်နယ်အဆင့်ကို ပထမဆုံးအကြိမ် ပြန်လည်တက်လှမ်းနိုင်တာပဲ ဖြစ်ပါတယ်။ တူနီးရှားအသင်းဟာ အုပ်စုအဆင့်မှာ သုံးပွဲစလုံး သရေကျပြီး အုပ်စုဒုတိယနေရာကနေ ရှုံးထွက်အဆင့် တက်လှမ်းခဲ့တာပါ။ ရှုံးထွက်မှာလည်း ဂါနာအသင်းနဲ့ ပွဲချိန်ပြည့်ကစားပြီး သရေကျတာကြောင့် ပယ်နယ်တီအဆုံးအဖြတ်မှာနိုင်ပြီး ကွာတားကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။



မာဒါဂတ်စ်ကာအသင်းကတော့ အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲကို ဒီနှစ်မှ ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်နိုင်တာဖြစ်ပြီး အုပ်စုအဆင့်မှာ ခြေစွမ်းပြပြီး အုပ်စုဗိုလ်အဖြစ် ရှုံးထွက်အဆင့်ကို တက်လှမ်းခဲ့တာပါ။

ရှုံးထွက်အဆင့်မှာ ကွန်ဂိုနဲ့ တွေ့ဆုံခဲ့ပြီး ပယ်နယ်တီအဆုံးအဖြတ်နဲ့ ကွာတားဖိုင်နယ်ကို တက်လှမ်းခဲ့တာ ဖြစ်ပါတယ်။

ကွာတားအဆင့်မှာတော့ မာဒါဂတ်စ်ကာအသင်းဟာ တူနီးရှားကို ယှဉ်မကစားနိုင်ဘဲ ဘောလုံးပိုင်ဆိုင်မှုရော ထိုးဖောက်ကန်သွင်းရာမှာပါ အသာမရဘဲ အရှုံးပေးလိုက်ရတာပါ။

တူနီးရှားအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၅၂ မိနစ်မှာ ဆာဆီ၊ မိနစ် ၆၀ မှာ အမ်ဆပ်ခ်နီနဲ့ ပွဲပြီးခါနီးမှာ စလီတီတို့က သွင်းယူပေးခဲ့ပါတယ်။

ဆီမီးဖိုင်နယ်မှာ တူနီးရှားအသင်းဟာ ဆီနီဂေါနဲ့ တွေ့ဆုံနေပြီး လာမယ့် ဇူလိုင် ၁၄ ရက်နေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

No comments:

Post a Comment