Friday, July 12, 2019

ကျပ်သိန်း ၈,၀၀၀ တန် လောဘ ‘‘ကျပ်သိန်း ၈,၀၀၀ ကျော် သာရမယ်ဆိုရင်တော့ ထောင်ထဲ ရှစ်နှစ်လောက်သွားနေရလည်း တန်ပါတယ်’’

မန္တလေးမြို့မှာ ဘဏ်ခွဲဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိက ဘဏ်တစ်ခုရဲ့ တာဝန်ခံ မန်နေဂျာတစ်ယောက် ကို ကျပ်သိန်း ၈,၀၀၀ ကျော် အ လွဲသုံးစားမှုနဲ့ ပြီးခဲ့တဲ့လထဲမှာ သက်ဆိုင်ရာဘဏ်က တရားစွဲဆို လိုက်ပါတယ်။ အဲဒီသတင်းကို သတင်းမီဒီယာတွေက ဖော်ပြခဲ့ ကြသလို လူမှုကွန်ရက်မှာလည်း ပျံ့နှံ့ခဲ့ပါတယ်။ ဒီသတင်းနဲ့ ပတ် သက်ပြီး လူငယ်တစ်ယောက်ရဲ့ မှတ်ချက်စကားက ကျွန်တော့်ကို ပါးစပ်အဟောင်းသား ဖြစ်စေခဲ့ပါ တယ်။ ‘‘ကျပ်သိန်း ၈,၀၀၀ ကျော် သာရမယ်ဆိုရင်တော့ ထောင်ထဲ ရှစ်နှစ်လောက်သွားနေရလည်း တန်ပါတယ်’’လို့ သူကပြောလိုက် တာပါ။
ဒီထောင်ကျမှုက မတရားမှုကို ခေါင်းငုံ့မခံ တွန်းလှန်လို့ကျ တဲ့ ပြစ်မှုမဟုတ်ဘူး။ သူတစ်ပါး ပစ္စည်း ဥစ္စာခိုးယူပြီး ထောင်တန်းကျရမယ့်အဖြစ်၊ ကိုယ်ကျင့်တရားပျက်ယွင်းလို့ကျရတဲ့ ပြစ်ဒဏ်သာဖြစ်တယ်။ လူငယ်က လူငယ်ထုအားလုံးကို ကိုယ်စားမပြုဘူးဆို သည့်တိုင် ကျန်းမာသန်စွမ်းတဲ့ အားကောင်းမောင်းသန် လူငယ်တစ်ယောက်ရဲ့ နှုတ်ထွက်စကား က ကျွန်တော့်ကို အံ့အားသင့်စေ ခဲ့တာ အမှန်ပါပဲ။အဲဒီလူငယ်ရဲ့ စကားကို ကြားရပြီးတဲ့အခါ ကျွန်တော့်မှာ အဖြေမရှိတဲ့ မေးခွန်းတွေနဲ့ အတွေးတွေ တသီကြီး ဝင်လာမိ တော့တယ်။
မြန်မာ့တရားစီရင်ရေးစနစ် က ဘယ်လိုရှိနေပြီလဲ၊ အကျဉ်းထောင်တွေရဲ့ အခြေအနေကကော ဘယ်လိုလဲ၊ ကိုယ်တိုင် ကြိုးစားအားထုတ်ရှာဖွေထားတာ မဟုတ်တဲ့ ဓနဥစ္စာအပေါ် ဒီနေ့ ခေတ် လူငယ်တွေရဲ့ သဘောထားက  ဘယ်လိုရှိနေပြီလဲ၊ ဘာသာ တရားရဲ့ အဆုံးမအပေါ် ဒီနေ့ခေတ်လူတွေ သိမှတ်နားလည်မှု က ဘယ်အခြေအနေ ရောက်နေပြီလဲ၊ ပိုက်ဆံရဲ့ အရေးပါအရာ ရောက်မှုက ဘယ်အတိုင်းအတာ ထိရှိသလဲ၊ မတရားသဖြင့် ရှာဖွေ ထားတဲ့ စည်းစိမ်ငွေကြေး ပိုင်ဆိုင်နေသူတွေအပေါ် လူ့အဖွဲ့အစည်း က ဘယ်လိုသဘောထားသလဲ၊ ရိုးသားကြိုးစားသူတစ်ယောက်  အောင်မြင်မှုရဖို့အချိန် ဘယ် လောက်ကြာနိုင်သလဲ။ အဲဒီမေး ခွန်းတွေအတွက် ကျွန်တော့်မှာ အဖြေတွေ အဆင်သင့်ရှိမနေခဲ့ပါ။

ပိုက်ဆံက အရေးကြီးတာမှန် သော်ငြား ကိုယ့်ရဲ့ကာယ၊ ဉာဏ  မစိုက်ထုတ်ရဘဲ သူတစ်ပါးပိုက် ဆံကို အချောင်လိုချင်နေပြီဆိုရင် တော့ အချောင်သမားသာဖြစ်ပါ လိမ့်မယ်။ တရားသဖြင့် ရှာဖွေထားတဲ့ငွေကြေးအပေါ်သာ ဂုဏ် ယူနိုင်ရမှာ ဖြစ်ပါတယ်။ တကယ်တော့ လောဘဆိုတာ တပ်မက် စိတ်ပါ။ လောဘတွေကပဲ တွန်းအားပေးနေတာ ဖြစ်ပါတယ်။ လောဘမှာ မတော်လောဘနဲ့ တော်လောဘဆိုပြီး နှစ်မျိုးရှိ တယ်။ တက္ကသိုလ်ဝင်တန်းဖြေဆို မယ့် ကျောင်းသားတစ်ယောက် စာမေးပွဲကို ဂုဏ်ထူးတွေအများ ကြီးနဲ့ ထူးထူးချွန်ချွန် အောင်မြင် ချင်လို့ ကြိုးစားတာ တော်လောဘလို့ ဆိုနိုင်ပါတယ်။ သူတစ်ပါး ပစ္စည်းတပ်မက်နေတာက မတော် လောဘဖြစ်တယ်။ ကိုယ်တိုင်ကြိုး စားရှာဖွေထားတာမဟုတ်တဲ့ ဓန ဥစ္စာအပေါ် လိုချင်တပ်မက်စိတ် ဖြစ်ပေါ်နေပြီ ဆိုကတည်းက မနောကံနဲ့ အဒိန္နဒါနကံကျူးလွန်မိပြီး ဖြစ်နေပါပြီ။အဒိန္နဒါနကံက  ကံငါးငါးမှာ ဒုတိယမြောက်ကျူး လွန်ဖို့ အလွယ်ဆုံးပါပဲတဲ့။ အလွယ်ဆုံးကျူးလွန်မိတဲ့ ကံက တော့ မုသာဝါဒ (လိမ်လည်ပြော ဆိုခြင်းကံ) ဖြစ်ပါတယ်။ တပ်မက်မှုကို နှုတ်ကတစ်ဆင့် ထုတ်ဖော် ပြောလိုက်ရင်တော့ အဒိန္နဒါနကံကို ၀စီကံနဲ့ ကျူးလွန်လိုက်တာပါ ပဲ။

  မနောကံနဲ့သော်လည်း ကောင်း၊ ဝစီကံနဲ့သော်လည်း ကောင်း ကျူးလွန်လိုက်ရုံနဲ့ ပြစ်မှု တစ်စုံတစ်ရာ မမြောက်ပေမယ့် သံသရာအတွက်တော့ မကောင်း နိုင်ပါဘူး။

၁၉၉၅ ခုနှစ် အောက်တိုဘာ လထုတ် သင့်ဘဝမဂ္ဂဇင်းက ခိုးမှု အသင်ကင်းရဲ့လားဆိုတဲ့ မျက်နှာဖုံးနဲ့ခိုးမှုအထွေထွေအကြောင်း တင်ဆက်ခဲ့တယ်။ စာရေးဆရာ ချစ်ဦးညိုက ‘အဒိန္နဒါန’ ဆိုတဲ့ အထူးဆောင်းပါးရေးပြီး မြန်မာ့လူ့အဖွဲ့အစည်းကို အခုလို တပ်လှန့်ခဲ့တယ်။

‘‘အဒိန္နဒါနရဲ့အနက်က အရှင်သည် ကိုယ်နှုတ်တို့ဖြင့် မပေး အပ်သော ဥစ္စာကို ယူခြင်းလို့ အဓိပ္ပာယ်ထွက်တယ်။ ပိုင်ရှင်က ကိုယ်အမူအရာနဲ့ဖြစ်ဖြစ်၊ နှုတ်အမူအရာနဲ့ဖြစ်ဖြစ် မပေးတာ၊ ခွင့်မပြုတာကို ယူခြင်း၊ မြန်မာစကား လုံးအရ ခိုးခြင်း၊ ခိုးခြင်းအလုပ်ကို  လုပ်သူ၊ ခိုးခြင်းအမှုကို ပြုသူ၊ ခိုးမှုကျူးလွန်သူဟာ သူခိုးဆိုတဲ့ အ မည်နာမရလာတယ်။ အခုခေတ် စားနေတဲ့ တိုခြင်း၊လျှိုခြင်း၊ ဗုန်းခြင်း၊ လဲခြင်း၊ ကဲ့ခြင်း၊ ဝှက်ခြင်း၊ သဲ့ခြင်း၊ အိတ်ထဲထည့်ခြင်းဆိုတဲ့ စကားလုံးတွေ အဓိပ္ပာယ်တွေဟာ ခိုးခြင်း ၁၁ ပါးထဲမှာ ပုံစံအမျိုးမျိုး နဲ့ ပါဝင်နေတာ တွေ့နိုင်ပေတာ ပေါ့။ အဒိန္နဒါနကို နည်းအမျိုးမျိုး နဲ့ ကျူးလွန်နေသူများကိုကြည့် ရင် လိုချင်တပ်မက်တဲ့ လောဘ ကြောင့်မဟုတ်ဘဲ မသိခြင်း၊ မိုက်မဲခြင်းဆိုတဲ့ မောဟကြောင့်ဆိုတဲ့ အဖြေလည်း ထွက်လာပါတယ်’’ ဒီနေ့လူ့အဖွဲ့အစည်းကို လောဘ တွေက မောင်းနှင်နေတယ်။ ရအောင်ရှာ၊ များများရှာ၊ ပို အောင်ရှာဆိုတဲ့ သံသရာ ဝဲဂယက်မှာ လုံးချာလိုက်နေကြရတယ်။ ကိစ္စမြားမြောင် အစစအရာရာမှာ  ငွေကိုသုံးနေရတော့ မရှာလို့ လည်း မရနိုင်ဘူး။ ငွေရဖို့အတွက်  နည်းလမ်းမျိုးစုံသုံးပြီး အပြိုင်အဆိုင်ရှာနေရတဲ့ အနေအထားဖြစ် ပါတယ်။ ခြိုးခြံခြင်း၊ ချွေတာခြင်း၊

တင်းတိမ်ခြင်း၊ ရောင့်ရဲခြင်း စတဲ့ဝေါဟာရတွေသည်ပင် အသုံး နည်း စကားလုံးတွေ ဖြစ်လာနေပြီ။ခေတ်ကာလ အနေအထားအရ  ငွေရှာတာအပြစ်မဟုတ်ပေမယ့် တရားသဖြင့် ငွေရှာတဲ့နည်းသာ ဖြစ်ရပါ့မယ်။ ဘယ်သူသေသေ  ငတေမာပြီးရောနည်းနဲ့ ငွေရှာ  တာက တရားသဖြင့် ငွေရှာတဲ့နည်းမဟုတ်ဘူး။

မိတ်ဆွေတို့ကို အရင်ခေတ် က လူရွှင်တော်ကြီးတွေ ပြက်ခဲ့တဲ့  ပြက်လုံးတစ်ပုဒ် လက်ဆောင်ပေး ခဲ့ပါ့မယ်။ တစ်ခေတ်တစ်ခါက နိုင်ငံတော် နေ့ထူးနေ့မြတ်ကြီး တစ်ခုမှာ ယဉ်ကျေးမှု ကဇာတ် ဌာနက ဦးဆောင်ပြီး သမ္မတအိမ် တော်ဝင်းအတွင်း ဧည့်ခံပွဲသဘင်  ကျင်းပပါသတဲ့။ အငြိမ့်အစီအစဉ်လည်းပါပြီး မင်းသမီးက အမာစိန်၊လူရွှင်တော်ကြီးတွေက ဦးရွှေမျှားနဲ့ ဦးစပါယ်ရှယ်။ မင်းသမီး တစ်ပိုဒ် ကအပြီးမှာ လူရွှင်တော်တွေက ပြက်လုံးထုတ်တယ်။

‘‘ဟေ့ကောင် ငါစဉ်းစားမရ လို့ကွာ၊ မင်းကတော့ ပညာရှိဆို တော့ သိမှာပဲ’’

‘‘မေးချင်တာ မေးစမ်းပါ’’

‘‘ဒီလိုကွာ လခ ၁၂၆ ကျပ်ရတဲ့ စာရေးလေးက ငွေစုငွေချေး ကနေပြီး ငွေတစ်ထောင်ကျော်သုံးတယ်။ အရာရှိကြီးတစ်ယောက် ကတော့ ပြည်သူပိုင်ပစ္စည်းထဲက နေ ငွေတွေသိန်းနဲ့ချီပြီးသုံးတယ်။  အဲဒီနှစ်ယောက်မှာ ဘယ်သူ အပြစ်ပိုကြီးသလဲ။ အလွယ်တကူမဖြေနဲ့ နော်၊ သေချာစဉ်းစားပြီးမှ ဖြေ’’

အမေးခံရတဲ့ လူရွှင်တော်ကြီးက  ပညာရှိပုံစံနဲ့  အင်း စာရေးလေး ရယ်၊ အရာရှိကြီးရယ်၊ ငွေတစ်ထောင်ရယ်... သိန်းနဲ့ချီတဲ့ငွေတွေ ရယ်... အင်း... အဲ... လုပ်ပြီးမှ ဖြေချလိုက်တယ်။

‘‘ဟေ့... မိတဲ့လူ အပြစ်ကြီး တယ်ကွာ’’

ဒီပြက်လုံးခွင်ကို လူကြီးတွေအားပါးတရ ရယ်လိုက်ကြပါ သတဲ့။

ကျွန်တော်ကတော့ လူကြီးဖြစ်စေ၊ လူငယ်ဖြစ်စေ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ရှာဖွေထားတဲ့ လုပ်ခလစာအပေါ်မှာ တင်းတိမ် ရောင့်ရဲ ကျေနပ်ပျော်ရွှင်သူတွေ ဖြစ်စေချင်တာပါပဲ။

No comments:

Post a Comment