Friday, July 12, 2019

ဆူဒန်တွင် အာဏာသိမ်းရန် ကြိုးပမ်းမှုကို ဖြိုခွင်းဟု စစ်ခေါင်းဆောင်များ ပြော

ဆူဒန်နိုင်ငံမှာ အာဏာသိမ်းဖို့ ကြိုးပမ်းမှုကို ဖြိုခွင်းလိုက်တယ်လို့ စစ်ဘက်ခေါင်းဆောင်တွေက ဇူလိုင် ၁၁ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် စစ်ဘက်နဲ့ အတိုက်အခံအကြား အာဏာခွဲဝေရေး သဘောတူညီချက်ကို ပျက်ပြားအောင် အရာရှိအတော်များများ ကြိုးပမ်းခဲ့တယ်လို့ စစ်ဘက်ခေါင်းဆောင်တွေက ဆိုပါတယ်။



မအောင်မြင်တဲ့ အာဏာသိမ်းမှုမှာ အငြိမ်းစားနဲ့ တာဝန်ထမ်းဆဲ အရာရှိတွေ ပါဝင်တယ်လို့ အသွင်ကူးပြောင်းရေး စစ်ဘက်ကောင်စီ အကြီးအကဲက ပြောပါတယ်။

အဲဒီ အာဏာသိမ်းမှုနဲ့ ဆက်စပ်လို့ ၁၂ ယောက်ကို ဖမ်းဆီးပြီး ၄ ယောက်ကို ထိန်းသိမ်းထားတယ်လို့လည်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က စစ်ဘက်နဲ့ ဆန္ဒပြအဖွဲ့တွေအကြား ၃ နှစ်တာကာလ အာဏာခွဲဝေရေး သဘောတူခဲ့ပါတယ်။ အဲဒီလို သဘောတူညီမှု ရခဲ့တာကို ထောင်နဲ့ချီတဲ့ ဆူဒန်ပြည်သူတွေက လမ်းပေါ်ထွက် အောင်ပွဲခံခဲ့ကြပါတယ်။

No comments:

Post a Comment