Friday, July 12, 2019

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းနေသော်လည်း ပုလဲမြို့နယ်၌ သောက်သုံးရေ ရှားပါးမှုဖြစ်နေ

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းနေသော်လည်း စစ်ကိုင်းဒေသကြီး အောက်ပိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ်တွင် သောက်သုံးရေ ရှားပါးမှုများ ဖြစ်နေကြောင်း သိရသည်။သောက်သုံးရေ ရှားပါးသည့် ပုလဲမြို့နယ်တွင် ရပ်ဝေး/ရပ်နီးမှ ရေအလှူရှင်များနှင့် ယင်းမြို့နယ်အတွင်းမှ ရေအလှုရှင်များကြောင့်သာ ရေရှားပါးသည့် ကျေးရွာသူ/သားများ ရေသောက်သုံး နေရကြောင်း၊ ထို့ပြင် ပုလဲမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်၏ ကြိုးပမ်း ဆောင်ရွက်မှုကြောင့် ရေရှားပါး ကျေးရွာတချို့တွင် စက်ရေတွင်း တူးဖော်ပေးမှုများလည်း ရှိနေပြီဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ မြို့နယ်မှာ နွေရာသီတုန်းက ရေရှားပါးတဲ့ ကျေးရွာတွေကို စက်ရေးတွင်း တူးဖော်ပေးခဲ့တယ်။ အဲဒီရေရှားတဲ့ ကျေးရွာတွေကတော့ ရေတွင်း တူးဖော်ပေးလိုက်တဲ့အတွက် အားလုံး အဆင်ပြေသွားကြပြီ။ အဓိကတော့ အထက်ပိုင်းသာ မိုးရွာပေမဲ့ ကျွန်တော်တို့ အောက်ပိုင်းမှာ မိုးက မရွာတော့ ရေရှားပါးတဲ့ ကျေးရွာတွေက အခုထိရှိနေတုန်းပဲ။ အခုရေရှားတဲ့ ရွာတွေကတော့ အလှုရှင်တွေ လာလှူကြလို့ သောက်သုံးရေကို သောက်နေရတာ။ ရေအလှုရှင်ကတော့ အခုလို လိုအပ်နေတုန်းပဲ” ဟု ပုလဲမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ထက် ကေပြာကြားသည်။အဆိုပါမြို့နယ်အတွင်းက သောက်သုံးရေ ရှားပါးသည့် ကျေးရွာတချို့အတွက် စက်ရေတွင်းများ တူးဖော်ပေးနိုင်ရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍဍာရေးနှစ်တွင် ဘတ်ဂျက်ပါရှိမည် ဖြစ်ကြောင်း၊ အလားတူ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ စက်ရေတွင်းများ တူးဖော်ပေးနိုင်ရေးအတွက် ဆက်လက် တင်ပြထားကြောင်း ဦးဇော်ထက်က ဆက်လက် ပြောကြားသည်။စစ်ကိုင်းဒေသကြီး အောက်ပိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ်တွင် သောက်သုံးရေ ရှားပါးနေကြသည့် ကျေးရွာများသည် ဝမ်းပဲချိုင့်ကျေးရွာ၊ စိုင်ခေါင်းကျေးရွာ၊ တမာပင်ရေကျေးရွာ၊ အုံးပင်တောကျေးရွာ၊ ကျွဲခေါင်းတောင်ကျေးရွာ စသည့် ကျေးရွာများ ဖြစ်ကြောင်း  သိရသည်။

No comments:

Post a Comment