Friday, July 12, 2019

ဘဏ္ဍဍာနှစ်ကိုးလနီးပါးတွင် ပင်လယ်ရေကြောင်းမှ ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာသန်း ၈၀ဝ ကျော် လျော့ကျခဲ့သော်လည်း နယ်စပ်မှတင်ပို့မှု ၁၆ ရာခိုင်နှုန်းနီးပါးမြင့်တက်ခဲ့သဖြင့် စုစုပေါင်းပို့ကုန်တင်ပို့မှု ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၄၆၀ ကျော် ပိုမိုရရှိ

လက်ရှိဘဏ္ဍဍာနှစ် ကိုးလနီးပါးတွင် ပင်လယ်ရေကြောင်းမှ ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာသန်း ၈၀ဝ ကျော် လျော့ကျခဲ့သော်လည်း နယ်စပ်မှတင်ပို့မှု ၁၆ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့သဖြင့် စုစုပေါင်းပို့ကုန်တင်ပို့မှုသည် ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၄၆၀ ကျော်ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ် ပြန်ထားသည့်စာရင်းများအရ သိရသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇွန် ၂၈ ရက်အထိ ပြည်ပသို့ စုစုပေါင်းပို့ကုန်တင်ပို့မှု ဒေါ်လာ ၂ ဒသမ ၆၂၅ ဘီလျံကျော်ရရှိထားပြီး ယခင်နှစ်ကာလတူတွင် ဒေါ်လာ ၂ ဒသမ ၅၇၈ ဘီလျံ ကျော်သာ ရရှိထားသည်။ ထို့ကြောင့် လက်ရှိဘဏ္ဍဍာနှစ် ကိုးလနီးပါးတွင် စုစုပေါင်းပို့ကုန်တင်ပို့မှုသည် ယခင်နှစ်ကာလတူထက် ဒေါ်လာ ၄၆၉ ဒသမ ၃၅၃ သန်း ပိုမိုရရှိထားခြင်း ဖြစ်သည်။



မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ပို့ကုန်တင်ပို့ရာတွင် ပင်လယ်ရေကြောင်း (Over Sea) မှ တင်ပို့မှုနှင့် အိမ်နီးချင်းနိုင်ငံများသို့ နယ်စပ် (Border Trade) မှ တင်ပို့ခြင်း စသည့်လမ်းကြောင်းနှစ်ခုမှတဆင့် ကုန်သွယ်မှုပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။


ယင်းကဲ့သို့ လက်ရှိဘဏ္ဍဍာနှစ် ကိုးလနီးပါးတွင် ယခင်နှစ်ကာလတူထက် ပို့ကုန်ပိုမို တင်ပို့နိုင်ခဲ့ခြင်းသည် နယ်စပ်ကုန်သွယ်မှု တိုးတက်ခဲ့ခြင်းကြောင့်ဖြစ်ပြီး ပင်လယ်ရေကြောင်းတင်ပို့မှုတွင် အနည်းငယ်လျော့ကျခဲ့ကြောင်း သိရသည်။

လက်ရှိဘဏ္ဍဍာနှစ် ကိုးလနီးပါးတွင် ပင်လယ်ရေကြောင်းမှ ပို့ကုန်တင်ပို့မှုပမာဏ ဒေါ်လာ ၁၈ ဒသမ ၂၄၉ ဘီလျံကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၈၀၅ ဒသမ ၃၇၁ သန်း လျော့ကျခဲ့သည်။

သို့သော် အိမ်နီးချင်းနိုင်ငံများသို့ နယ်စပ်မှ တင်ပို့မှုပမာဏ အမေရိကန်ဒေါ်လာ ရှစ်ဘီလျံကျော်ရရှိထားပြီး ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၇၄ ဘီလျံကျော် ပိုမိုရရှိခဲ့ခြင်းဖြစ်သည်။ ရာခိုင်နှုန်းအားဖြင့် ၁၅ ဒသမ ၉၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ပြည်ပသို့ အဓိကတင်ပို့နေသည့် ပို့ကုန်များမှာ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ စက်မှုကုန်ချော (CMP) နှင့် အခြားပစ္စည်းများ စသည်တို့ကို တင်ပို့နေခြင်းဖြစ်သည်။

လက်ရှိဘဏ္ဍဍာနှစ် ကိုးလနီးပါးတွင် လယ်ယာထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန် ဒေါ်လာ၂  ဒသမ  ၅၅ ဘီလျံကျော်ရရှိထားပြီး ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ သန်း ၂၇၀ ခန့်ပိုမိုရရှိထားသည်။

တိရစ္ဆာန်ထွက်ပစ္စည်းတင်ပို့မှမှုမှ အမေရိကန်ဒေါ်လာ သန်း ၃၁၀ ကျော် ရရှိထားပြီး ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ သန်း ၁၈၀ ကျော် ပိုမိုရရှိထားသည်။

ရေထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၆၀ဝ ကျော် ရရှိထားပြီး ယခင်နှစ်ကာလတူထက် အမေရိကန် ဒေါ်လာ ၄၂ သန်းကျော် ပိုမိုရရှိထားသည်။

သစ်တောထွက်ပစ္စည်းနှင့် သတ္တုတွင်း ထွက်ပစ္စည်းများသည့် နိုင်ငံသယံဇာတ ထွက်ကုန်များဖြစ်သည့်အတွက် ပြည်ပတင်ပို့မှုကို ကန့်သတ်ထားသည်။ ထို့ကြောင့် အဆိုပါ ကဏ္ဍဍများမှ တင်ပို့မှုသည် ယခင်နှစ်များထက် လျော့နေခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍဍာနှစ်တွင် ပြည်ပပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၃ ဘီလျံရရှိရန်နှင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၈ ဘီလျံ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၁ ဘီလျံရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာငြိမ်း



မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုအခြေအနေ(တန်ဖိုး-ဒေါ်လာသန်း)

 ဘဏ္ဍဍာနှစ်      ပို့ကုန်   သွင်းကုန်        ကုန်သွယ်မှုပမာဏ

၂၀၁၅-၂၀၁၆    ၁၁၁၃၆ ဒသမ ၈၇၈      ၁၆၅၇၇ ဒသမ ၉၄၈      ၂၇၇၁၄ ဒသမ ၈၂၆

၂၀၁၆-၂၀၁၇    ၁၁၉၉၈ ဒသမ ၅၄၄      ၁၇၂၁၁ ဒသမ ဝ၆၂      ၂၉၂၀၉ ဒသမ ၆၀၆

၂၀၁၇-၂၀၁၈    ၁၄၈၅၀ ဒသမ၆၆၄       ၁၈၆၈၆ ဒသမ ၉၅၂      ၃၃၅၃၇ ဒသမ ၆၁၆

၂၀၁၈  ၈၈၂၁ ဒသမ ၂၅၃      ၉၈၅၈ ဒသမ ဝ၃၇      ၁၈၆၇၉ ဒသမ ၂၉၀

(Mini Budget)

၂၀၁၈-၂၀၁၉    ၁၂၁၀၉ ဒသမ ၅၀၁      ၁၃၂၄၄ ဒသမ ၁၇၈      ၂၅၃၅၃ ဒသမ ၆၇၉

(ဇွန် ၂၁ အထိ)

No comments:

Post a Comment