Friday, July 12, 2019

မြန်မာနိုင်ငံမြောက်ပိုင်းမှ တမူထူးခြားသောငှက်မျိုးစိတ်သစ် ကျောက်ဖြစ်ရုပ်ကြွင်းတွေ့ရှိ

No photo description available.တရုတ်နဲ့ နိုင်ငံတချို့က ကျောက်ဖြစ်ရုပ်ကြွင်းလေ့လာသူတွေဟာ မြန်မာနိုင်ငံမြောက်ပိုင်းမှာ အသေးစား ငှက်မျိုးစိတ်သစ်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ အခုလိုတွေ့ရှိချက်ဟာ ရှေးခေတ်ငှက်တွေရဲ့ အမူအကျင့်နဲ့ ဆင့်ကဲ တိုးတက်ပြောင်းလဲလာမှုအချက်အလက် တွေကို တွေ့ရှိနိုင်ဖို့ အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ အဲဒီ ကျောက်ဖြစ်ရုပ်ကြွင်းကို ကချင်ပြည်နယ် ဟူကောင်းဒေသမှာ တွေ့ရှိခဲ့တာဖြစ်ပြီး ၅.၅ ဂရမ်သာရှိပြီး အရှည် ၃.၅ စင်တီမီတာရှိပါတယ်။ တွေ့ရှိခဲ့တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းငှက်မှာ တမူထူးခြားပြီး ရှည်လျား တဲ့ခြေချောင်းတစ်ချောင်းပါရှိပြီး အဲဒီခြေ ချောင်းရဲ့ အရှည်ဟာ ၉.၈ မီလီမီတာ ရှည်လျားပါတယ်။အဲဒီငှက်ရဲ့ အရှည်ဆုံးခြေချောင်းဟာ ဒုတိယ ခြေချောင်း ထက် ၄၁ ရာခိုင်နှုန်းပိုရှည်ပြီး ခြေထောက်ထက် ၂၀ ရာခိုင်နှုန်းပိုရှည်ပါတယ်။ အခုကျောက်ဖြစ်ရုပ်ကြွင်းဟာ လွန်ခဲ့တဲ့ နှစ် ၉၉ သန်းက ဖြစ်တည်ခဲ့တာလို့ သိရပါတယ်။

No comments:

Post a Comment