Friday, July 12, 2019

ကမာရွတ်နှင့် လှိုင်တက္ကသိုလ်နယ်မြေတွင် ကျောင်းသူများ ကာယိနြေ္ဒနှောင့်ယှက်ခံရမှုများ ရှိနေ တက္ကသိုလ်နယ်မြေ လုံခြုံရေး ကြပ်မတ်ပေးရန် တောင်းဆို

လှိုင်တက္ကသိုလ်နယ်မြေ နှင့် ကမာရွတ်တက္ကသိုလ်နယ်မြေ တို့တွင် ရန်ကုန်ပညာရေးတက္က သိုလ်ကျောင်းသူများ ကာယိနြေ္ဒ နှောင့်ယှက်ခံရမှုများ ဖြစ်ပေါ်နေ ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၊ ပညာရေးဝန်ကြီးဌာနတို့ အနေဖြင့် တက္ကသိုလ်နယ်မြေလုံ ခြုံရေး ကြပ်မတ်ပေးရန် ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂက တောင်းဆို သည်။ လှိုင်တက္ကသိုလ် နယ်မြေနှင့် ကမာရွတ်တက္ကသိုလ် နယ်မြေများအတွင်း ကျောင်းသူများ ကာယိနြေ္ဒပျက်ပြားစေရန် နှောင့်ယှက်ခံနေရခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများ၏ လုံခြုံရေးကိစ္စများ အ လေးထား  ဆောင်ရွက်ပေးရန် ရန်ကုန်ပညာရေး  တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဇူလိုင်၁၁ ရက်တွင် သတင်းစာရှင်းလင်း ပွဲ ပြုလုပ်၍တောင်းဆိုခဲ့သည်။



ဇူလိုင် ၉ ရက်ညနေက ကမာရွတ် တက္ကသိုလ်နယ်မြေ သထုံလမ်း နဝဒေးဆောင်ရှေ့ ဘောလုံးကွင်းအနီး ရပ်ထားသည့် ကားပေါ်ရှိ အမျိုးသားတစ် ဦးက ရန်ကုန်ပညာရေး တက္ကသိုလ် ကျောင်းသူနှစ်ဦးကို ကာယိနြေ္ဒ ပျက်ပြားစေရန် အကြံဖြင့် တစ်ကိုယ်ရေအာသာဖြေမှု ပြုလုပ်ပြခြင်းဖြင့် နှောင့်ယှက်ခဲ့သည်ဟု ကာယကံရှင် ကျောင်းသူနှစ်ဦးက ထိုကားနံပါတ်ပါ ဓာတ်ပုံသက်သေဖြင့် ကျောင်းသားသမဂ္ဂသို့ တိုင်ကြားထားသည်။

ကမာရွတ်တက္ကသိုလ် နယ်မြေအတွင်းသာမက လှိုင်တက္ကသိုလ်နယ်မြေရှိ အဆောင်များ တွင် နေထိုင်သည့် ကျောင်းသူများ ပါ ထိုဖြစ်စဉ်မျိုး မကြာခဏ ကြုံတွေ့ရပြီး ၂၀၁၉ ဇန်နဝါရီက ထိုသို့ပြုမူသော အမျိုးသားတစ်ဦးကို ကမာရွတ်မြို့နယ် တရားရုံး၌ ကာယကံရှင် ကျောင်းသူနှစ်ဦးက တရားစွဲဆိုဖူးသည်။   သို့သော် လက်ရှိအထိ တရားရုံးတွင် ကြားနာမှု မပြီးပြတ်သေးဘဲ ကျူးလွန်သူကို အရေးယူနိုင်ခြင်း မရှိသေးဟု ကာယကံရှင် ကျောင်းသူ မနီလာအောင်က ပြောသည်။

တက္ကသိုလ်နယ်မြေအတွင်း ကာယိနြေ္ဒ နှောင့်ယှက်ခံရမှုများနှင့်ပတ်သက်ပြီး နဝဒေး၊ ပြည်၊ပုဂံ၊ တကောင်း၊ သံပျင်ဆောင်များရှိ ကျောင်းသူများထံမှ စစ်တမ်းကောက်ယူခဲ့သည်။ တစ်ဆောင်လျှင် ကျောင်းသူ နှစ်ရာခန့် ရှိသည့်အနက် ငါးဆယ်ခန့်သည် တက္ကသိုလ်နယ်မြေအတွင်း ရပ်ထားသည့် ကားများပေါ်မှ အမျိုးသားများ၊ တက္ကသိုလ်အတွင်း တည်ဆောက်ရေးလုပ်ငန်းခွင်မှ အလုပ်သမားများက ကာယိနြေ္ဒပျက်ပြားစေရန် နှုတ်ဖြင့်၊ အမူအရာဖြင့်  အနှောင့်အယှက်ပြုကြကြောင်း   ထုတ်ဖော်ပြောကြား သည်ဟု ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ဆိုသည်။

ထို့ပြင် ဇွန်လ ၂၄ ရက်ကကျောင်းမှ အဆောင်သို့ ပြန်လာသော ရန်ကုန်ပညာရေး တက္ကသိုလ် ကျောင်းသားလေးဦးကို လှိုင်တက္ကသိုလ်နယ်မြေ ပြည်လမ်းကျောင်းကွေ့ မှတ်တိုင်အနီးတွင်လူသုံးဦးက ဓားထောက် လုယက်ရန် ကြိုးပမ်းခဲ့သည်ဟု ဆိုသည်။ ဖေဖော်ဝါရီအတွင်းကလည်း လှိုင်တက္ကသိုလ် နယ်မြေတွင် ဆိုင်ကယ်သမားတစ်ဦးက ရန်ကုန်ပညာရေး တက္ကသိုလ်ကျောင်း သားတစ်ဦးထံမှ ဖုန်းလုယက် ထွက်ပြေးခဲ့သည်။

  ရန်ကုန်ပညာရေး တက္က သိုလ်ကျောင်းသား သမဂ္ဂက ၂၀၁၉ ဇန်န၀ါရီကတည်းက လှိုင်တက္ကသိုလ်နယ်မြေနှင့် ကမာရွတ်တက္ကသိုလ်နယ်မြေ လုံခြုံရေးအ တွက် စီစီတီဗီ တပ်ဆင်ပေးရန်၊ လုံခြုံရေးတိုးမြှင့်ပေးရန် တရားမ ၀င်  ယာဉ်မောင်းသင်တန်းများ တက္ကသိုလ်နယ်မြေအတွင်း လုပ်ခွင့်မပြုရန်၊  ကျောင်းကွေ့မှတ် တိုင်တွင် ယာဉ်အရှိန် လျှော့မောင်းနိုင်ရေး တုံးများထားပေးရန် တိုင်းအစိုးရနှင့် ပညာရေးဝန်ကြီးဌာနထံ အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ပြေလည်အောင်ဆောင်ရွက်ပေးခြင်းမရှိဟု ဆိုသည်။

   ‘‘နှစ်လပိုင်းကတည်းက ဒီတက္ကသိုလ်နယ်မြေမှာ စီစီတီဗီတပ်ပေးဖို့ ၀န်ကြီးကိုယ်တိုင် ပြောသွားတယ်။ ဒါပေမဲ့ ခုထိ စီစီတီဗီမတပ်ပေးသေးဘူး။ ယာဉ်မောင်းသင်တန်းတွေ အဲဒီတုန်းက ခြံတွေဘာတွေခတ်ပြီး တားပေးတယ်။ အခု အဲဒီခြံစည်းရိုးတွေပျက်ပြီး ပြန်လုပ်နေပြီ။ ရေပေါ်ဆီပဲ။ လုံခြုံရေးကိစ္စကလည်း ခုထိကျောင်းသူတွေရော၊   ကျောင်းသားတွေရော နှောင့်ယှက်ခံနေရတုန်းပဲ’’ဟု  ရန်ကုန်ပညာရေး တက္ကသိုလ်  ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ ကိုနောင်ထက်အောင်က ဆိုသည်။ တက္ကသိုလ်နယ် မြေလုံခြုံရေး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် တစ်ပတ်အတွင်း တွေ့ဆုံညှိနှိုင်းလိုပြီး ပြေလည်သည်အထိ ဖြေရှင်းမပေးနိုင်ပါ က ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂအနေဖြင့်မိမိတို့အစီအစဉ်ဖြင့် ဖြေရှင်းရန်စီစဉ်ထားသည်ဟု ဆိုသည်။ တက္ကသိုလ်နယ်မြေအတွင်း လူတိုင်းအလွယ်တကူ မေ၀င်နိုင်ရန် စိစစ်ရန်လည်း ရည်ရွယ်ထားကြောင်း ရန်ကုန်ပညာရေး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ဆို သည်။

No comments:

Post a Comment