Friday, July 12, 2019

ထားဝယ်မြို့ ၊ မြောင်းပုလဲ ရပ်ကွက်ရှိ အ.ထ.က(၆) ထားဝယ်တွင်​​ကျောင်းသူများ မူးမေ့လဲကျခဲ့သဖြင့် ထားဝယ်​ပြည်သူ့ ​ဆေးရုံကြီးသို့ တင်ပို့ ထားရ

တနသာင်္ရ࿿ီတိုင်းဒေသကြီး ၊ ထားဝယ်မြို့ ၊ မြောင်းပုလဲ ရပ်ကွက်ရှိ ၊ အ.ထ.က(၆) ၊ ထားဝယ်တွင်​ဇူလိုင်​ ၁၂ ရက်​​(ယနေ့) နံနက်​ ၁၀ နာရီခွဲ အချိန်​ခန့်မှ စတင်ကာ ​ကျောင်းသူများ မူးမေ့ လဲကျခဲ့သဖြင့် ထားဝယ်​ပြည်သူ့ ​ဆေးရုံကြီးထံ တင်ပို့ ထားရကြောင်း သိရသည်။ ဖြစ်စဉ်မှာ နံနက်​ ၁၀ နာရီ​ကျော်ခန့် အချိန်တွင်​ကျောင်း​ကောင်စီ အခမ်းအနား ကျင်းပရန်​​ကျောင်းအတွင်း ကွင်းပြင်၌​လေ့ကျင့်​နေစဉ်​ ​ကျောင်းသူအချို့  စတင်​မူးလဲခဲ့ကြောင်း၊ ထို့နောက်​​ကျောင်းသား/ကျောင်းသူများ အားလုံးကို အခန်းအတွင်းသို့  ဝင်ရောက်စေပြီး​နောက်​ ​ကျောင်းသူများ ဆက်တိုက်​မူးလဲခြင်း ၊​ကြောက်လန့်၍ ငိုယိုခြင်းများ ဖြစ်လာသောကြောင့် ထားဝယ်​မြို့ ပေါ်ရှိ အရေးပေါ် လူနာတင်ယာဉ်များဖြင့်​​ဆေးရုံကြီးထံ တင်ပို့ ခဲ့ရသည်ဟု​ကျောင်း ကြက်ခြေနီ လူငယ်​များထံမှ သိရသည်​။



လက်ရှိ အ​နအထားအရ စတင်​ဖြစ်ပွားခဲ့ချိန်​မှ မွန်းတည့် ၁၂ နာရီ​ကျော်​အထိ ထားဝယ်​ပြည်သူ့ ​ဆေးရုံကြီးထံသို့ တင်ပို့ ထားသည့်​​ကျောင်းသူဦးရေ ၃၀ ခန့် ရှိပြီဖြစ်ပြီး အများစုမှာ အလယ်တန်း အထက်တန်း အရွယ်များ ဖြစ်ကြောင်း သိရသည်။ အ.ထ.က(၆)  ထားဝယ်သို့ ကျန်းမာရေးဌာနမှ ဆရာဝန်များ၊ သူနာပြုများဖြင့်​လာရောက်​ကုသမှု ပေးနေသည့်အပြင်​ တနသာင်္ရ࿿ီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်​နှင့် လုံ/နယ်​ဝန်ကြီးများလည်း လာရောက်​ကြည့်ရှုလျက် ရှိကြောင်လည်း​သိရသည်​။

လက်ရှိတွင်​ယင်းသို့ ဖြစ်ပွားရသည့် အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်ပြီး ​ကျောင်းအတွက်​​သောက်ရေသန့် ဗူးများ၊​​ကျောင်းမုန့်ဈေးတန်းနှင့် ​ကျောင်း ပတ်ဝန်းကျင်​အနေအထားများကို FDA အပါအဝင်​ဌာနပေါင်းစုံဖြင့်  စစ်ဆေး​နေကြောင်းလည်း သိရသည်။

လက်ရှိတွင်​ထားဝယ်မြို့ ၏ ရာသီဥတုမှာ မနက်ပိုင်းမှစတင်၍ အပူချိန်​မြင့်မားနေပြီး ရာသီဥတုပူပြင်းမှုနှင့် အခင်းဖြစ်ပွားခဲ့သည့်​​ကျောင်း၏ အဆောင်​အမှတ်​-၄ အနောက်ဘက်မှ အိမ်သာများ၏ မိလ္လာကန်​မှ ထွက်ရှိလာသော အနံ ဆိုးများကြောင့်​ ဖြစ်ဖွယ်ရှိကြောင်းသုံသပ်​မှုများရှိနေသည်ဟု ကနဦးသတင်းများအရသိရသည်​။ အခင်းဖြစ်ပွားခဲ့သည့်​​ကျောင်းကိုလက်ရှိတွင်​ပိတ်ထားလိုက်ပြီး​ကျောင်းသားများကို မိဘများထံ ပြန်လွှတ်ထားကြောင်း သိရသည်။

No comments:

Post a Comment